လုခ်ရှော နှင့် မားကတ်ရက်ဖို့ဒ်တို့ကို အင်္ဂလန်ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားသင့်ဟု မော်ရင်ဟို ဝေဖန်

ဂျိုဆေး မော်ရင်ဟိုက အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ယူရို ( ၂၀၂၀ ) အဖွင့်ပွဲစဉ်မှာ လုခ်ရှော နှင့် မားကတ်ရက်ဖို့ဒ်တို့ကို ပွဲထွက်ကစားသမားအနေနဲ့ မရွေးချယ်သင့်ကြောင်း သုံးသပ်ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်းက ဂါရတ် ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်အသင်းမှာ ရှော နှင့် ရက်ဖို့ဒ်တို့ထက် ပိုကောင်းတဲ့ ရွေးချယ်စရာတွေရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီနည်းပြဟာ အိုးထရတ်ဖို့ဒ်မှာ တာဝန်ယူစဉ်ကာလကလည်း မကြာခဏ ရှောကို ဝေဖန်လေ့ရှိသူဖြစ်ပါတယ်။ မော်ရင်ဟိုက talkSPORT နဲ့ အစီအစဉ်တစ်ခုအတွင်း ခံစစ်ကစားသမားရဲ့ ယခုနှစ်ရာသီ စွမ်းဆောင်ရည်ကို သဘောကျပေမယ့် ချဲလ်ဆီး ဘယ်နောက်ခံလူ ဘင် ချီးဝဲကို အစားထိုးနိုင်ဖို့ လုံလာက်မှုရှိတယ်လို့ မခံစားရကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်ပြီး ရက်ဖို့ဒ်ကလည်း မော်ရင်ဟိုရဲ့ ပွဲထွက် ကစားသမားစာရင်းမှာ အက်စတွန်ဗီလာကြယ်ပွင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး ။ ဒါပေမယ့် ဒီး ဟန်ဒါဆန်ကိုတော့ နံပါတ် ( ၁ ) ဂိုးသမားအနေနဲ့ ရွေးချယ်ခဲ့ပါတယ်။ မော်ရင်ဟိုက “ ဘယ်နောက်ခံလူနေရာ အတွက်လား ? ( ၂ ) ခါတွေးစရာမလိုပါဘူး ။ ချီးဝဲကို ရွေးချယ်ပါလိမ့်မယ်။”လို့ ဆိုခဲ့ပါတယ်။

လုခ်ရှောနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ လက်ရှိရိုးမားနည်းပြက “ သူက ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော့်အထင် ချီးဝဲက အထူးသဖြင့် ဘောလုံးရှိချိန်မှာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ ဖိအားတွေ‌အောက်မှာ တည်တည်ငြိမ်ငြိမ် ကစားနိုင်ပါတယ်။ ကျွန်တော် ချီးဝဲကို ပိုကြိုက်ပါတယ်။”လို့ ဆိုပါတယ်။

ရက်ဖို့ဒ်မပါဝင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ “ ကျွန်တော့်အတွက် ဂရေးလစ်ရဲ့ စွမ်းဆောင်ရည်က အံံမခန်းပါ ။ သူက “ကျွန်‌တော့်ဆီ ဘောလုံးသာပေးခဲ့ ၊ ပြဿနာအားလုံး ပြေလည်သွားစေရမယ် ။” ဆိုတဲ့ ကစားသမားမျိုးပါ ။သူ့ရဲ့ ဘောလုံးကစားဟန် ၊ တိုက်စစ်ဆင်မှုတွေက လုံးဝကောင်းမွန်ပါတယ်။ သူ့ကြောင့် ပြစ်ဒဏ်ဘောတွေရတယ်၊ ပင်နယ်တီတွေရတယ် ၊ ကျွန်တော် သူ့ကို အရမ်းကြိုက်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

zawgyi

လုခ္ေရွာ ႏွင့္ မားကတ္ရက္ဖို႔ဒ္တို႔ကို အဂၤလန္ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ထားသင့္ဟု ေမာ္ရင္ဟို ေဝဖန္

