ယူရိုပြိုင်ပွဲမှာ ကစားသမားပါဝင်မှုအများဆုံး ကလပ်အသင်းများ

ကိုဗစ်ရောဂါဆိုးကြောင့် (၁)နှစ်နောက်ကျပြီးမှကျင်းပမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲဟာ ဒီနေ့မှာစတင်တော့မှာဖြစ်ပြီး ဥရောပက နိုင်ငံ(၂၄)အသင်းဟာ တစ်လနီးပါးကြာကျင်းပမယ့် ယူရိုပြိုင်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကြမှာပါ။ ယူရို-၂၀၂၀ပြိုင်ပွဲမှာ ထူးခြားတာက အိမ်ရှင်နိုင်ငံအဖြစ် သီးသန့်သတ်မှတ်ထားတာမရှိဘဲ မတူညီတဲ့မြို့ကြီး(၁၁)မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမှာ ကလပ်အသင်းအသီးသီးက ကစားသမားတွေဟာ သက်ဆိုင်ရာနိုင်ငံအသင်းတွေအတွက် ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ယူရိုပြိုင်ပွဲဝင်အသင်းတွေမှာ ဘယ်ကလပ်အသင်းက ကစားသမားအများဆုံးပါဝင်နေလဲဆိုတာ နာမည်ကျော်အားကစားဝက်ဘ်ဆိုက်ဒ်ဖြစ်တဲ့ 90 min က အခုလိုဖော်ပြခဲ့ပါတယ်. .

ယူရိုပြိုင်ပွဲဝင်အသင်းတွေမှာ ကစားသမားပါဝင်မှုအများဆုံးအသင်းက ၂၀၂၀-၂၁ ရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းဖြစ်ပြီး စုစုပေါင်းကစားသမား (၁၅)ဦးပါဝင်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ မေဆင်မောင့်၊ ရိစ်ဂျိမ်းစ်၊ ချီဝဲလ်၊ ပြင်သစ်အသင်းမှာ ဇူးမား၊ ကွန်တေ၊ ဂျရူး၊ ဂျာမနီအသင်းမှာ ဗာနာ၊ ရူဒီဂါ၊ ဟာဗတ်ဇ်တို့ဟာ သက်ဆိုင်ရာအသင်းတွေနဲ့အတူ ယူရိုပြိုင်ပွဲဆင်နွှဲကြမှာပါ။

ဒါ့အပြင် စပိန်နောက်ခံလူ အက်ဇ်ပီလီကွယ်တာ၊ စကော့တလန်နဲ့ဝေးလ်စ်လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ဂီလ်မော၊ အမ်ပါဒူ၊ အီတလီအသင်း ကွင်းလယ်ဂျော်ဂျင်ဟိုနဲ့ နောက်ခံလူအီမာဆင်၊ ဒိန်းမတ်အသင်းမှာ ခရစ္စတန်ဆင်တို့ ပါဝင်ကစားကြမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့အတူ အရေအတွက်အများဆုံးအဖြစ်ရပ်တည်နေတာက မန်စီးတီးအသင်းဖြစ်ပြီး ဖိုဒန်၊ ဒီဘရိုင်းနား၊ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်၊ ဘာနာဒိုဆေးလ်ဗားတို့အပါအဝင် မန်စီးတီးအသင်းက ကစားသမားစုစုပေါင်း(၁၅)ဦး ယူရိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့မန်စီးတီးအသင်းပြီးရင် ကစားသမားပါဝင်မှုအများဆုံးက ဘိုင်ယန်မြူးနစ်အသင်းဖြစ်ပြီး စုစုပေါင်း(၁၄)ဦးပါဝင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို၊ ချီလီနီတို့ကစားနေတဲ့ ဂျူဗင်တပ်စ်အသင်းက ကစားသမား(၁၂)ဦးဟာ ယူရိုပြိုင်ပွဲယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ယူကရိန်းထိပ်သီး ဒိုင်နမိုကိဗ်အသင်းကတော့ ကစားသမား(၁၁)ဦးပါဝင်မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမား(၁၀)ဦးဟာ ယူရို-၂၀၂၀ပြိုင်ပွဲယှဉ်ပြိုင်မှာဖြစ်ပြီး သူတို့တွေက ဒန်ဂျိမ်းစ်၊ လုခ်ရှော၊ မက်ဂွိုင်းယား၊ ရပ်ရှ်ဖို့ဒ်၊ ဟန်ဒါဆင်၊ တွမ်မီနေး၊ ဒီဂီယာ၊ လင်ဒီလော့ဖ်၊ ပေ့ါဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ပဲဖြစ်ပါတယ်။

