ယူရို ၂၀၂၀ မှာ အင်္ဂလန်လက်ရွေးစင်အသင်း အောင်မြင်မှုရဖို့ အဓိက ကျတဲ့ ကစားသမား ၃ ဦးကို ရွေးချယ် ပေးလိုက်ခဲ့တဲ့ မော်ရင်ဟို

ရိုးမားအသင်းကို မကိုင်တွယ်ရသေးဘဲ ယူရိုပြိုင်ပွဲအတွက် TalkSport နဲ့ စာချုပ်ချုပ်ထားတဲ့ မော်ရင်ဟိုဟာ ယူရို ၂၀၂၀ မှာ အင်္ဂလန်လက်ရွေးစင်အသင်း အောင်မြင်မှုရဖို့ အဓိက ကျတဲ့ ကစားသမား ၃ ဦးကို ရွေးချယ် ပေးလိုက်ခဲ့ပြီး ပွဲဦးထွက်ခရိုအေးရှားနဲ့ ပွဲအတွက်
သူ့စိတ်ကြိုက် အင်္ဂလန်အသင်းရဲ့ပွဲထွက် ၁၁ ယောက် ကိုလည်း ချပြပေးသွားခဲ့ပါတယ်။

မော်ရင်ဟို က TalkSport မှာ ” တိုက်စစ် အသားပေး ကစားဖို့ဆို ပွဲကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဘောလုံး ကိုင်မကစားနိုင်ဘဲနဲ့ တိုက်စစ် ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကွင်းလယ်ကို ထိန်းချုပ်ကစားနိုင်ဖို့ အရေးကြီးပါတယ်။ ကွင်းလယ်မှာ သုံးယောက်ထား ကစားရင် အဲ့ဒီ ဧရိယာကို ထိန်းချုပ် ထားနိုင်မှာဖြစ်ပြီး ကွင်းလယ် သုံးယောက်ထဲမှာ ဖိုဒန် ကတော့ ပါကိုပါရမှာပါ။ ဟန်ဒါဆန် ၊ ရိုက်စ် ၊ ကီဗင်ဖီးလစ် တို့ မပါဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ပွဲကို လွှမ်းမိုးနိုင်ဖို့ဆို ပြိုင်ဘက် ကို ထိန်းချုပ် ကစားနိုင်ရမှာပါ။ အင်္ဂလန် က ကွင်းလယ်လူကောင်းတွေ ၊တိုက်စစ် ကစားသမားကောင်းတွေ ရှိနေတော့ သူတို့မှာ အရာရာရှိနေတယ်လို့ပဲ ပြောရမှာပါ။ နည်းပြဆောက်ဂိတ်က နောက်တန်း ၅ ယောက်ထားပြီး ကစားခဲ့ပြီးပါပြီ၊ သူ အခု ဒီအတိုင်းပဲ ဆက်ကစားမယ်ဆိုလည်း ပြဿနာ မရှိပါဘူး။

ဂိုးသမား နေရာမှာ ဟန်ဒါဆန် ကို ထားကစားစေချင်ပါတယ်၊ ဗဟို နောက်ခံလူနေရာမှာ မက်ဂွိုင်းယား မပါရင်တော့ ဂျွန်စတုန်း နဲ့ တိုင်ရွန်မင်းစ် တို့ကို ကစားစေချင်ပါတယ်၊ ဘရိုက်တန် က ဘန်ဝှိုက် ဆိုတဲ့ လူငယ်လေးကလည်း အရမ်းကောင်းပါတယ် ၊ ဒါပေမယ့် သူအခုမှ ရောက်တာပါ။

တိုင်ရွန်မင်းစ် က ဦးဆောင်နိုင်စွမ်း ရှိပြီး စိတ်အားထက်သန်တဲ့ ကစားသမားပါ ၊ စတုန်းကတော့ လျင်မြန်ပါတယ်။ ညာနောက်ခံ နေရာအတွက် ဝေါလ်ကာ ကို ရွေးချယ်ချင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ လျင်မြန်တဲ့ ကစားသမား လိုအပ်တာကြောင့်ပါ။ ရစ်ဆီဂျိမ်းစ်လည်း မြန်ပါတယ်၊ ဒါပေမယ့် အတွေ့အကြုံရှိ ကစားသမား အသက်ပိုကြီးတဲ့ ကစားသမား ဝေါလ်ကာ က ပိုပြီး ပြိုင်ဘက် ဂိုးဧရိယာထဲ ထိုးဖောက် ဝင်ရောက် နိုင်ပါတယ် ။

