မက်ဒရစ် နောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ ပြင်ဆင်နေတာ အဓိပ္ပာယ်မရှိဘူးလို့ ဖာဒီနန် သုံးသပ်

ရီယိုဖာဒီနန်က ယူနိုက်တက်အနေနဲ့ ယခုနွေရာသီမှာ အက်သလက်တီကို မက်ဒရစ် နောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ ပြင်ဆင်နေတာ အဓိပ္ပာယ်မရှိဘူးလို့ သုံးသပ်ခဲ့ပါတယ်။ မန်ယူနိုက်တက် ကစားသမားဟောင်း အများစုက လာမယ့်ရာသီအတွက် မန်နေဂျာ အိုလေဂန်းနား ဆိုးရှား ခေါ်ယူအားဖြည့်ဖို့ လိုအပ်နေတဲ့နေရာတွေအပေါ် သဘောတူညီခဲ့ကြပေမယ့် ယူနိုက်တက်က ထရစ်ပီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အပေါ် အများစုက အံ့သြခဲ့ကြပါတယ်။

ဖာဒီနန်က လက်ရှိယူနိုက်တက်အခြေအနေက ထရစ်ပီယာနဲ့ ကိုက်ညီခြင်းမရှိပဲ ညာနောက်ခံ ကစားသမားတွေဟာ အာရွန် ဝမ်ဘစ်ဆာကာနောက် ဒုတိယဦးစားပေးအနေနဲ့သာ ပါဝင်ခွင့်ရလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဖာဒီနန်က Metro နဲ့ အင်တာဗျူးအတွင်း “ သူတို့ ( ယူနိုက်တက် ) က အပတ်စဉ် ပွဲထွက်ခွင့်ရမယ့် ညာနောက်ခံကစားသမားကို ခေါ်ယူမှာမဟုတ်ပါဘူး။ ဘယ်သူပဲလာလာ ဝမ်ဘစ်ဆာကာရဲ့နောက် back-up အနေနဲ့ပဲ ကစားရပါလိမ့်မယ်.”လို့ ဆိုခဲ့ပါတယ်။” “သူတို့က ဝမ်ဘစ်ဆာကာအတွက် ပေါင်သန်း ( ၅၀ ) သုံးထားတာ ဒုတိယဦးစားပေးနေရာအတွက် မဟုတ်ပါဘူး။” “ အမှန်အတိုင်းပြောရရင် ထရစ်ပီယာက ကျွန်တော့် စိတ်ကြိုက်မဟုတ်ပါဘူး။ ဒါပေမယ့် သူ့မှာ အရည်အချင်းရှိတာ နားလည်ပါတယ်။” “ ဒါပေမယ့် သူက ဒုတိယဦးစားပေး ညာနောက်ခံနေရာအတွက် ကျွန်တော့် စိတ်ကြိုက်ရွေးချယ်မှုမဟုတ်ပါဘူး။”

ပြီးခဲ့တဲ့ ရာသီမှာ အက်သလက်တီကို မက်ဒရစ်နဲ့အတူ လာလီဂါချန်ပီယံဆု ပိုင်ဆိုင်ခဲ့တဲ့ ထရစ်ပီယာက လက်ရှိမှာ အင်္ဂလန်လက်ရွေးစင်အသင်းတဲ့အတူ ယူရို ( ၂၀၂၀ ) ကစားဖို့ ရှိနေပါတယ်။

zawgyi

မက္ဒရစ္ ေနာက္ခံလူ ထရစ္ပီယာကို ေခၚယူဖို႔ ျပင္ဆင္ေနတာ အဓိပၸာယ္မရွိဘူးလို႔ ဖာဒီနန္ သုံးသပ္

ရီယိုဖာဒီနန္က ယူႏိုက္တက္အေနနဲ႔ ယခုေႏြရာသီမွာ အက္သလက္တီကို မက္ဒရစ္ ေနာက္ခံလူ ထရစ္ပီယာကို ေခၚယူဖို႔ ျပင္ဆင္ေနတာ အဓိပၸာယ္မရွိဘူးလို႔ သုံးသပ္ခဲ့ပါတယ္။ မန္ယူႏိုက္တက္ ကစားသမားေဟာင္း အမ်ားစုက လာမယ့္ရာသီအတြက္ မန္ေနဂ်ာ အိုေလဂန္းနား ဆိုးရွား ေခၚယူအားျဖည့္ဖို႔ လိုအပ္ေနတဲ့ေနရာေတြအေပၚ သေဘာတူညီခဲ့ၾကေပမယ့္ ယူႏိုက္တက္က ထရစ္ပီယာကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အေပၚ အမ်ားစုက အံ့ၾသခဲ့ၾကပါတယ္။

ဖာဒီနန္က လက္ရွိယူႏိုက္တက္အေျခအေနက ထရစ္ပီယာနဲ႔ ကိုက္ညီျခင္းမရွိပဲ ညာေနာက္ခံ ကစားသမားေတြဟာ အာ႐ြန္ ဝမ္ဘစ္ဆာကာေနာက္ ဒုတိယဦးစားေပးအေနနဲ႔သာ ပါဝင္ခြင့္ရလိမ့္မယ္လို႔ သုံးသပ္ခဲ့ပါတယ္။

ဖာဒီနန္က Metro နဲ႔ အင္တာဗ်ဴးအတြင္း “ သူတို႔ ( ယူႏိုက္တက္ ) က အပတ္စဥ္ ပြဲထြက္ခြင့္ရမယ့္ ညာေနာက္ခံကစားသမားကို ေခၚယူမွာမဟုတ္ပါဘူး။ ဘယ္သူပဲလာလာ ဝမ္ဘစ္ဆာကာရဲ႕ေနာက္ back-up အေနနဲ႔ပဲ ကစားရပါလိမ့္မယ္.”လို႔ ဆိုခဲ့ပါတယ္။”

“သူတို႔က ဝမ္ဘစ္ဆာကာအတြက္ ေပါင္သန္း ( ၅၀ ) သုံးထားတာ ဒုတိယဦးစားေပးေနရာအတြက္ မဟုတ္ပါဘူး။” “ အမွန္အတိုင္းေျပာရရင္ ထရစ္ပီယာက ကြၽန္ေတာ့္ စိတ္ႀကိဳက္မဟုတ္ပါဘူး။ ဒါေပမယ့္ သူ႔မွာ အရည္အခ်င္းရွိတာ နားလည္ပါတယ္။” “ ဒါေပမယ့္ သူက ဒုတိယဦးစားေပး ညာေနာက္ခံေနရာအတြက္ ကြၽန္ေတာ့္ စိတ္ႀကိဳက္ေ႐ြးခ်ယ္မႈမဟုတ္ပါဘူး။”

ၿပီးခဲ့တဲ့ ရာသီမွာ အက္သလက္တီကို မက္ဒရစ္နဲ႔အတူ လာလီဂါခ်န္ပီယံဆု ပိုင္ဆိုင္ခဲ့တဲ့ ထရစ္ပီယာက လက္ရွိမွာ အဂၤလန္လက္ေ႐ြးစင္အသင္းတဲ့အတူ ယူ႐ို ( ၂၀၂၀ ) ကစားဖို႔ ရွိေနပါတယ္။