အုပ်စုအဖွင့်လှခဲ့တဲ့ အီတလီ

နည်းပြမန်စီနီရဲ့လက်ထက်မှာ အီတလီအသင်းရဲ့ ကစားပုံက တော်တော်လေးပြောင်းလဲသွားခဲ့တယ်။ နည်းပြအဆက်ဆက်မှာ အီတလီအသင်းဟာ လေးလေးနဲ့မှန်မှန်ကစားခဲ့တာကနေ မန်စီနီလက်ထက်မှာ လျင်မြန်မှုအသားပေးပြီး Energetic Play ကို ထူးထူးခြားခြားမြင်ခဲ့ရတယ်။ အခုပွဲက ယူရိုအုပ်စုအဖွင့်ပွဲဖြစ်သလို ကိုယ့်အိမ်ကွင်းပရိသတ်ရှေ့မှာ ကစားရတာကြောင့် အီတလီအသင်း ပွဲစကတည်းက ဝုန်းဒိုင်းကြဲကစားခဲ့တယ်။

မန်စီနီဟာ ၄-၃-၃ ကစားကွက်တည်ခဲ့ပေမယ့် Full backs တွေဖြစ်တဲ့ စပင်နက်ဇိုလာ၊ ဖလော်ရန်ဇီတို့က ပြိုင်ဘက်ပယ်နယ်တီဧရိယာနားအထိတက် Overlap လုပ်ပြီး ကွင်းလယ်မှာ ဂျော်ဂျင်ဟိုက ခံစစ်နှစ်ဦးဖြစ်တဲ့ ဘိုနူချီနဲ့ချီလီနီကို Cover လုပ်ပေးတဲ့အတွက် ၃-၄-၃ ပုံစံမျိုးဖြစ်သွားတယ်။ အီတလီအသင်းရဲ့ ဝုန်းဒိုင်းကြဲကစားဟန်ကြောင့် တူရကီအသင်းလည်း ခံစစ်မှာပဲအချိန်ကုန်နေရပေမယ့် သူတို့ရဲ့ခံစစ်ကစားပုံက အမှားမရှိခဲ့ဘူး။ တစ်ချိန်က ဟာကန်ဆူကာ၊ ဟာဆန်ဆား၊ ရက်စတူ၊ ဟာမစ်အယ်လ်တင်တော့ပ် စတဲ့ကစားသမားတွေနဲ့ ထိပ်သီးအသင်းတွေကို ဒုက္ခပေးခဲတဲ့ တူရကီအသင်း အခုအချိန်မှာတော့ အရင်လို မာဂုဏ်မရှိတော့တာ စိတ်ပျက်စရာပါပဲ။

ပထမပိုင်းအပြီးမှာ အီတလီအသင်း ဂိုးပေါက်ကန်သွင်းချက်က ၁၀ကြိမ်ကျော်ရှိခဲ့ပြီး တူရကီအသင်းကတော့ ဂိုးပေါက်ကန်မှု မရှိ၊ ဂိုးပေါက်တည့်မှုမရှိတဲ့အထိ ဆိုးရွားခဲ့တယ်။ အင်ဆစ်ဂ်နီ၊ အီမိုဘီလီ၊ ဘရာဒီတို့ရဲ့ တိုက်စစ်အတွဲအဖက်က တူရကီခံစစ်ကို တစ်ချိန်လုံးခြိမ်းခြောက်ခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့်တော့ မရခဲ့ဘူး။ ဒုတိယပိုင်းမှာ ညာနောက်ခံလူ ဖလော်ရန်ဇီရဲ့နေရာမှာ ဒီလော်ရန်ဇို ဝင်လာပြီးနောက်ပိုင်း အီတလီအသင်းရဲ့ တိုက်စစ်က ပိုကောင်းလာခဲ့တယ်။ အဲဒါကြောင့်ပဲ ၅၃ မိနစ်မှာ အီတလီတိုက်စစ်ကို ဖျက်ထုတ်ဖို့ကြိုးစားရင်း ဒါမီယဲလ် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် အီတလီ အဖွင့်ဂိုးရခဲ့ပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲအဖွင့်ဂိုးက OG ဖြစ်ခဲ့တာ ဒါ ပထမဆုံးပါပဲ။ ဂိုးရခဲ့ပေမယ့် အီတလီအသင်း လုံးဝကစားပုံမချဘဲ တောက်လျှောက်တိုက်စစ်ဆင်ခဲ့ပြီး ၆၆ မိနစ်မှာ အီမိုဘီလီ၊ ၇၉ မိနစ်မှာ အီမိုဘီလီရဲ့ ဖန်တီးမှုကနေ အင်ဆစ်ဂ်နီက ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပါတယ်။ အီတလီအသင်းရဲ ကစားဟန်က မြိုင်ဆိုင်မှုရှိခဲ့ပေမယ့် အားနည်းချက်တွေကို အထင်းသားမြင်ခဲ့ရပြီး ကွင်းလယ်မှာ တစ်ချိန်က ပီယာလိုမျိုး တိကျသေချာတဲ့ ဖန်တီးမှုပြုလုပ်နိုင်မယ့် Playmaker မရှိတာကြောင့် တိုက်စစ်ကစားနေပေမယ့် အပိုင်ဂိုးသွင်းခွင့်မရခဲ့ဘဲ တူရကီသာ OG မဖြစ်ခဲ့ရင် အီတလီ အကျပ်တွေ့မယ့်အနေအထာပါပဲ။ နောက်ပြီး ကွင်းလယ်နဲ့ ခံစစ်ကြားမှာ Space က အရမ်း Wide ဖြစ်လွန်းပြီး တူရကီလိုအသင်းမျိုးနဲ့ပွဲမှာ မသိသာပေမယ့် ကိုယ်နဲ့အဆင့်တူတဲ့အသင်းတွေနဲ့ဆို ဒုက္ခရောက်နိုင်ပါတယ်။

