အီတလီတိုက်စစ်မှူး အင်မိုဘီလီ ဒီထက်ပိုကောင်းတဲ့နည်းလမ်းမရှိတော့ဘူးလို့ ကြုံးဝါး

အီတလီအသင်းတိုက်စစ်မှူး အင်မိုဘီလီက ယူရို ၂၀၂၀ အဖွင့်ပွဲမှာ တူရကီကို ဝ-၃ ဂိုးနဲ့အနိုင်ယူပြီးနောက် ကွင်းထဲပြန်ကြည့်ခွင့်ရတဲ့ ပရိသတ်တွေကို ပျော်ရွှင်မှုပေးနိုင်ခဲ့လို့ ဝမ်းသာမိတယ်လု့ိ ပြောပါတယ်။ အင်မိုဘီလီဟာ အဲဒီပွဲမှာ ဒုတိယမြောက်ဂိုးသွင်းယူသွားခဲ့ပြီး တူရကီနောက်ခံလူ ဒီမီရယ်(Own Goal)နဲ့ အဆုံးသတ်ဂိုးကို အင်ဆစ်ဂ်နီက သွင်းယူခဲ့တာပါ။ အီတလီရဲ့ ယူရို ၂၀၂၀ အဖွင့်ပွဲကို လာဇီယိုအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ အိုလံပီကိုကွင်းမှာ ကျင်းပခဲ့တာဖြစ်လို့ လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီအတွက် အောင်ပွဲက ပိုမိုချိုမြိန်စရာဖြစ်ခဲ့ပါတယ်။

”ပရိသတ်တွေ အောင်ပွဲခံတာကို ပြန်မြင်တွေ့ရတာက အကောင်းဆုံးပါပဲ။ ဒီဆိုးရွားလွန်းတဲ့ဗိုင်းရပ်စ်ကြောင့် ကွင်းထဲမှာ ပရိသတ်တွေနဲ့ အကြာကြီး အဆက်အသွယ်ပြတ်ခဲ့ရပေမယ့် နောက်ဆုံးတော့ ကျွန်တော်တို့အတူတူပြန်ဖြစ်သွားပါပြီ”
”ဒီပွဲမှာ ကျွန်တော်တို့အသင်း စိတ်ရှည်လက်ရှည်ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ တူရကီက တောင့်တင်းတဲ့အသင်းဖြစ်ပြီး အသင်းအများအပြားကို ပြဿနာလည်း ပေးနိုင်စွမ်းရှိပါတယ်”
”တူရကီက ဒုတိယပိုင်းမှာ ကစားအားကျလာပြီး ဦးဆောင်ဂိုရပြီးချိန်မှာ ကျွန်တော်တို့အသင်းလည်း ပိုခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ယူရိုပွဲဦးထွက်အဖြစ် ကိုယ့်ရဲ့ကွင်း(လာဇီယိုအသင်းအိမ်ကွင်း)မှာ ဂိုးပါသွင်းယူနိုင်ခဲ့လို့ ဒီထက်ပိုကောင်းတဲ့နည်းလမ်းမရှိတော့ပါဘူး”လို့ အင်မိုဘီလီက ပြောပါတယ်။

အင်မိုဘီလီအပြင် ဒီပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ စပင်နာဇိုလာကလည်း မိမိတို့အသင်းအတွက် စိတ်ခံစားမှုပြင်းထန်တဲ့နေ့ပဲလို့ ဆိုပါတယ်။


အီတလီဟာ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ဒဏ်ခံရတဲ့ အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး အခုလို ကွင်းထဲမှာ ပရိသတ်တွေကို ပြန်မြင်ရတာက အီတလီနောက်ခံလူ စပင်နာဇိုလာအတွက်တော့ စပယ်ရှယ်ဖြစ်ခဲ့ပါတယ်။ အီတလီဟာ ယူရိုပြိုင်ပွဲမှာ တစ်ပွဲတည်း ၃ဂိုးသွင်းနိုင်တာ ဒီပွဲက ပထမဆုံးအကြိမ်ဖြစ်လာပြီး မထင်မှတ်တာတွေလုပ်ပြနိုင်တဲ့အသင်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

zawgyi

အီတလီတိုက္စစ္မွဴး အင္မိုဘီလီ ဒီထက္ပိုေကာင္းတဲ့နည္းလမ္းမရွိေတာ့ဘူးလို႔ ၾကံဳးဝါး

အီတလီအသင္းတိုက္စစ္မွဴး အင္မိုဘီလီက ယူ႐ို ၂၀၂၀ အဖြင့္ပြဲမွာ တူရကီိကို ၀-၃ ဂိုးနဲ႔အႏိုင္ယူၿပီးေနာက္ ကြင္းထဲျပန္ၾကည့္ခြင့္ရတဲ့ ပရိသတ္ေတြကို ေပ်ာ္ရႊင္မႈေပးႏိုင္ခဲ့လို႔ ၀မ္းသာမိတယ္လု႔ိ ေျပာပါတယ္။

