စိုးရိမ်စရာမရှိတော့ပေမယ့် အဲရစ်ဆင်အတွက် အသက်လိုတန်ဖိုးထားရတဲ့ဘောလုံးသမားဘဝကို စွန့်လွှတ်ရဖို့ရှိနေ

ဖင်လန်နဲ့ကစားခဲ့တဲ့ယူရို-၂၀၂၀အုပ်စုပွဲမှာ ကွင်းထဲရုတ်တရက်လဲကျသွားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရသူ ဒိန်းမတ်နာမည်ကျော်ကွင်းလယ်လူ အဲရစ်ဆင်ဟာ အခုအချိန်မှာတော့ စိုးရိမ်စရာမရှိတော့ပေမယ့် သူ့အတွက် အသက်လိုတန်ဖိုးထားရတဲ့ဘောလုံးသမားဘဝကို စွန့်လွှတ်ရဖို့ရှိနေပါပြီ။ အဲရစ်ဆင်ဟာ ဖင်လန်နဲ့ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်းမိနစ်(၄၀)အကျော်လောက်မှာ ကွင်းထဲရုတ်တရက်လဲကျသွားခဲ့တာကြောင့် ဆေးအဖွဲ့က ချက်ချင်းဆိုသလို အပြေးအလွှားနဲ့ရောက်လာပြီး သတိပြန်လည်လာအောင် အချိန်အတော်ကြာတဲ့အထိ ဆေးကုသပေးခဲ့ရတာပါ။

အဲရစ်ဆင်အနေနဲ့ ရုတ်တရက်နှလုံးခုန်ရပ်သွားတဲ့ (Cardiac Arrest)အနေအထားရှိပြီး သတင်းတချို့ကတော့ အဲရစ်ဆင်ဟာ (၅)မိနစ်လောက်ကြာတဲ့အထိ အသက်ရှုရပ်သွားတယ်လို့ဖော်ပြခဲ့ပါတယ်။ ဆေးရုံရောက်သွားချိန်မှာ အဲရစ်ဆင်ဟာ သတိပြန်လည်လာပြီဖြစ်သလို စိုးရိမ်ရတဲ့အခြေအနေမရှိတော့ပေမယ့် သူ့ရဲ့ကျန်းမာရေးအခြေအနေအရ ဘောလုံးဆက်ကစားနိုင်ပ့ါမလားဆိုပြီး ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

နှလုံးရောဂါနဲ့ပတ်သက်တဲ့ အထူးကုဆရာဝန်ကြီး ဒေါက်တာစကော့မာရေးက အဲရစ်ဆင်ဟာ ဘောလုံးပြန်ကစားဖို့ မဖြစ်နိုင်တော့တဲ့အနေအထားမျိုးရှိနေပြီး၊ တကယ်လို့ Cardiac Arrest သာဖြစ်ခဲ့ရင် အီတလီနိုင်ငံကပြဋ္ဌာန်းထားတဲ့ဥပဒေအရ အဲရစ်ဆင်အနေနဲ့ အင်တာမီလန်အသင်းမှာ ဆက်ကစားဖို့ မဖြစ်နိုင်လောက်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ အီတလီနိုင်ငံမှာ နှလုံးနဲ့ပတ်သက်ပြီး ထိခိုက်ဝေဒနာရှိတဲ့သူတွေကို အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုတဲ့အတွက် အဲရစ်ဆင်ဟာ အင်တာမီလန်ကစားသမားဘဝပါ အဆုံးသတ်ရဖို့ရှိနေတာပါ။