zawgyi

ယူ႐ိုၿပိဳင္ပြဲမွာ ကစားသမားပါဝင္မႈအမ်ားဆုံး ကလပ္အသင္းမ်ား

ကိုဗစ္ေရာဂါဆိုးေၾကာင့္ (၁)ႏွစ္ေနာက္က်ၿပီးမွက်င္းပမယ့္ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဟာ ဒီေန႔မွာစတင္ေတာ့မွာျဖစ္ၿပီး ဥေရာပက ႏိုင္ငံ(၂၄)အသင္းဟာ တစ္လနီးပါးၾကာက်င္းပမယ့္ ယူ႐ိုၿပိဳင္ပြဲမွာ အႀကိတ္အနယ္ယွဥ္ၿပိဳင္ၾကမွာပါ။ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ ထူးျခားတာက အိမ္ရွင္ႏိုင္ငံအျဖစ္ သီးသန႔္သတ္မွတ္ထားတာမရွိဘဲ မတူညီတဲ့ၿမိဳ႕ႀကီး(၁၁)ၿမိဳ႕မွာ က်င္းပသြားမွာျဖစ္ပါတယ္။ ယူ႐ိုၿပိဳင္ပြဲမွာ ကလပ္အသင္းအသီးသီးက ကစားသမားေတြဟာ သက္ဆိုင္ရာႏိုင္ငံအသင္းေတြအတြက္ ကိုယ္စားျပဳပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး ယူ႐ိုၿပိဳင္ပြဲဝင္အသင္းေတြမွာ ဘယ္ကလပ္အသင္းက ကစားသမားအမ်ားဆုံးပါဝင္ေနလဲဆိုတာ နာမည္ေက်ာ္အားကစားဝက္ဘ္ဆိုက္ဒ္ျဖစ္တဲ့ 90 min က အခုလိုေဖာ္ျပခဲ့ပါတယ္. .

ယူ႐ိုၿပိဳင္ပြဲဝင္အသင္းေတြမွာ ကစားသမားပါဝင္မႈအမ်ားဆုံးအသင္းက ၂၀၂၀-၂၁ ရာသီခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းျဖစ္ၿပီး စုစုေပါင္းကစားသမား (၁၅)ဦးပါဝင္ေနတာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းက အဂၤလန္ကစားသမားေတြျဖစ္တဲ့ ေမဆင္ေမာင့္၊ ရိစ္ဂ်ိမ္းစ္၊ ခ်ီဝဲလ္၊ ျပင္သစ္အသင္းမွာ ဇူးမား၊ ကြန္ေတ၊ ဂ်႐ူး၊ ဂ်ာမနီအသင္းမွာ ဗာနာ၊ ႐ူဒီဂါ၊ ဟာဗတ္ဇ္တို႔ဟာ သက္ဆိုင္ရာအသင္းေတြနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲဆင္ႏႊဲၾကမွာပါ။

ဒါ့အျပင္ စပိန္ေနာက္ခံလူ အက္ဇ္ပီလီကြယ္တာ၊ စေကာ့တလန္နဲ႔ေဝးလ္စ္လက္ေ႐ြးစင္ကစားသမားေတြျဖစ္တဲ့ ဂီလ္ေမာ၊ အမ္ပါဒူ၊ အီတလီအသင္း ကြင္းလယ္ေဂ်ာ္ဂ်င္ဟိုနဲ႔ ေနာက္ခံလူအီမာဆင္၊ ဒိန္းမတ္အသင္းမွာ ခရစၥတန္ဆင္တို႔ ပါဝင္ကစားၾကမွာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ အေရအတြက္အမ်ားဆုံးအျဖစ္ရပ္တည္ေနတာက မန္စီးတီးအသင္းျဖစ္ၿပီး ဖိုဒန္၊ ဒီဘ႐ိုင္းနား၊ ေဝၚလ္ကာ၊ ဂြၽန္စတုန္းစ္၊ ဘာနာဒိုေဆးလ္ဗားတို႔အပါအဝင္ မန္စီးတီးအသင္းက ကစားသမားစုစုေပါင္း(၁၅)ဦး ယူ႐ိုၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးနဲ႔မန္စီးတီးအသင္းၿပီးရင္ ကစားသမားပါဝင္မႈအမ်ားဆုံးက ဘိုင္ယန္ျမဴးနစ္အသင္းျဖစ္ၿပီး စုစုေပါင္း(၁၄)ဦးပါဝင္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒို၊ ခ်ီလီနီတို႔ကစားေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းက ကစားသမား(၁၂)ဦးဟာ ယူ႐ိုၿပိဳင္ပြဲယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ယူကရိန္းထိပ္သီး ဒိုင္နမိုကိဗ္အသင္းကေတာ့ ကစားသမား(၁၁)ဦးပါဝင္မွာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းက ကစားသမား(၁၀)ဦးဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲယွဥ္ၿပိဳင္မွာျဖစ္ၿပီး သူတို႔ေတြက ဒန္ဂ်ိမ္းစ္၊ လုခ္ေရွာ၊ မက္ဂြိဳင္းယား၊ ရပ္ရွ္ဖို႔ဒ္၊ ဟန္ဒါဆင္၊ တြမ္မီေနး၊ ဒီဂီယာ၊ လင္ဒီေလာ့ဖ္၊ ေပ့ါဘာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ပဲျဖစ္ပါတယ္။