အီတလီအသင်းဟာ ယူရိုပွဲစဉ် ၃၉ ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်း ၃ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၉ ပွဲဆက် ဂိုးမပေးခဲ့ရလို့ ၁၉၈၉ နိုဝင်ဘာကနေ ၁၉၉၀ ဇွန်လအထိ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် ဂိုးမပေးခဲ့ရတဲ့မှတ်တမ်းနောက်ပိုင်း အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အီတလီအသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက ပေါ်တူဂီအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ၂၈ ပွဲဆက်ရှုံးပွဲမရှိတော့ဘဲ ဂန္ထဝင်နည်းပြကြီးပေါ့ဇိုလက်ထက်က တင်ရှိခဲ့တဲ့ ပွဲ ၃၀ ဆက်ရှုံးပွဲမရှိစံချိန်ကို အမီလိုက်နိုင်ဖို့နီးစပ်နေပါပြီ။

zawgyi

အုပ္စုအဖြင့္လွခဲ့တဲ့ အီတလီ

နည္းျပမန္စီနီရဲ႕လက္ထက္မွာ အီတလီအသင္းရဲ႕ ကစားပုံက ေတာ္ေတာ္ေလးေျပာင္းလဲသြားခဲ့တယ္။ နည္းျပအဆက္ဆက္မွာ အီတလီအသင္းဟာ ေလးေလးနဲ႔မွန္မွန္ကစားခဲ့တာကေန မန္စီနီလက္ထက္မွာ လ်င္ျမန္မႈအသားေပးၿပီး Energetic Play ကို ထူးထူးျခားျခားျမင္ခဲ့ရတယ္။ အခုပြဲက ယူ႐ိုအုပ္စုအဖြင့္ပြဲျဖစ္သလို ကိုယ့္အိမ္ကြင္းပရိသတ္ေရွ႕မွာ ကစားရတာေၾကာင့္ အီတလီအသင္း ပြဲစကတည္းက ဝုန္းဒိုင္းႀကဲကစားခဲ့တယ္။

မန္စီနီဟာ ၄-၃-၃ ကစားကြက္တည္ခဲ့ေပမယ့္ Full backs ေတြျဖစ္တဲ့ စပင္နက္ဇိုလာ၊ ဖေလာ္ရန္ဇီတို႔က ၿပိဳင္ဘက္ပယ္နယ္တီဧရိယာနားအထိတက္ Overlap လုပ္ၿပီး ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ဟိုက ခံစစ္ႏွစ္ဦးျဖစ္တဲ့ ဘိုႏူခ်ီနဲ႔ခ်ီလီနီကို Cover လုပ္ေပးတဲ့အတြက္ ၃-၄-၃ ပုံစံမ်ိဳးျဖစ္သြားတယ္။ အီတလီအသင္းရဲ႕ ဝုန္းဒိုင္းႀကဲကစားဟန္ေၾကာင့္ တူရကီအသင္းလည္း ခံစစ္မွာပဲအခ်ိန္ကုန္ေနရေပမယ့္ သူတို႔ရဲ႕ခံစစ္ကစားပုံက အမွားမရွိခဲ့ဘူး။ တစ္ခ်ိန္က ဟာကန္ဆူကာ၊ ဟာဆန္ဆား၊ ရက္စတူ၊ ဟာမစ္အယ္လ္တင္ေတာ့ပ္ စတဲ့ကစားသမားေတြနဲ႔ ထိပ္သီးအသင္းေတြကို ဒုကၡေပးခဲတဲ့ တူရကီအသင္း အခုအခ်ိန္မွာေတာ့ အရင္လို မာဂုဏ္မရွိေတာ့တာ စိတ္ပ်က္စရာပါပဲ။

