အီတလီ-တူရကီပွဲမစခင် ထူးထူးခြားခြားဖြစ်ရပ်ကြောင့် ပရိသတ်တွေပွဲကျခဲ့

ယူရို-၂၀၂၀ ပြိုင်ပွဲအဖွင့်ပွဲအဖြစ် အုပ်စု(A)က အီတလီနဲ့တူရကီအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဲဒီပွဲမစခင် ထူးထူးခြားခြားအဖြစ်အပျက်တစ်ခုကြောင့် လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေအတွက်ပွဲကျစရာဖြစ်ခဲ့ရပါတယ်။ အီတလီနဲ့တူရကီတို့ရဲ့ပွဲကို ရိုးမားအသင်းရဲ့Stadio Olimpico ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲမစခင်ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သလို အီတလီနာမည်ကျော်အဆိုတော် အန်ဒရာဘိုဆယ်လီက ဖွင့်ပွဲသီချင်းသီဆိုခဲ့ပါတယ်။

အဲဒီအချိန်အထိ ဘာမှမထူးခြားပေမယ့် ပွဲစတင်ဖို့ နှစ်ဖက်ကစားသမားတွေ အသီးသီးနေရာယူပြီးချိန်မှာ Remote နဲ့ထိန်းချုပ်လို့ရတဲ့ Volkswagen ကားအသေးလေးတစ်စီးဟာ ဘောလုံးတစ်လုံးနဲ့အတူ ကွင်းလယ်ဒိုင်မက်ကယ်လီအနားကို ရောက်ရှိလာခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ကွင်းလယ်ဒိုင်က ပွဲကစားမယ့်ဘောလုံးကို တစ်ပါတည်းယူလာလေ့ရှိပေမယ့် အခုပွဲမှာတော့ထူးထူးခြားခြားပဲ ဘောလုံးကို Remote Control ကားလေးပေါ်မှာ သယ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီအဖြစ်အပျက်က အွန်လိုင်းပေါ်မှာ ပရိသတ်တွေအတွက် ပွဲကျစရာဖြစ်ခဲ့ရပါတယ်။

ပရိသတ်တစ်ဦးက “ယူရို-၂၀၂၀ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အခုလောလောဆယ် ကျွန်တော့်အတွက် အကြိုက်ဆုံးအဖြစ်အပျက်က Remote Control ကားပေါ်မှာ ဘောလုံးသယ်ဆောင်ခဲ့တာပဲဖြစ်ပြီး ဒါက အကြာကြီးတော့ လူစိတ်ဝင်စားမှာမဟုတ်လောက်ပါဘူး”လို့ Twitter မှာရေးသားခဲ့သလို အင်္ဂလန်ပရိသတ်တစ်ဦးကလည်း “ကားလေးနဲ့ဘောလုံးသယ်ခဲ့တာက ဒီတစ်ပတ်အတွက် ကျွန်တော်တို့သူငယ်ချင်းတွေကြားမှာ ပြောစမှတ်ဖြစ်စရာကိစ္စတစ်ခုဖြစ်ခဲ့ပါပြီ”လို့ ရေးသားခဲ့ပါတယ်။

ဒီအဖြစ်အပျက်က ပရိသတ်တွေကြားမှာသဘောကျစရာဖြစ်ရုံတင်မကဘဲ အီတလီအသင်းရဲ့ဝါရင့်နောက်ခံလူ ချီလီနီတောင် ကားလေးပေါ်မှာ ဘောလုံးသယ်လာတာကိုမြင်လိုက်ချိန်မှာ ဟန်မဆောင်နိုင်ဘဲ ရယ်မောတဲ့အထိဖြစ်ခဲ့ရပါတယ်။

Volkswagen ကားအသေးလေးပေါ်မှာ ဘောလုံးသယ်ဆောင်ခဲ့တာက မတော်တဆမဟုတ်ဘဲ ယူရိုပြိုင်ပွဲအတွက် စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Volskwagen ကားကုမ္ပဏီက ထူးထူးခြားခြားဖြစ်အောင် တမင်စီစဉ်ခဲ့တာဖြစ်ပါတယ်။