အင္မိုဘီလီဟာ အဲဒီပြဲမွာ ဒုတိယေျမာက္ဂိုးသြင္းယူသြားခဲ့ၿပီး တူရကီေနာက္ခံလူ ဒီမီရယ္(Own Goal)နဲ႔ အဆုံးသတ္ဂိုးကို အင္ဆစ္ဂ္နီက သြင္းယူခဲ့တာပါ။
အီတလီရဲ႕ ယူ႐ို ၂၀၂၀ အဖြင့္ပြဲကို လာဇီယိုအသင္းရဲ႕အိမ္ကြင္းျဖစ္တဲ့ အိုလံပီကိုကြင္းမွာ က်င္းပခဲ့တာျဖစ္လို႔ လာဇီယိုတိုက္စစ္မွဴး အင္မိုဘီလီအတြက္ ေအာင္ပြဲက ပိုမိုခ်ိဳၿမိန္စရာျဖစ္ခဲ့ပါတယ္။

”ပရိသတ္ေတြ ေအာင္ပဲြခံတာကို ျပန္ျမင္ေတြ႕ရတာက အေကာင္းဆုံးပါပဲ။ ဒီဆိုးရြားလြန္းတဲ့ဗိုင္းရပ္စ္ေၾကာင့္ ကြင္းထဲမွာ ပရိသတ္ေတြနဲ႔ အၾကာႀကီး အဆက္အသြယ္ျပတ္ခဲ့ရေပမယ့္ ေနာက္ဆုံးေတာ့ ကၽြန္ေတာ္တို႔အတူတူျပန္ျဖစ္သြားပါၿပီ”
”ဒီပြဲမွာ ကၽြန္ေတာ္တို႔အသင္း စိတ္ရွည္လက္ရွည္ကစားႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ တူရကီက ေတာင့္တင္းတဲ့အသင္းျဖစ္ၿပီး အသင္းအမ်ားအျပားကို ျပႆနာလည္း ေပးႏိုင္စြမ္းရွိပါတယ္”

”တူရကီက ဒုတိယပိုင္းမွာ ကစားအားက်လာၿပီး ဦးေဆာင္ဂိုရၿပီးခ်ိန္မွာ ကၽြန္ေတာ္တို႔အသင္းလည္း ပိုေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ့္ရဲ႕ယူ႐ိုပြဲဦးထြက္အျဖစ္ ကိုယ့္ရဲ႕ကြင္း(လာဇီယိုအသင္းအိမ္ကြင္း)မွာ ဂိုးပါသြင္းယူႏိုင္ခဲ့လို႔ ဒီထက္ပိုေကာင္းတဲ့နည္းလမ္းမရွိေတာ့ပါဘူး”လို႔ အင္မိုဘီလီက ေျပာပါတယ္။
အင္မိုဘီလီအျပင္ ဒီပြဲမွာ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုရရွိခဲ့တဲ့ စပင္နာဇိုလာကလည္း မိမိတို႔အသင္းအတြက္ စိတ္ခံစားမႈျပင္းထန္တဲ့ေန႔ပဲလို႔ ဆိုပါတယ္။

အီတလီဟာ ၿပီးခဲ့တဲ့ႏွစ္က ကိုဗစ္ဒဏ္ခံရတဲ့ အဆိုးရြားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္ခဲ့ၿပီး အခုလို ကြင္းထဲမွာ ပရိသတ္ေတြကို ျပန္ျမင္ရတာက အီတလီေနာက္ခံလူ စပင္နာဇိုလာအတြက္ေတာ့ စပယ္ရွယ္ျဖစ္ခဲ့ပါတယ္။

အီတလီဟာ ယူ႐ိုၿပိဳင္ပြဲမွာ တစ္ပြဲတည္း ၃ဂိုးသြင္းႏိုင္တာ ဒီပြဲက ပထမဆုံးအႀကိမ္ျဖစ္လာၿပီး မထင္မွတ္တာေတြလုပ္ျပႏိုင္တဲ့အသင္းအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။