ဘယ်နောက်ခံလူ နေရာ အတွက်တော့ ချီဲဝဲလ်ပါပဲ။၊ နှစ်ခါ စဉ်းစားစရာ မလိုပါဘူး။ သူက နေရာလွှတ်တွေ ကျဉ်းမြောင်းအောင် လုပ်နိုင်ပြီး တိုက်စစ်လည်း ဆင်နိုင် တည်ကန်ဘောတွေလည်း ရပါတယ်။ လုခ်ရှောက ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ချီဝဲလ် က ဘောလုံး ကိုင်ကစားတာမှာ ပိုထူးခြား ကောင်းမွန်ပါတယ်၊ ဖိအားတွေအောက်မှာ တည်တည်ငြိမ်ငြိမ် ကစားနိုင်ပါတယ်။ ချီဝဲလ် ကို သဘောကျတယ်။ ကွင်းလယ်မှာ သဘောကျတဲ့ ကစားသမား တစ်ဦးရှိပေမယ့် သူ့ကို ပထမဦးဆုံးပွဲမှာ ထည့်မကစားသေးသင့်ပါဘူး၊ သူကတော့ ဘီလင်ဂမ်ပါ ၊ သူ့မှာ တကယ့် အလားအလာကောင်းတွေ ရှိပါတယ်။ ရိုက်စ် နဲ့ တွဲဖက် ကစားဖို့ဆို ဘီလင်ဂမ် က ပြီးပြည့်စုံဆုံးပါပဲ ၊ ဒါပေမယ့် ကယ်ဗင်ဖီးလစ် နဲ့လည်း ဖြစ်ပါတယ်။

ဘီလင်ဂမ် က ရိုက်စ် နဲ့ အလိုက်ဖက်ဆုံး ဒုတိယ ကွင်းလယ်လူ လို့ပဲ ထင်ပါတယ်။ ဟယ်ရီကိန်း ကော ဂယ်ရီလစ်ရှ် ပါ လုံးဝပစ်ပယ်လို့ မရတဲ့ ကစားသမားတွေပါ ၊ ဂယ်ရီလစ်ရှ် ရဲ့ အကောင်းဆုံး နေရာက တိုက်စစ် ဘယ်ခြမ်းမှာပါ ၊ ရက်ရှ်ဖိုဒ့် ကလည်း အဲ့နေရာမှာ ကစားနိုင်ပါတယ်၊ ရက်ရှ်ဖိုဒ့် ကို ညာခြမ်း ထွက်ကစားခိုင်းတာနဲ့ ခြေစွမ်းပျောက်တော့တာပါပဲ။ ဟယ်ရီကိန်း က နောက်ဆင်းပြီး ရက်ရှ်ဖိုဒ့် တိုက်စစ်မှာ နေရာလွတ်ရအောင် လုပ်ပေးတာ တွေ့ပါတယ် ။ ဒါပေမယ့် ဂယ်ရီလစ်ရှ် က ဖန်တီးနိုင်စွမ်း အရည်အသွေးက သိပ်ကောင်းပါတယ်။ သူ့ကို ကြည့်ရတာ ဖီဂို ကိုတောင် ပြန်အမှတ်ရစရာပါပဲ။ တစ်ယောက် နဲ့ တစ်ယောက် နှိုင်းယှဉ်ရတာမျိုး မကြိုက်ပါဘူး ၊

ဒါပေမယ့် သူက ဖီဂို ကစားတဲ့ပုံစံ နဲ့ နည်းနည်း ဆင်ပါတယ်။ ကျွန်တော် သူ့ကို တကယ် သဘောကျပါတယ် ၊ ဂယ်ရီလစ်ရှ် ကို ဘယ်ခြမ်းမှာထား ၊ မေဆင်မောင့်ကို နံပါတ် ၁၀ နေရာမှာထားပြီး ကစားသင့်ပါတယ် ၊ ကျွန်တော်က inverted winger တွေကို သဘောကျတာကြောင့်လည်း ပါပါတယ်၊ ဖိုဒန်ကိုတော့ ညာခြမ်းမှာထားပါမယ်။ဖိုဒန် ၊ ဂယ်ရီလစ်ရှ် ၊ မေဆင်မောင့် တို့ကို ပွဲထွက်စေချင်တာကြောင့် ကွင်းလယ်မှာ ရိုက်စ် နဲ့ ကယ်ဗင်ဖီးလစ် ကို ထားတာပါ ” လို့ ပြောကြား သွားခဲ့ပါတယ်။

zawgyi

ယူ႐ို ၂၀၂၀ မွာ အဂၤလန္လက္ေ႐ြးစင္အသင္း ေအာင္ျမင္မႈရဖို႔ အဓိက က်တဲ့ ကစားသမား ၃ ဦးကို ေ႐ြးခ်ယ္ ေပးလိုက္ခဲ႔တဲ႔ ေမာ္ရင္ဟို