ဒေါက်တာစကော့မာရေးက “ဒီအခြေအနေက အဲရစ်ဆင်ရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်သွားစေနိုင်ပါတယ်။ အီတလီနိုင်ငံမှာ နှလုံးနဲ့ပတ်သတ်လို့ ကြီးကြီးမားမားထိခိုက်ခံစားခဲ့ရတဲ့သူတွေကို အားကစားပြိုင်ပွဲတေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ဖို့ ဥပဒေပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေသတ်မှတ်ထားတာက နှစ်တော်တော်ကြာနေပြီဖြစ်ပြီး နှစ်(၂၀)ကျော်လောက်အထိရှိနေပါပြီ။ အဲဒီဥပဒေကြောင့်ပဲ အားကစားပြိုင်ပွဲတွေမှာ ရုတ်တရက်နှလုံးခုန်ရပ်ပြီးသေဆုံးခဲ့တဲ့သူအရေအတွက်က (၃%)ကနေ (၁%)အထိလျော့ကျသွားတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာ အဲရစ်ဆင်ဟာ ကောင်းကောင်းသတိရနေပြီဖြစ်သလို စကားလည်းပြန်ပြောနိုင်နေပြီဖြစ်ပေမယ့် လိုအပ်တဲ့စစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားရဦးမှာပါ။ ကံကောင်းထောက်မပြီး သေကံမရောက်ခဲ့တဲ့ အဲရစ်ဆင်တစ်ယောက် ဒေါက်တာစကော့မာရေးပြောသလို ဘောလုံးသမားဘဝကို စွန့်လွှတ်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ ဒိန်းမတ်ဘောလုံးလောကအတွက်သာမက အဲရစ်ဆင်အတွက်ပါ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာဖို့ရှိနေပါပြီ။

zawgyi

စိုးရိမ္စရာမရွိေတာ့ေပမယ့္ အဲရစ္ဆင္အတြက္ အသက္လိုတန္ဖိုးထားရတဲ့ေဘာလုံးသမားဘဝကို စြန႔္လႊတ္ရဖို႔ရွိေန

ဖင္လန္နဲ႔ကစားခဲ့တဲ့ယူ႐ို-၂၀၂၀အုပ္စုပြဲမွာ ကြင္းထဲ႐ုတ္တရက္လဲက်သြားၿပီး အသက္အႏၲရာယ္စိုးရိမ္ရတဲ့အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရသူ ဒိန္းမတ္နာမည္ေက်ာ္ကြင္းလယ္လူ အဲရစ္ဆင္ဟာ အခုအခ်ိန္မွာေတာ့ စိုးရိမ္စရာမရွိေတာ့ေပမယ့္ သူ႔အတြက္ အသက္လိုတန္ဖိုးထားရတဲ့ေဘာလုံးသမားဘဝကို စြန႔္လႊတ္ရဖို႔ရွိေနပါၿပီ။ အဲရစ္ဆင္ဟာ ဖင္လန္နဲ႔ကစားခဲ့တဲ့ပြဲမွာ ပထမပိုင္းမိနစ္(၄၀)အေက်ာ္ေလာက္မွာ ကြင္းထဲ႐ုတ္တရက္လဲက်သြားခဲ့တာေၾကာင့္ ေဆးအဖြဲ႕က ခ်က္ခ်င္းဆိုသလို အေျပးအလႊားနဲ႔ေရာက္လာၿပီး သတိျပန္လည္လာေအာင္ အခ်ိန္အေတာ္ၾကာတဲ့အထိ ေဆးကုသေပးခဲ့ရတာပါ။

အဲရစ္ဆင္အေနနဲ႔ ႐ုတ္တရက္ႏွလုံးခုန္ရပ္သြားတဲ့ (Cardiac Arrest)အေနအထားရွိၿပီး သတင္းတခ်ိဳ႕ကေတာ့ အဲရစ္ဆင္ဟာ (၅)မိနစ္ေလာက္ၾကာတဲ့အထိ အသက္ရႈရပ္သြားတယ္လို႔ေဖာ္ျပခဲ့ပါတယ္။ ေဆး႐ုံေရာက္သြားခ်ိန္မွာ အဲရစ္ဆင္ဟာ သတိျပန္လည္လာၿပီျဖစ္သလို စိုးရိမ္ရတဲ့အေျခအေနမရွိေတာ့ေပမယ့္ သူ႔ရဲ႕က်န္းမာေရးအေျခအေနအရ ေဘာလုံးဆက္ကစားႏိုင္ပ့ါမလားဆိုၿပီး ပရိသတ္ေတြက စိုးရိမ္ေနၾကပါတယ္။

