အိမ်ရှင် ၁၁ နိုင်ငံက ကွင်း ၁၁ ကွင်းမှာ လှည့်ကစားရမယ့် ယူရိုပြိုင်ပွဲပုံစံသစ်ကြောင့် ကိုဗစ်ထပ်ပြန့်ပွားမှာ စိုးရိမ်နေရ

ကိုဗစ်ကြောင့် ၁ နှစ် နောက်ဆုတ်ခဲ့ရတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကို မနက်ဖြန်မှာ စတင် ယှဉ်ပြိုင်ကစား ကြတော့မှာ ဖြစ်ပါတယ်။ ယူရို ပြိုင်ပွဲရဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် နဲ့ UEFA ဟာ ဒီတစ်ကြိမ် ပြိုင်ပွဲကို အရင်က ကျင်းပနေတဲ့ တစ်နိုင်ငံတည်း အိမ်ရှင်ပုံစံ အစား ဥရောပဒေသတွင်း နိုင်ငံတွေမှာ လှည့်ပြီး ကစားရတဲ့ပုံစံကို ပြောင်းလဲကျင်းပစေခဲ့ ပါတယ်။ ဒါကြောင့် ဒီနှစ်ပြိုင်ပွဲကို အိမ်ရှင် ၁၁ နိုင်ငံက ကွင်း ၁၁ ကွင်းမှာ ယှဉ်ပြိုင်ကစား သွားကြမှာပါ။

ဒါဟာ ဆန်းသစ်တဲ့ စိတ်ကူးဖြစ်ပေမယ့် အခြားတစ်ဖက်မှာတော့ နိုင်ငံ အများအပြားမှာ သွားကစားရမှာဖြစ်လို့ ဘောလုံး အသင်းတွေအတွက် အရင်ကထက်ပိုမို ခက်ခဲတဲ့ အနေအထားတွေ ရှိလာပါတယ်။ အဲ့ဒါကတော့ ခရီးသွားလာခြင်းပါပဲ။ အရင်ပြိုင်ပွဲတွေဟာ အိမ်ရှင် ၁ နိုင်ငံ (သို့) ၂ နိုင်ငံသာ ဖြစ်ပြီး ကိုယ်ကစားရမယ့် အုပ်စုရှိရာ နိုင်ငံမှာ ဟိုတယ်ငှား၊ လေ့ကျင့်ခန်းဆင်းရင်း ပွဲကစားမယ့် နေ့ကို စောင့်ဆိုင်း နေရလေ့ရှိတာပါ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အဲ့ဒိလို မဟုတ်တော့ပါဘူး။ နိုင်ငံတစ်ခုချင်းစီရဲ့ ခရီးသွားလာရတဲ့ အကွာအဝေးက အုပ်စုနဲ့ ရှုံးထွက် အဆင့်တွေအပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။

ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေ အပါအဝင် အုပ်စုပွဲစဉ် အားလုံးကို လက်ခံကျင်းပမယ့် အင်္ဂလန်ဟာ ခရီးသွားရတာ မရှိသလောက် နည်းတဲ့အချိန်မှာ ကမ္ဘာ့ အဆင့် ၁ ဘယ်ဂျီယံလို အသင်းတွေက မိုင်ပေါင်း ထောင်ချီ ခရီးသွားရဖို့ ရှိလာတာတွေက နောက်ပိုင်းမှာ အငြင်းပွားမှုတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ ကိုဗစ်ကပ်ဘေးဆိုးရဲ့ ခြိမ်းခြောက်မှုကလည်း ကျန်ရှိနေသေးတဲ့အတွက် ပြိုင်ပွဲကာလ အတွင်းမှာ နိုင်ငံစုံ ခရီးသွားလာရလို့ ကိုဗစ်ပိုး ပြန့်နှံ့သွားပြီး ရပ်နားလိုက်ရမှာကိုလည်း ပရိသတ်တွေ နဲ့ အသင်းတာဝန်ရှိသူတွေက စိုးရိမ်ပူပင်နေကြပါတယ်။