ရိုးမားအသင္းကို မကိုင္တြယ္ရေသးဘဲ ယူရိုျပိဳင္ပြဲအတြက္ TalkSport နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ႔ ေမာ္ရင္ဟိုဟာ ယူ႐ို ၂၀၂၀ မွာ အဂၤလန္လက္ေ႐ြးစင္အသင္း ေအာင္ျမင္မႈရဖို႔ အဓိက က်တဲ့ ကစားသမား ၃ ဦးကို ေ႐ြးခ်ယ္ ေပးလိုက္ခဲ႔ျပီး ပြဲဦးထြက္ခ႐ိုေအးရွားနဲ႔ ပြဲအတြက္
သူ႔စိတ္ႀကိဳက္ အဂၤလန္အသင္းရဲ႕ပြဲထြက္ ၁၁ ေယာက္ ကိုလည္း ခ်ျပေပးသြားခဲ့ပါတယ္။

ေမာ္ရင္ဟို က TalkSport မွာ ” တိုက္စစ္ အသားေပး ကစားဖို႔ဆို ပြဲကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္။ ေဘာလုံး ကိုင္မကစားႏိုင္ဘဲနဲ႔ တိုက္စစ္ ကစားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ကြင္းလယ္ကို ထိန္းခ်ဳပ္ကစားႏိုင္ဖို႔ အေရးႀကီးပါတယ္။ ကြင္းလယ္မွာ သုံးေယာက္ထား ကစားရင္
အဲ့ဒီ ဧရိယာကို ထိန္းခ်ဳပ္ ထားႏိုင္မွာျဖစ္ျပီး ကြင္းလယ္ သုံးေယာက္ထဲမွာ ဖိုဒန္ ကေတာ့ ပါကိုပါရမွာပါ။ ဟန္ဒါဆန္ ၊ ႐ိုက္စ္ ၊ ကီဗင္ဖီးလစ္ တို႔ မပါဘူးလို႔ မဆိုလိုပါဘူး။ ဒါေပမယ့္ ပြဲကို လႊမ္းမိုးႏိုင္ဖို႔ဆို ၿပိဳင္ဘက္ ကို ထိန္းခ်ဳပ္ ကစားႏိုင္ရမွာပါ။ အဂၤလန္ က ကြင္းလယ္လူေကာင္းေတြ ၊
တိုက္စစ္ ကစားသမားေကာင္းေတြ ရွိေနေတာ့ သူတို႔မွာ အရာရာရွိေနတယ္လို႔ပဲ ေျပာရမွာပါ။ နည္းျပေဆာက္ဂိတ္က ေနာက္တန္း ၅ ေယာက္ထားၿပီး ကစားခဲ့ၿပီးပါၿပီ၊ သူ အခု ဒီအတိုင္းပဲ ဆက္ကစားမယ္ဆိုလည္း ျပႆနာ မရွိပါဘူး။

ဂိုးသမား ေနရာမွာ ဟန္ဒါဆန္ ကို ထားကစားေစခ်င္ပါတယ္၊ ဗဟို ေနာက္ခံလူေနရာမွာ မက္ဂြိဳင္းယား မပါရင္ေတာ့ ဂြၽန္စတုန္း နဲ႔ တိုင္႐ြန္မင္းစ္ တို႔ကို ကစားေစခ်င္ပါတယ္၊ ဘ႐ိုက္တန္ က ဘန္ဝႈိက္ ဆိုတဲ့ လူငယ္ေလးကလည္း အရမ္းေကာင္းပါတယ္ ၊ ဒါေပမယ့္ သူအခုမွ ေရာက္တာပါ။

တိုင္ရြန္မင္းစ္ က ဦးေဆာင္ႏိုင္စြမ္း ရွိၿပီး စိတ္အားထက္သန္တဲ့ ကစားသမားပါ ၊ စတုန္းကေတာ့ လ်င္ျမန္ပါတယ္။​ ညာေနာက္ခံ ေနရာအတြက္ ေဝါလ္ကာ ကို ေ႐ြးခ်ယ္ခ်င္ပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ လ်င္ျမန္တဲ့ ကစားသမား လိုအပ္တာေၾကာင့္ပါ။ ရစ္ဆီဂ်ိမ္းစ္လည္း ျမန္ပါတယ္၊
ဒါေပမယ့္ အေတြ႕အႀကဳံရွိ ကစားသမား အသက္ပိုႀကီးတဲ့ ကစားသမား ေဝါလ္ကာ က ပိုၿပီး ၿပိဳင္ဘက္ ဂိုးဧရိယာထဲ ထိုးေဖာက္ ဝင္ေရာက္ ႏိုင္ပါတယ္ ။