ႏွလုံးေရာဂါနဲ႔ပတ္သက္တဲ့ အထူးကုဆရာဝန္ႀကီး ေဒါက္တာစေကာ့မာေရးက အဲရစ္ဆင္ဟာ ေဘာလုံးျပန္ကစားဖို႔ မျဖစ္ႏိုင္ေတာ့တဲ့အေနအထားမ်ိဳးရွိေနၿပီး၊ တကယ္လို႔ Cardiac Arrest သာျဖစ္ခဲ့ရင္ အီတလီႏိုင္ငံကျပ႒ာန္းထားတဲ့ဥပေဒအရ အဲရစ္ဆင္အေနနဲ႔ အင္တာမီလန္အသင္းမွာ ဆက္ကစားဖို႔ မျဖစ္ႏိုင္ေလာက္ဘူးလို႔ သုံးသပ္ခဲ့ပါတယ္။ အီတလီႏိုင္ငံမွာ ႏွလုံးနဲ႔ပတ္သက္ၿပီး ထိခိုက္ေဝဒနာရွိတဲ့သူေတြကို အားကစားၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္မျပဳတဲ့အတြက္ အဲရစ္ဆင္ဟာ အင္တာမီလန္ကစားသမားဘဝပါ အဆုံးသတ္ရဖို႔ရွိေနတာပါ။

ေဒါက္တာစေကာ့မာေရးက “ဒီအေျခအေနက အဲရစ္ဆင္ရဲ႕ ေဘာလုံးသမားဘဝကို အဆုံးသတ္သြားေစႏိုင္ပါတယ္။ အီတလီႏိုင္ငံမွာ ႏွလုံးနဲ႔ပတ္သတ္လို႔ ႀကီးႀကီးမားမားထိခိုက္ခံစားခဲ့ရတဲ့သူေတြကို အားကစားၿပိဳင္ပြဲေတမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ဖို႔ ဥပေဒျပ႒ာန္းထားပါတယ္။ ဒီဥပေဒသတ္မွတ္ထားတာက ႏွစ္ေတာ္ေတာ္ၾကာေနၿပီျဖစ္ၿပီး ႏွစ္(၂၀)ေက်ာ္ေလာက္အထိရွိေနပါၿပီ။ အဲဒီဥပေဒေၾကာင့္ပဲ အားကစားၿပိဳင္ပြဲေတြမွာ ႐ုတ္တရက္ႏွလုံးခုန္ရပ္ၿပီးေသဆုံးခဲ့တဲ့သူအေရအတြက္က (၃%)ကေန (၁%)အထိေလ်ာ့က်သြားတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အခုအခ်ိန္မွာ အဲရစ္ဆင္ဟာ ေကာင္းေကာင္းသတိရေနၿပီျဖစ္သလို စကားလည္းျပန္ေျပာႏိုင္ေနၿပီျဖစ္ေပမယ့္ လိုအပ္တဲ့စစ္ေဆးမႈေတြကို ဆက္လက္ေဆာင္႐ြက္သြားရဦးမွာပါ။ ကံေကာင္းေထာက္မၿပီး ေသကံမေရာက္ခဲ့တဲ့ အဲရစ္ဆင္တစ္ေယာက္ ေဒါက္တာစေကာ့မာေရးေျပာသလို ေဘာလုံးသမားဘဝကို စြန႔္လႊတ္ရမယ့္အေျခအေနနဲ႔ ရင္ဆိုင္ရမယ္ဆိုရင္ေတာ့ ဒိန္းမတ္ေဘာလုံးေလာကအတြက္သာမက အဲရစ္ဆင္အတြက္ပါ ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္လာဖို႔ရွိေနပါၿပီ။