ယူရို ၂၀၂၀ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံတွေ ထဲမှာ ရုရှားလို အေးခဲ့တဲ့ နိုင်ငံတွေ ပါဝင်သလို အဇာဘိုင်ဂျန်တို့လို အာရှဆန်တဲ့ ရာသီဥတု ပိုင်ဆိုင်တဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် စကော့တလန် ၊ အင်္ဂလန်တို့က ရာသီဥတုတွေ နဲ့ စပိန်၊ဟန်ဂေရီ တို့က ရာသီဥတုတွေကလည်း ကွာခြားလို့ နေပါတယ်။ ကစားသမားတွေ ကတော့ ခရီးပန်းမှုဒဏ်ကို ခံစားကြရဦးမှာပါ။ အုပ်စုအဆင့်ပွဲစဉ်တွေမှာ အင်္ဂလန် ၊ စပိန် ၊ အီတလီ ၊ နယ်သာလန် နဲ့ ဂျာမနီ တို့လို အိမ်ရှင် အသင်းကြီးတွေဟာ ဘယ်ကိုမှ ခရီးမသွားရဘဲ ပွဲစဉ် အားလုံးကို အမိမြေပေါ်မှာပဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခြားအသင်းတွေ ကတော့ အိမ်ကွင်းမှာ ကစားလိုက် အခြားကွင်းမှာ ကစားလိုက် ဖြစ်ကြမှာ ဖြစ်ပြီး အိမ်ရှင် နိုင်ငံမရတဲ့ အသင်းတွေက တောက်လျောက် ခရီးသွားနေကြရမှာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ဆွစ်ဇာလန် (၆၂၁၈ မိုင်) ၊ ပိုလန် (၅၈၇၆ မိုင်) ၊ ဘယ်ဂျီယံ (၅၆၉၀ မိုင်) တို့ကတော့ အသွားအပြန် ခရီးမိုင် အများဆုံး ပြုလုပ်ရမယ့် အသင်းတွေ ဖြစ်လာခဲ့ပါတယ်။ ဝေးလ်အသင်းကတော့ အဇာဘိုင်ဂျန်နိုင်ငံနဲ့ မိုင်ပေါင်း ၂၅၀၀ ဝေးကွာနေလို့ ဘာကူးကွင်း တည်ရှိရာကို သွားရောက်နေထိုင်ကာ ပထမ အုပ်စု ပွဲစဉ် ၂ ပွဲကို ကစားပြီး တတိယ ပွဲစဉ် အတွက် အီတလီကို ခရီးသွားဖို့ စီစဉ်ထားပါတယ်။

zawgyi

အိမ္ရွင္ ၁၁ ႏိုင္ငံက ကြင္း ၁၁ ကြင္းမွာ လွည့္ကစားရမယ့္ ယူ႐ိုၿပိဳင္ပြဲပုံစံသစ္ေၾကာင့္ ကိုဗစ္ထပ္ျပန႔္ပြားမွာ စိုးရိမ္ေနရ

ကိုဗစ္ေၾကာင့္ ၁ ႏွစ္ ေနာက္ဆုတ္ခဲ့ရတဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို မနက္ျဖန္မွာ စတင္ ယွဥ္ၿပိဳင္ကစား ၾကေတာ့မွာ ျဖစ္ပါတယ္။ ယူ႐ို ၿပိဳင္ပြဲရဲ႕ ႏွစ္ ၆၀ ျပည့္ အထိမ္းအမွတ္အျဖစ္ နဲ႔ UEFA ဟာ ဒီတစ္ႀကိမ္ ၿပိဳင္ပြဲကို အရင္က က်င္းပေနတဲ့ တစ္ႏိုင္ငံတည္း အိမ္ရွင္ပုံစံ အစား ဥေရာပေဒသတြင္း ႏိုင္ငံေတြမွာ လွည့္ၿပီး ကစားရတဲ့ပုံစံကို ေျပာင္းလဲက်င္းပေစခဲ့ ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ၿပိဳင္ပြဲကို အိမ္ရွင္ ၁၁ ႏိုင္ငံက ကြင္း ၁၁ ကြင္းမွာ ယွဥ္ၿပိဳင္ကစား သြားၾကမွာပါ။

ဒါဟာ ဆန္းသစ္တဲ့ စိတ္ကူးျဖစ္ေပမယ့္ အျခားတစ္ဖက္မွာေတာ့ ႏိုင္ငံ အမ်ားအျပားမွာ သြားကစားရမွာျဖစ္လို႔ ေဘာလုံး အသင္းေတြအတြက္ အရင္ကထက္ပိုမို ခက္ခဲတဲ့ အေနအထားေတြ ရွိလာပါတယ္။ အဲ့ဒါကေတာ့ ခရီးသြားလာျခင္းပါပဲ။ အရင္ၿပိဳင္ပြဲေတြဟာ အိမ္ရွင္ ၁ ႏိုင္ငံ (သို႔) ၂ ႏိုင္ငံသာ ျဖစ္ၿပီး ကိုယ္ကစားရမယ့္ အုပ္စုရွိရာ ႏိုင္ငံမွာ ဟိုတယ္ငွား၊ ေလ့က်င့္ခန္းဆင္းရင္း ပြဲကစားမယ့္ ေန႔ကို ေစာင့္ဆိုင္း ေနရေလ့ရွိတာပါ။ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ အဲ့ဒိလို မဟုတ္ေတာ့ပါဘူး။ ႏိုင္ငံတစ္ခုခ်င္းစီရဲ႕ ခရီးသြားလာရတဲ့ အကြာအေဝးက အုပ္စုနဲ႔ ရႈံးထြက္ အဆင့္ေတြအေပၚ မူတည္ၿပီး ကြဲျပားသြားပါတယ္။

ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲေတြ အပါအဝင္ အုပ္စုပြဲစဥ္ အားလုံးကို လက္ခံက်င္းပမယ့္ အဂၤလန္ဟာ ခရီးသြားရတာ မရွိသေလာက္ နည္းတဲ့အခ်ိန္မွာ ကမာၻ႔ အဆင့္ ၁ ဘယ္ဂ်ီယံလို အသင္းေတြက မိုင္ေပါင္း ေထာင္ခ်ီ ခရီးသြားရဖို႔ ရွိလာတာေတြက ေနာက္ပိုင္းမွာ အျငင္းပြားမႈေတြ ျဖစ္လာႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာ ကိုဗစ္ကပ္ေဘးဆိုးရဲ႕ ၿခိမ္းေျခာက္မႈကလည္း က်န္ရွိေနေသးတဲ့အတြက္ ၿပိဳင္ပြဲကာလ အတြင္းမွာ ႏိုင္ငံစုံ ခရီးသြားလာရလို႔ ကိုဗစ္ပိုး ျပန႔္ႏွံ႔သြားၿပီး ရပ္နားလိုက္ရမွာကိုလည္း ပရိသတ္ေတြ နဲ႔ အသင္းတာဝန္ရွိသူေတြက စိုးရိမ္ပူပင္ေနၾကပါတယ္။

ယူ႐ို ၂၀၂၀ ကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ႏိုင္ငံေတြ ထဲမွာ ႐ုရွားလို ေအးခဲ့တဲ့ ႏိုင္ငံေတြ ပါဝင္သလို အဇာဘိုင္ဂ်န္တို႔လို အာရွဆန္တဲ့ ရာသီဥတု ပိုင္ဆိုင္တဲ့ ႏိုင္ငံေတြလည္း ရွိေနပါတယ္။ ဒါ့အျပင္ စေကာ့တလန္ ၊ အဂၤလန္တို႔က ရာသီဥတုေတြ နဲ႔ စပိန္၊ဟန္ေဂရီ တို႔က ရာသီဥတုေတြကလည္း ကြာျခားလို႔ ေနပါတယ္။ ကစားသမားေတြ ကေတာ့ ခရီးပန္းမႈဒဏ္ကို ခံစားၾကရဦးမွာပါ။ အုပ္စုအဆင့္ပြဲစဥ္ေတြမွာ အဂၤလန္ ၊ စပိန္ ၊ အီတလီ ၊ နယ္သာလန္ နဲ႔ ဂ်ာမနီ တို႔လို အိမ္ရွင္ အသင္းႀကီးေတြဟာ ဘယ္ကိုမွ ခရီးမသြားရဘဲ ပြဲစဥ္ အားလုံးကို အမိေျမေပၚမွာပဲ ယွဥ္ၿပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ အျခားအသင္းေတြ ကေတာ့ အိမ္ကြင္းမွာ ကစားလိုက္ အျခားကြင္းမွာ ကစားလိုက္ ျဖစ္ၾကမွာ ျဖစ္ၿပီး အိမ္ရွင္ ႏိုင္ငံမရတဲ့ အသင္းေတြက ေတာက္ေလ်ာက္ ခရီးသြားေနၾကရမွာပဲ ျဖစ္ပါတယ္။ ဒီအထဲမွာ ဆြစ္ဇာလန္ (၆၂၁၈ မိုင္) ၊ ပိုလန္ (၅၈၇၆ မိုင္) ၊ ဘယ္ဂ်ီယံ (၅၆၉၀ မိုင္) တို႔ကေတာ့ အသြားအျပန္ ခရီးမိုင္ အမ်ားဆုံး ျပဳလုပ္ရမယ့္ အသင္းေတြ ျဖစ္လာခဲ့ပါတယ္။ ေဝးလ္အသင္းကေတာ့ အဇာဘိုင္ဂ်န္ႏိုင္ငံနဲ႔ မိုင္ေပါင္း ၂၅၀၀ ေဝးကြာေနလို႔ ဘာကူးကြင္း တည္ရွိရာကို သြားေရာက္ေနထိုင္ကာ ပထမ အုပ္စု ပြဲစဥ္ ၂ ပြဲကို ကစားၿပီး တတိယ ပြဲစဥ္ အတြက္ အီတလီကို ခရီးသြားဖို႔ စီစဥ္ထားပါတယ္။