မိနစ်ပိုင်းလောက်သာကစားခဲ့ရတဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ယူရိုပြိုင်ပွဲကို လွဲချော်တော့မှာလား

ဘယ်လ်ဂျီယံအသင်းရဲ့ညာနောက်ခံလူ ကက်စ်တက်ညာဟာ ရုရှားနဲ့ကစားခဲ့တဲ့ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ အသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့ပေမယ့်

မိနစ်ပိုင်းလောက်အကြာမှာပဲ ဒဏ်ရာရရှိခဲ့တာကြောင့် ယူရိုပြိုင်ပွဲလက်ကျန်ပွဲတွေအားလုံးကို လွဲချော်တော့မှာဖြစ်ပါတယ်။

ရုရှားအသင်းကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ကက်စ်တက်ညာဟာ ခေါင်းခုန်တိုက်ဖို့ကြိုးစားတာကနေ

ပြိုင်ဘက်ကစားသမား ကူဇက်နဲ့ ထိခိုက်မိခဲ့ပြီး မျက်လုံးနားမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာပါ။

အဲဒီအဖြစ်အပျက်ကြောင့် ကက်စ်တက်ညာနဲ့ ကူဇက်တို့နှစ်ယောက်စလုံး လူစားလဲခံခဲ့ရပြီး ကက်စ်တက်ညာဟာ

ဆေးအဖွဲ့အကူအညီနဲ့ကွင်းထဲကထွက်ခဲ့ရသလို သူ့မျက်လုံးနားမှာ ယောင်ယမ်းလာတာကို အထင်းသားတွေ့မြင်ခဲ့ရပါတယ်။

ကက်စ်တက်ညာရဲ့ မျက်ကွင်းဘေးကအရိုးတွေထိခိုက်မိသွားပုံရပြီး အဲဒီဒဏ်ရာကြောင့် အသင်းရဲ့ယူရိုလက်ကျန်ပွဲတွေကို လွဲချော်တော့မှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းနည်းပြမာတီနက်ဇ်က “တကယ့်ကို ဆိုးရွားတဲ့သတင်းပါပဲ။

ကက်စ်တက်ညာဟာ ယူရိုပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်။

စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ သူ့မျက်လုံးနားက အရိုးနှစ်ခုကျိုးသွားပြီး အခုအချိန်မှာတော့ လိုအပ်တဲ့ဆေးကုသမှုတွေပြုလုပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်နဲ့ဖင်လန်တို့ကစားခဲ့တဲ့ပွဲမှာ ဒိန်းမတ်ကစားသမား အဲရစ်ဆင်ဟာ ရုတ်တရက်နှလုံးခုန်ရပ်သွားတာကြောင့်
အရေးပေါ်ဆေးကုသမှုခံယူခဲ့ရပြီး

အခု ကက်စ်တက်ညာဟာ လက်ရှိယူရိုပြိုင်ပွဲမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တဲ့ ဒုတိယမြောက် ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ရုရှားနဲ့ပွဲမှာ အဓိကကွင်းလယ်လူ

ဒီဘရိုင်းနား မပါဝင်ခဲ့သလို ကက်စ်တက်ညာဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း

လူကာကူ(၂ဂိုး)၊ မူနီယာတို့ရဲ့သွင်းဂိုးတွေနဲ့
(၃)ဂိုးပြတ်အနိုင်ရခဲ့ပြီး အုပ်စုအဖွင့်လှခဲ့ပါတယ်။

Zawgyi

မိနစ္ပိုင္းေလာက္သာကစားခဲ့ရတဲ့ ဘယ္လ္ဂ်ီယံေနာက္ခံလူ ယူရိုၿပိဳင္ပြဲကို လြဲေခ်ာ္ေတာ့မွာလား

ဘယ္လ္ဂ်ီယံအသင္းရဲ႕ညာေနာက္ခံလူ ကက္စ္တက္ညာဟာ ႐ုရွားနဲ႔ကစားခဲ့တဲ့ယူ႐ိုပါလိဂ္အုပ္စုအဖြင့္ပြဲမွာ အသင္းအတြက္ ပါဝင္ကစားခြင့္ရခဲ့ေပမယ့္

မိနစ္ပိုင္းေလာက္အၾကာမွာပဲ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ယူ႐ိုၿပိဳင္ပြဲလက္က်န္ပြဲေတြအားလုံးကို လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

႐ုရွားအသင္းကို (၃)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ကက္စ္တက္ညာဟာ ေခါင္းခုန္တိုက္ဖို႔ႀကိဳးစားတာကေန
ၿပိဳင္ဘက္ကစားသမား ကူဇက္နဲ႔ ထိခိုက္မိခဲ့ၿပီး မ်က္လုံးနားမွာ ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့တာပါ။

အဲဒီအျဖစ္အပ်က္ေၾကာင့္ ကက္စ္တက္ညာနဲ႔ ကူဇက္တို႔ႏွစ္ေယာက္စလုံး လူစားလဲခံခဲ့ရၿပီး ကက္စ္တက္ညာဟာ

ေဆးအဖြဲ႕အကူအညီနဲ႔ကြင္းထဲကထြက္ခဲ့ရသလို သူ႔မ်က္လုံးနားမွာ ေယာင္ယမ္းလာတာကို အထင္းသားေတြ႕ျမင္ခဲ့ရပါတယ္။

ကက္စ္တက္ညာရဲ႕ မ်က္ကြင္းေဘးကအ႐ိုးေတြထိခိုက္မိသြားပုံရၿပီး အဲဒီဒဏ္ရာေၾကာင့္ အသင္းရဲ႕ယူ႐ိုလက္က်န္ပြဲေတြကို လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံအသင္းနည္းျပမာတီနက္ဇ္က “တကယ့္ကို ဆိုး႐ြားတဲ့သတင္းပါပဲ။

ကက္စ္တက္ညာဟာ ယူ႐ိုပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာျဖစ္လို႔ စိတ္မေကာင္းျဖစ္ရပါတယ္။

စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးေနာက္မွာ သူ႔မ်က္လုံးနားက အ႐ိုးႏွစ္ခုက်ိဳးသြားၿပီး အခုအခ်ိန္မွာေတာ့ လိုအပ္တဲ့ေဆးကုသမႈေတြျပဳလုပ္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒိန္းမတ္နဲ႔ဖင္လန္တို႔ကစားခဲ့တဲ့ပြဲမွာ ဒိန္းမတ္ကစားသမား အဲရစ္ဆင္ဟာ ႐ုတ္တရက္ႏွလုံးခုန္ရပ္သြားတာေၾကာင့္
အေရးေပၚေဆးကုသမႈခံယူခဲ့ရၿပီး

အခု ကက္စ္တက္ညာဟာ လက္ရွိယူ႐ိုၿပိဳင္ပြဲမွာ ျပင္းျပင္းထန္ထန္ဒဏ္ရာရခဲ့တဲ့ ဒုတိယေျမာက္ ကစားသမားလည္းျဖစ္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံအသင္းဟာ ႐ုရွားနဲ႔ပြဲမွာ အဓိကကြင္းလယ္လူဒီဘ႐ိုင္းနား မပါဝင္ခဲ့သလို ကက္စ္တက္ညာဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း လူကာကူ(၂ဂိုး)၊ မူနီယာတို႔ရဲ႕သြင္းဂိုးေတြနဲ႔
(၃)ဂိုးျပတ္အႏိုင္ရခဲ့ၿပီး အုပ္စုအဖြင့္လွခဲ့ပါတယ္။