ဘယ္ေနာက္ခံလူ ေနရာ အတြက္ေတာ့ ခ်ီဲဝဲလ္ပါပဲ။၊ ႏွစ္ခါ စဥ္းစားစရာ မလိုပါဘူး။ သူက ေနရာလႊတ္ေတြ က်ဥ္းေျမာင္းေအာင္ လုပ္ႏိုင္ၿပီး တိုက္စစ္လည္း ဆင္ႏိုင္ တည္ကန္ေဘာေတြလည္း ရပါတယ္။ လုခ္ေရွာက ေကာင္းမြန္တဲ့ ေဘာလုံးရာသီတစ္ခု ပိုင္ဆိုင္ခဲ့ပါတယ္၊ ဒါေပမယ့္ ခ်ီဝဲလ္ က ေဘာလုံး ကိုင္ကစားတာမွာ ပိုထူးျခား ေကာင္းမြန္ပါတယ္၊ ဖိအားေတြေအာက္မွာ တည္တည္ၿငိမ္ၿငိမ္ ကစားႏိုင္ပါတယ္။ ခ်ီဝဲလ္ ကို သေဘာက်တယ္။

ကြင္းလယ္မွာ သေဘာက်တဲ့ ကစားသမား တစ္ဦးရွိေပမယ့္ သူ႔ကို ပထမဦးဆုံးပြဲမွာ ထည့္မကစားေသးသင့္ပါဘူး၊ သူကေတာ့ ဘီလင္ဂမ္ပါ ၊ သူ႔မွာ တကယ့္ အလားအလာေကာင္းေတြ ရွိပါတယ္။ ႐ိုက္စ္ နဲ႔ တြဲဖက္ ကစားဖို႔ဆို ဘီလင္ဂမ္ က ၿပီးျပည့္စုံဆုံးပါပဲ ၊ ဒါေပမယ့္ ကယ္ဗင္ဖီးလစ္ နဲ႔လည္း ျဖစ္ပါတယ္။

ဘီလင္ဂမ္ က ႐ိုက္စ္ နဲ႔ အလိုက္ဖက္ဆုံး ဒုတိယ ကြင္းလယ္လူ လို႔ပဲ ထင္ပါတယ္။ ဟယ္ရီကိန္း ေကာ ဂယ္ရီလစ္ရွ္ ပါ လုံးဝပစ္ပယ္လို႔ မရတဲ့ ကစားသမားေတြပါ ၊ ဂယ္ရီလစ္ရွ္ ရဲ႕ အေကာင္းဆုံး ေနရာက တိုက္စစ္ ဘယ္ျခမ္းမွာပါ ၊ ရက္ရွ္ဖိုဒ့္ ကလည္း အဲ့ေနရာမွာ ကစားႏိုင္ပါတယ္၊ ရက္ရွ္ဖိုဒ့္ ကို ညာျခမ္း ထြက္ကစားခိုင္းတာနဲ႔ ေျခစြမ္းေပ်ာက္ေတာ့တာပါပဲ။

ဟယ္ရီကိန္း က ေနာက္ဆင္းျပီး ရက္ရွ္ဖိုဒ့္ တိုက္စစ္မွာ ေနရာလြတ္ရေအာင္ လုပ္ေပးတာ ေတြ႕ပါတယ္ ။ ဒါေပမယ့္ ဂယ္ရီလစ္ရွ္ က ဖန္တီးႏိုင္စြမ္း အရည္အေသြးက သိပ္ေကာင္းပါတယ္။ သူ႔ကို ၾကည့္ရတာ ဖီဂို ကိုေတာင္ ျပန္အမွတ္ရစရာပါပဲ။ တစ္ေယာက္ နဲ႔ တစ္ေယာက္ ႏႈိင္းယွဥ္ရတာမ်ိဳး မႀကိဳက္ပါဘူး ၊

ဒါေပမယ့္ သူက ဖီဂို ကစားတဲ႔ပံုစံ နဲ႔ နည္းနည္း ဆင္ပါတယ္။ က်ြန္ေတာ္ သူ႔ကို တကယ္ သေဘာက်ပါတယ္ ၊ ဂယ္ရီလစ္ရွ္ ကို ဘယ္ျခမ္းမွာထား ၊ ေမဆင္ေမာင့္ကို နံပါတ္ ၁၀ ေနရာမွာထားျပီး ကစားသင့္ပါတယ္ ၊ က်ြန္ေတာ္က inverted winger ေတြကို သေဘာက်တာေၾကာင့္လည္း ပါပါတယ္၊ ဖိုဒန္ကိုေတာ့ ညာျခမ္းမွာထားပါမယ္။ဖိုဒန္ ၊ ဂယ္ရီလစ္ရွ္ ၊ ေမဆင္ေမာင့္ တို႔ကို ပြဲထြက္ေစခ်င္တာေၾကာင့္ ကြင္းလယ္မွာ ႐ိုက္စ္ နဲ႔ ကယ္ဗင္ဖီးလစ္ ကို ထားတာပါ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။