zawgyi

အီတလီ-တူရကီပြဲမစခင္ ထူးထူးျခားျခားျဖစ္ရပ္ေၾကာင့္ ပရိသတ္ေတြပြဲက်ခဲ့

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအဖြင့္ပြဲအျဖစ္ အုပ္စု(A)က အီတလီနဲ႔တူရကီအသင္းတို႔ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး အဲဒီပြဲမစခင္ ထူးထူးျခားျခားအျဖစ္အပ်က္တစ္ခုေၾကာင့္ လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြအတြက္ပြဲက်စရာျဖစ္ခဲ့ရပါတယ္။ အီတလီနဲ႔တူရကီတို႔ရဲ႕ပြဲကို ႐ိုးမားအသင္းရဲ႕Stadio Olimpico ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ပြဲမစခင္ဖြင့္ပြဲအခမ္းအနားျပဳလုပ္ခဲ့သလို အီတလီနာမည္ေက်ာ္အဆိုေတာ္ အန္ဒရာဘိုဆယ္လီက ဖြင့္ပြဲသီခ်င္းသီဆိုခဲ့ပါတယ္။

အဲဒီအခ်ိန္အထိ ဘာမွမထူးျခားေပမယ့္ ပြဲစတင္ဖို႔ ႏွစ္ဖက္ကစားသမားေတြ အသီးသီးေနရာယူၿပီးခ်ိန္မွာ Remote နဲ႔ထိန္းခ်ဳပ္လို႔ရတဲ့ Volkswagen ကားအေသးေလးတစ္စီးဟာ ေဘာလုံးတစ္လုံးနဲ႔အတူ ကြင္းလယ္ဒိုင္မက္ကယ္လီအနားကို ေရာက္ရွိလာခဲ့ပါတယ္။ ပုံမွန္အတိုင္းဆိုရင္ ကြင္းလယ္ဒိုင္က ပြဲကစားမယ့္ေဘာလုံးကို တစ္ပါတည္းယူလာေလ့ရွိေပမယ့္ အခုပြဲမွာေတာ့ထူးထူးျခားျခားပဲ ေဘာလုံးကို Remote Control ကားေလးေပၚမွာ သယ္ေဆာင္ခဲ့တာျဖစ္ၿပီး အဲဒီအျဖစ္အပ်က္က အြန္လိုင္းေပၚမွာ ပရိသတ္ေတြအတြက္ ပြဲက်စရာျဖစ္ခဲ့ရပါတယ္။

ပရိသတ္တစ္ဦးက “ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး အခုေလာေလာဆယ္ ကြၽန္ေတာ့္အတြက္ အႀကိဳက္ဆုံးအျဖစ္အပ်က္က Remote Control ကားေပၚမွာ ေဘာလုံးသယ္ေဆာင္ခဲ့တာပဲျဖစ္ၿပီး ဒါက အၾကာႀကီးေတာ့ လူစိတ္ဝင္စားမွာမဟုတ္ေလာက္ပါဘူး”လို႔ Twitter မွာေရးသားခဲ့သလို အဂၤလန္ပရိသတ္တစ္ဦးကလည္း “ကားေလးနဲ႔ေဘာလုံးသယ္ခဲ့တာက ဒီတစ္ပတ္အတြက္ ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြၾကားမွာ ေျပာစမွတ္ျဖစ္စရာကိစၥတစ္ခုျဖစ္ခဲ့ပါၿပီ”လို႔ ေရးသားခဲ့ပါတယ္။

ဒီအျဖစ္အပ်က္က ပရိသတ္ေတြၾကားမွာသေဘာက်စရာျဖစ္႐ုံတင္မကဘဲ အီတလီအသင္းရဲ႕ဝါရင့္ေနာက္ခံလူ ခ်ီလီနီေတာင္ ကားေလးေပၚမွာ ေဘာလုံးသယ္လာတာကိုျမင္လိုက္ခ်ိန္မွာ ဟန္မေဆာင္ႏိုင္ဘဲ ရယ္ေမာတဲ့အထိျဖစ္ခဲ့ရပါတယ္။ Volkswagen ကားအေသးေလးေပၚမွာ ေဘာလုံးသယ္ေဆာင္ခဲ့တာက မေတာ္တဆမဟုတ္ဘဲ ယူ႐ိုၿပိဳင္ပြဲအတြက္ စပြန္ဆာေပးထားတဲ့ ကုမၸဏီတစ္ခုျဖစ္တဲ့ Volskwagen ကားကုမၸဏီက ထူးထူးျခားျခားျဖစ္ေအာင္ တမင္စီစဥ္ခဲ့တာျဖစ္ပါတယ္။