ဟန်ဒါဆန်နဲ့ စတာလင်းတို့ ဗြိတိန်ဘုရင်မကြီးရဲ့မွေးနေ့ဂုဏ်ပြုမှုအဖြစ် MBE (Member of Britain Empire)ဘွဲ့ကို ချီးမြှင့်ခံခဲ့ရ

အင်္ဂလန်လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ စတာလင်းတို့ဟာ ဗြိတိန်ဘုရင်မကြီးရဲ့မွေးနေ့ဂုဏ်ပြုမှုအဖြစ် MBE (Member of Britain Empire)ဘွဲ့ကို ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။

အင်္ဂလန်နည်းပြ ဟောင်းတစ်ဦးဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နည်းပြဖြစ်တဲ့ ရွိုင်းဟော့ဆန်ကတော့ CBE ဘွဲ့ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။

အင်္ဂလန်နိုင်ငံမှာ နိုင်ငံရဲ့ အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်တဲ့ လူတွေကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ပေးအပ် ချီးမြှင့်လေ့ ရှိပြီး MBEဘွဲ့ကို ရရှိတဲ့ ဘောလုံးသမားတွေ များစွာ ရှိခဲ့ပါတယ်။ လက်ရှိ အင်္ဂလန်အသင်း အတွက် ကစားပေးနေတဲ့ ကစားသမားတွေထဲ မှာတော့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်တို့ဟာ MBEဘွဲ့တွေကို ရထားကြပါတယ်။

ဒါကြောင့် စတာလင်းနဲ့ ဟန်ဒါဆန်တို့ဟာ လက်ရှိ အင်္ဂလန် လက်ရွေးစင်တွေထဲမှာ MBEဘွဲ့ကို ရရှိခဲ့တဲ့ တတိယမြောက်နဲ့ စတုတ္ထမြောက် ကစားသမားတွေ ဖြစ်လာကြပါတယ်။ ဟန်ဒါဆန်အနေနဲ့ ကိုဗစ်ရောဂါပိုးကြောင့် ရန်ပုံငွေပွဲတွေမှာ ဦးဆောင်ပါဝင်ကစားဖို့ လုပ်ဆောင်ခဲ့သလို စတာ လင်းကတော့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ဖို့ ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်လို့ အခုလို ချီးမြင့်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဟန်ဒါဆန်ကဆုချီးမြှင့်ခံရတာကြောင့် မိသားစုဝင်အားလုံး အတွက် ကြီးမားတဲ့ဂုဏ်ပြုမှု ရတယ်လို့ ခံစားနေရပါ တယ်။ စတာလင်းကလည်း ဆုကိုလက်ခံရရှိတဲ့အတွက် မယုံနိုင်လောက်အောင်ဖြစ်နေသလို လူမျိုးရေးခွဲခြားမှုတွေကို တိုက်ဖျက်ဖို့အတွက်လည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

zawgyi

ဟန္ဒါဆန္နဲ႔ စတာလင္းတို႔ ၿဗိတိန္ဘုရင္မႀကီးရဲ႕ေမြးေန႔ဂုဏ္ျပဳမႈအျဖစ္ MBE (Member of Britain Empire)ဘြဲ႕ကို ခ်ီးျမႇင့္ခံခဲ့ရ

အဂၤလန္လက္ေ႐ြးစင္ကစားသမားေတြျဖစ္တဲ့ ဟန္ဒါဆန္နဲ႔ စတာလင္းတို႔ဟာ ၿဗိတိန္ဘုရင္မႀကီးရဲ႕ေမြးေန႔ဂုဏ္ျပဳမႈအျဖစ္ MBE (Member of Britain Empire)ဘြဲ႕ကို ခ်ီးျမႇင့္ခံခဲ့ရတယ္လို႔ သိရပါတယ္။

အဂၤလန္နည္းျပ ေဟာင္းတစ္ဦးျဖစ္ၿပီး ခရစၥတယ္ပဲေလ့စ္နည္းျပျဖစ္တဲ့ ႐ြိဳင္းေဟာ့ဆန္ကေတာ့ CBE ဘြဲ႕ခ်ီးျမႇင့္ခံခဲ့ရတယ္လို႔ သိရပါတယ္။

အဂၤလန္ႏိုင္ငံမွာ ႏိုင္ငံရဲ႕ အက်ိဳးကို သယ္ပိုး ေဆာင္႐ြက္ႏိုင္တဲ့ လူေတြကို ဂုဏ္ထူးေဆာင္ ဘြဲ႕တံဆိပ္ေတြ ေပးအပ္ ခ်ီးျမႇင့္ေလ့ ရွိၿပီး MBEဘြဲ႕ကို ရရွိတဲ့ ေဘာလုံးသမားေတြ မ်ားစြာ ရွိခဲ့ပါတယ္။

လက္ရွိ အဂၤလန္အသင္း အတြက္ ကစားေပးေနတဲ့ ကစားသမားေတြထဲ မွာေတာ့ စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟယ္ရီကိန္းနဲ႔ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး ရက္ဖို႔ဒ္တို႔ဟာ MBEဘြဲ႕ေတြကို ရထားၾကပါတယ္။

ဒါေၾကာင့္ စတာလင္းနဲ႔ ဟန္ဒါဆန္တို႔ဟာ လက္ရွိ အဂၤလန္ လက္ေ႐ြးစင္ေတြထဲမွာ MBEဘြဲ႕ကို ရရွိခဲ့တဲ့ တတိယေျမာက္နဲ႔ စတုတၳေျမာက္ ကစားသမားေတြ ျဖစ္လာၾကပါတယ္။

ဟန္ဒါဆန္အေနနဲ႔ ကိုဗစ္ေရာဂါပိုးေၾကာင့္ ရန္ပုံေငြပြဲေတြမွာ ဦးေဆာင္ပါဝင္ကစားဖို႔ လုပ္ေဆာင္ခဲ့သလို စတာ လင္းကေတာ့ လူမ်ိဳးေရးခြဲျခားမႈတိုက္ဖ်က္ဖို႔ ဦးေဆာင္လႈပ္ရွားခဲ့သူျဖစ္လို႔ အခုလို ခ်ီးျမင့္ခံရတာျဖစ္တယ္လို႔ သိရပါတယ္။

ဟန္ဒါဆန္ကဆုခ်ီးျမႇင့္ခံရတာ​ေၾကာင့္ မိသားစုဝင္အားလုံး အတြက္ ႀကီးမားတဲ့ဂုဏ္ျပဳမႈ ရတယ္လို႔ ခံစားေနရပါ တယ္။ စတာလင္းကလည္း ဆုကိုလက္ခံရရွိတဲ့အတြက္ မယုံႏိုင္ေလာက္ေအာင္ျဖစ္ေနသလို လူမ်ိဳးေရးခြဲျခားမႈေတြကို တိုက္ဖ်က္ဖို႔အတြက္လည္း ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။