ပထမပိုင္းအၿပီးမွာ အီတလီအသင္း ဂိုးေပါက္ကန္သြင္းခ်က္က ၁၀ႀကိမ္ေက်ာ္ရွိခဲ့ၿပီး တူရကီအသင္းကေတာ့ ဂိုးေပါက္ကန္မႈ မရွိ၊ ဂိုးေပါက္တည့္မႈမရွိတဲ့အထိ ဆိုး႐ြားခဲ့တယ္။ အင္ဆစ္ဂ္နီ၊ အီမိုဘီလီ၊ ဘရာဒီတို႔ရဲ႕ တိုက္စစ္အတြဲအဖက္က တူရကီခံစစ္ကို တစ္ခ်ိန္လုံးၿခိမ္းေျခာက္ခဲ့ေပမယ့္ အပိုင္ဂိုးသြင္းခြင့္ေတာ့ မရခဲ့ဘူး။ ဒုတိယပိုင္းမွာ ညာေနာက္ခံလူ ဖေလာ္ရန္ဇီရဲ႕ေနရာမွာ ဒီေလာ္ရန္ဇို ဝင္လာၿပီးေနာက္ပိုင္း အီတလီအသင္းရဲ႕ တိုက္စစ္က ပိုေကာင္းလာခဲ့တယ္။ အဲဒါေၾကာင့္ပဲ ၅၃ မိနစ္မွာ အီတလီတိုက္စစ္ကို ဖ်က္ထုတ္ဖို႔ႀကိဳးစားရင္း ဒါမီယဲလ္ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တာေၾကာင့္ အီတလီ အဖြင့္ဂိုးရခဲ့ပါတယ္။

ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲအဖြင့္ဂိုးက OG ျဖစ္ခဲ့တာ ဒါ ပထမဆုံးပါပဲ။ ဂိုးရခဲ့ေပမယ့္ အီတလီအသင္း လုံးဝကစားပုံမခ်ဘဲ ေတာက္ေလွ်ာက္တိုက္စစ္ဆင္ခဲ့ၿပီး ၆၆ မိနစ္မွာ အီမိုဘီလီ၊ ၇၉ မိနစ္မွာ အီမိုဘီလီရဲ႕ ဖန္တီးမႈကေန အင္ဆစ္ဂ္နီက ဂိုးေတြဆက္တိုက္သြင္းယူခဲ့ပါတယ္။ အီတလီအသင္းရဲ ကစားဟန္က ၿမိဳင္ဆိုင္မႈရွိခဲ့ေပမယ့္ အားနည္းခ်က္ေတြကို အထင္းသားျမင္ခဲ့ရၿပီး ကြင္းလယ္မွာ တစ္ခ်ိန္က ပီယာလိုမ်ိဳး တိက်ေသခ်ာတဲ့ ဖန္တီးမႈျပဳလုပ္ႏိုင္မယ့္ Playmaker မရွိတာေၾကာင့္ တိုက္စစ္ကစားေနေပမယ့္ အပိုင္ဂိုးသြင္းခြင့္မရခဲ့ဘဲ တူရကီသာ OG မျဖစ္ခဲ့ရင္ အီတလီ အက်ပ္ေတြ႕မယ့္အေနအထာပါပဲ။ ေနာက္ၿပီး ကြင္းလယ္နဲ႔ ခံစစ္ၾကားမွာ Space က အရမ္း Wide ျဖစ္လြန္းၿပီး တူရကီလိုအသင္းမ်ိဳးနဲ႔ပြဲမွာ မသိသာေပမယ့္ ကိုယ္နဲ႔အဆင့္တူတဲ့အသင္းေတြနဲ႔ဆို ဒုကၡေရာက္ႏိုင္ပါတယ္။

အီတလီအသင္းဟာ ယူ႐ိုပြဲစဥ္ ၃၉ ပြဲမွာ ပထမဆုံးအႀကိမ္အျဖစ္ တစ္ပြဲတည္း ၃ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံး ၉ ပြဲဆက္ ဂိုးမေပးခဲ့ရလို႔ ၁၉၈၉ ႏိုဝင္ဘာကေန ၁၉၉၀ ဇြန္လအထိ ၿပိဳင္ပြဲစုံ ၁၀ ပြဲဆက္ ဂိုးမေပးခဲ့ရတဲ့မွတ္တမ္းေနာက္ပိုင္း အေကာင္းဆုံးစြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ အီတလီအသင္းဟာ ၂၀၁၈ ခုႏွစ္တုန္းက ေပၚတူဂီအသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း လက္ရွိအခ်ိန္အထိ ၂၈ ပြဲဆက္ရႈံးပြဲမရွိေတာ့ဘဲ ဂႏၴဝင္နည္းျပႀကီးေပါ့ဇိုလက္ထက္က တင္ရွိခဲ့တဲ့ ပြဲ ၃၀ ဆက္ရႈံးပြဲမရွိစံခ်ိန္ကို အမီလိုက္ႏိုင္ဖို႔နီးစပ္ေနပါၿပီ။