ဂ်ိဳေဆး ေမာ္ရင္ဟိုက အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ယူ႐ို ( ၂၀၂၀ ) အဖြင့္ပြဲစဥ္မွာ လုခ္ေရွာ ႏွင့္ မားကတ္ရက္ဖို႔ဒ္တို႔ကို ပြဲထြက္ကစားသမားအေနနဲ႔ မေ႐ြးခ်ယ္သင့္ေၾကာင္း သုံးသပ္ေျပာဆိုလိုက္ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပေဟာင္းက ဂါရတ္ ေဆာက္ဂိတ္အေနနဲ႔ အဂၤလန္အသင္းမွာ ေရွာ ႏွင့္ ရက္ဖို႔ဒ္တို႔ထက္ ပိုေကာင္းတဲ့ ေ႐ြးခ်ယ္စရာေတြရွိေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေပၚတူဂီနည္းျပဟာ အိုးထရတ္ဖို႔ဒ္မွာ တာဝန္ယူစဥ္ကာလကလည္း မၾကာခဏ ေရွာကို ေဝဖန္ေလ့ရွိသူျဖစ္ပါတယ္။ ေမာ္ရင္ဟိုက talkSPORT နဲ႔ အစီအစဥ္တစ္ခုအတြင္း ခံစစ္ကစားသမားရဲ႕ ယခုႏွစ္ရာသီ စြမ္းေဆာင္ရည္ကို သေဘာက်ေပမယ့္ ခ်ဲလ္ဆီး ဘယ္ေနာက္ခံလူ ဘင္ ခ်ီးဝဲကို အစားထိုးႏိုင္ဖို႔ လုံလာက္မႈရွိတယ္လို႔ မခံစားရေၾကာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေနာက္ၿပီး ရက္ဖို႔ဒ္ကလည္း ေမာ္ရင္ဟိုရဲ႕ ပြဲထြက္ ကစားသမားစာရင္းမွာ အက္စတြန္ဗီလာၾကယ္ပြင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းမရွိပါဘူး ။ ဒါေပမယ့္ ဒီး ဟန္ဒါဆန္ကိုေတာ့ နံပါတ္ ( ၁ ) ဂိုးသမားအေနနဲ႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။ ေမာ္ရင္ဟိုက “ ဘယ္ေနာက္ခံလူေနရာ အတြက္လား ? ( ၂ ) ခါေတြးစရာမလိုပါဘူး ။ ခ်ီးဝဲကို ေ႐ြးခ်ယ္ပါလိမ့္မယ္။”လို႔ ဆိုခဲ့ပါတယ္။

လုခ္ေရွာနဲ႔ ပတ္သက္ၿပီးေမးျမန္းရာမွာ လက္ရွိ႐ိုးမားနည္းျပက “ သူက ေကာင္းမြန္တဲ့ ေဘာလုံးရာသီတစ္ခု ပိုင္ဆိုင္ခဲ့ပါတယ္။ ကြၽန္ေတာ့္အထင္ ခ်ီးဝဲက အထူးသျဖင့္ ေဘာလုံးရွိခ်ိန္မွာ ပိုေကာင္းတယ္လို႔ ထင္ပါတယ္။ ဖိအားေတြ‌ေအာက္မွာ တည္တည္ၿငိမ္ၿငိမ္ ကစားႏိုင္ပါတယ္။ ကြၽန္ေတာ္ ခ်ီးဝဲကို ပိုႀကိဳက္ပါတယ္။”လို႔ ဆိုပါတယ္။

ရက္ဖို႔ဒ္မပါဝင္မႈနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာ “ ကြၽန္ေတာ့္အတြက္ ဂေရးလစ္ရဲ႕ စြမ္းေဆာင္ရည္က အံံမခန္းပါ ။ သူက “ကြၽန္‌ေတာ့္ဆီ ေဘာလုံးသာေပးခဲ့ ၊ ျပႆနာအားလုံး ေျပလည္သြားေစရမယ္ ။” ဆိုတဲ့ ကစားသမားမ်ိဳးပါ ။သူ႔ရဲ႕ ေဘာလုံးကစားဟန္ ၊ တိုက္စစ္ဆင္မႈေတြက လုံးဝေကာင္းမြန္ပါတယ္။ သူ႔ေၾကာင့္ ျပစ္ဒဏ္ေဘာေတြရတယ္၊ ပင္နယ္တီေတြရတယ္ ၊ ကြၽန္ေတာ္ သူ႔ကို အရမ္းႀကိဳက္ပါတယ္။” လို႔ ေျဖၾကားခဲ့ပါတယ္။