ဆန်ချိုရဲ့ နောက်ဆုံးအပြောင်းအရွေ့အခြေအနေ ။

ယုံကြည်ရတဲ့ သတေင်းထောက် ဖာဘရီဇီယို ရိုမန်နိုက ယူနိုက်တက် – ဆန်ချို အပြောင်းအရွေ့ နောက်ဆုံးရအခြေအနေကို တင်ပြထားပါတယ်။ မီလန်အခြေစိုက် အီတလီသတင်းထောက်က ယူနိုက်တက် နှင့် ဆန်ချိုရဲ့ တာဝန်ရှိသူတွေဟာ ဆက်ပြီး ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဘိုရပ်ရှား ဒေါ့မွန်နဲ့တော့ သိသာတဲ့ အပြောင်းအလဲ ဖြစ်ပေါ်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် သူက ယူနိုက်တက်ဟာ ဂျာမာန်ကလပ်နဲ့ ဆက်ပြီး နွေးနွေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရိုမန်က “ မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေနေ့တွေမှာ ဂျေဒန် ဆန်ချိုရဲ့ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ လာမယ့် နာရီ / ရက် အနည်းငယ်အတွင်းမှာ ဘိုရပ်ရှား ဒေါ့မွန်အသင်းနဲ့ ပြောင်းရွေ့ကြေး ယူရို ( ၉၅ ) သန်း ၊ အပိုဆုကြေး နှင့် ငွေပေးချေမှုပုံစံတွေအပေါ် ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်။ ယူရို သန်း ( ၇၀ ) က ယခုအပြောင်းအရွေ့ ပြီးမြောက်ဖို့ မလုံလောက်ပါဘူး။”လို့ ဖော်ပြထားပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က သဘောတူညီမှုစာချုပ်မှာ ဘလွန်းဒီအောဆုနဲ့ သက်ဆိုင်တဲ့ အပိုဒ်ကိုပါ ထည့်သွင်းလိုပေမယ့် ဒေါ့မွန်က ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက် – ဆန်ချိုအပြောင်းအရွေ့က အများ အလိုရှိသလို အလျင်အမြန် ပေါ်ပေါက်မလာပေမယ့် ယခု‌နွေရာသီ အပြောင်းအရွေ့ကာလ မပိတ်သိမ်းခင် အပြီးသတ်နိုင်ဖို့ ရှိနေပါတယ်။

ဆန်ချိုဟာ အင်္ဂလန်က ခရိုအေးရှားကို ( ၁- ၀ ) အနိုင်ရခဲ့တဲ့ ယူရို ( ၂၀၂၀ ) အုပ်စုအဖွင့်ပွဲစဉ်မှာ အရံကစားအနေနဲ့တောင် ပါဝင်လာခြင်းမရှိတာတွေ့ရပါတယ်။

zawgyi

ဆန္ခ်ိဳရဲ့ ေနာက္ဆုံးအေျပာင္းအေ႐ြ႕အေျခအေန ။

ယုံၾကည္ရတဲ့ သေတင္းေထာက္ ဖာဘရီဇီယို ႐ိုမန္ႏိုက ယူႏိုက္တက္ – ဆန္ခ်ိဳ အေျပာင္းအေ႐ြ႕ ေနာက္ဆုံးရအေျခအေနကို တင္ျပထားပါတယ္။

မီလန္အေျခစိုက္ အီတလီသတင္းေထာက္က ယူႏိုက္တက္ ႏွင့္ ဆန္ခ်ိဳရဲ႕ တာဝန္ရွိသူေတြဟာ ဆက္ၿပီး ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။

ဘိုရပ္ရွား ေဒါ့မြန္နဲ႔ေတာ့ သိသာတဲ့ အေျပာင္းအလဲ ျဖစ္ေပၚျခင္းမရွိေသးပါဘူး။ ဒါေပမယ့္ သူက ယူႏိုက္တက္ဟာ ဂ်ာမာန္ကလပ္နဲ႔ ဆက္ၿပီး ေႏြးေႏြးဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

႐ိုမန္က “ မန္ခ်က္စတာ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ စေန ၊ တနဂၤေႏြေန႔ေတြမွာ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ တာဝန္ရွိသူေတြနဲ႔ ခ်ိတ္ဆက္မႈေတြ ရွိခဲ့ပါတယ္။

လာမယ့္ နာရီ / ရက္ အနည္းငယ္အတြင္းမွာ ဘိုရပ္ရွား ေဒါ့မြန္အသင္းနဲ႔ ေျပာင္းေ႐ြ႕ေၾကး ယူ႐ို ( ၉၅ ) သန္း ၊ အပိုဆုေၾကး ႏွင့္ ေငြေပးေခ်မႈပုံစံေတြအေပၚ ဆက္ၿပီးေဆြးေႏြးသြားဖို႔ရွိပါတယ္။

ယူ႐ို သန္း ( ၇၀ ) က ယခုအေျပာင္းအေ႐ြ႕ ၿပီးေျမာက္ဖို႔ မလုံေလာက္ပါဘူး။”လို႔ ေဖာ္ျပထားပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္က သေဘာတူညီမႈစာခ်ဳပ္မွာ ဘလြန္းဒီေအာဆုနဲ႔ သက္ဆိုင္တဲ့ အပိုဒ္ကိုပါ ထည့္သြင္းလိုေပမယ့္ ေဒါ့မြန္က ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ – ဆန္ခ်ိဳအေျပာင္းအေ႐ြ႕က အမ်ား အလိုရွိသလို အလ်င္အျမန္ ေပၚေပါက္မလာေပမယ့္ ယခု‌ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလ မပိတ္သိမ္းခင္ အၿပီးသတ္ႏိုင္ဖို႔ ရွိေနပါတယ္။

ဆန္ခ်ိဳဟာ အဂၤလန္က ခ႐ိုေအးရွားကို ( ၁- ၀ ) အႏိုင္ရခဲ့တဲ့ ယူ႐ို ( ၂၀၂၀ ) အုပ္စုအဖြင့္ပြဲစဥ္မွာ အရံကစားအေနနဲ႔ေတာင္ ပါဝင္လာျခင္းမရွိတာေတြ႕ရပါတယ္။