ယူရိုကောင်းကင်ကြီးကို အပြာရောင်တွေခြယ်မှုန်းဖို့ အသင့်ရှိနေတဲ့ အဇူရီတပ်သားများ

နိုင်ငံတကာဘောလုံးသမိုင်းမှာ ဂုဏ်သိက္ခာအမြင့်မားဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရို-၂၀၂၀ပြိုင်ပွဲက ဒီနေ့မှာ စတင်ပါပြီ။ ဒီတစ်ကြိမ်ပြိုင်ပွဲမှာ ထူးထူးခြားခြားဆိုသလို ဥရောပတစ်ဝန်းက မြို့ကြီး(၁၁)မြို့မှာ ပွဲစဉ်တွေကို ကျင်းပသွားမှာဖြစ်ပြီး အဖွင့်ပွဲကတော့ နာမည်ကျော် အီတလီအသင်းနဲ့ တူရကီအသင်းတို့ကစားမယ့်ပွဲနဲ့ ပြိုင်ပွဲကို စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အီတလီဟာ အစဉ်အလာကြီးမားတဲ့အသင်းဖြစ်သလို ဘက်ဂီယို၊ မာလ်ဒီနီ၊ ဗီယာရီ၊ နက်စတာ၊ ဘူဖွန်၊ ပီယာလိုစတဲ့ နာမည်ကျော်ကစားသမားတွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်။

၁၉၆၈ ခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၀၀၊ ၂၀၁၂ ခုနှစ်တွေမှာ ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ပြင်သစ်၊ စပိန်တို့ကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရွှေရောင်မျိုးဆက်ကစားသမားတွေထဲက တချို့ဟာ အသက်အရွယ်ကြောင့် ခြေစွမ်းကျဆင်းလာတာ၊ တချို့က နိုင်ငံအသင်းကနေ အနားယူသွားတာကြောင့် အသင်းကို ပြင်ဆင်မှုတွေလုပ်ခဲ့ရချိန်မှာ အီတလီအသင်းရဲ့အနေအထားက အနုတ်လက္ခဏာပြခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတောင် မအောင်မြင်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့တယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ နည်းပြမန်စီနီနဲ့ ဦးဆောင်မှုနဲ့အတူ အရည်အသွေးမြင့်လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံရင့် ကစားသမားတွေပေါင်းစပ်မှုနဲ့အတူ အီတလီအသင်းဟာ တစ်ကျော့ပြန်အောင်မြင်မှုတွေရယူနိုင်ဖို့ အသင့်ရှိနေပါပြီ။ မန်စီးတီးအသင်းကို ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့တဲ့ မန်စီနီဟာ ၂၀၁၈ ခုနှစ်မှာ အီတလီအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူ့လက်ထက်မှာ အရင်အီတလီအသင်းပုံစံအတိုင်း နိုင်လိုစိတ်ပြင်းထန်တဲ့အသင်းဖြစ်အောင် ပြောင်းလဲခဲ့တဲ့အပြင် ရလဒ်ကောင်းတွေလည်း ရယူနိုင်ခဲ့တယ်။

၂၀၁၈ခုနှစ်၊ စက်တင်ဘာလတုန်းက ပေါ်တူဂီအသင်းကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းကတည်းက အီတလီအသင်း လုံးဝရှုံးပွဲမရှိတော့ဘဲ (၁)နှစ်ကျော်ကာလအတွင်း (၂၂)ပွဲနိုင်၊ (၄)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အားရစရာကောင်းတာက တစ်ချိန်က ခံစစ်စွမ်းဆောင်ရည်ကောင်းတဲ့ အီတလီအသင်းကို မန်စီနီလက်ထက်မှာ ပြန်မြင်ရတာဖြစ်ပြီး နောက်ဆုံး(၈)ပွဲဆက်တိုက် ဂိုးမပေးခဲ့ရသလို အဲဒီပွဲတိုင်းအနိုင်ရခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တယ်။

ထူးခြားတာက အီတလီအသင်း ခံစစ်စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့် မန်စီနီက တိုက်စစ်အသားပေး (၄-၃-၃)ကစားကွက်ကို အဓိကအသုံးပြုနေတာဖြစ်ပြီး လက်ရှိအီတလီအသင်းရဲ့နေရာအလိုက်မှာလည်း ကစားသမားကောင်းတွေရှိနေတာကြောင့် ခံစစ်နဲ့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်က အကောင်းဆုံးအနေအထားကိုရောက်နေတာပါ။ ခံစစ်မှာ ဂျူဗင်တပ်စ်အသင်းရဲ့ သက်တော်ရှည်မဟာတံတိုင်းကြီးတွေဖြစ်တဲ့ ချီလီနီ(၃၆နှစ်)၊ ဘိုနူချီ(၃၄နှစ်)တို့ဟာ အခုအချိန်အထိ နိုင်ငံအသင်းအတွက် အကောင်းဆုံးအသုံးတော်ခံနေဆဲပါပဲ။

ကွင်းလယ်မှာ ဗာရက်တီ၊ အင်ဆစ်ဂ်နီ၊ ဘာရယ်လာ၊ ချီယေဆာတို့လို တိုက်စစ်အားသန်ကစားသမားတွေရှိနေတဲ့အပြင် တိုက်စစ်မှာလည်း အီမိုဘီလီ၊ ဘယ်လော့တီ၊ ဘာနာဒက်ခီစတဲ့ ကစားသမားကောင်းတွေရှိနေတယ်။ အီတလီအသင်းရဲ့ ထုံးစံက နိုင်ငံတကာပြိုင်ပွဲကြီး မစခင် ဗိုလ်စွဲဖို့ရေပန်းစားလေ့မရှိဘဲ ဖျက်မြင်းအသင်းအဖြစ်သာ အမြဲလိုလိုသတ်မှတ်ခံရပေမယ့် သူတို့ဟာ ဖြည်းဖြည်းနဲ့မှန်မှန်သွားပြီး မထင်မှတ်တာတွေကို လုပ်ပြနိုင်လေ့ရှိပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာ၊ ၂၀၀၀ နဲ့ ၂၀၁၂ ယူရိုပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအထိတက်ခဲ့တာတွေက အကောင်းဆုံးသာဓကတွေပါပဲ။

အခုအချိန်မှာတော့ အီတလီအသင်းဟာ မန်စီနီလို အရည်အသွေးမြင့်နည်းပြတစ်ဦးရဲ့ ဦးဆောင်မှုနဲ့အတူ ရှေ့၊လယ်၊နောက်မှာလည်း အားရစရာကောင်းတဲ့စုဖွဲ့မှုပိုင်ဆိုင်ထားတာကြောင့် ယူရို-၂၀၂၀ပြိုင်ပွဲမှာ မထင်မှတ်တာတွေကို လုပ်ပြဖို့အသင့်ရှိနေပါပြီ။ နှစ်ပေါင်း(၅၀)ကျော်ကြာဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးပြီး ယူရိုကောင်းကင်ကြီးကို အပြာရောင်တွေခြယ်မှုန်းနိုင်အောင် အဇူရီတပ်သားတွေ စွမ်းဆောင်ပြနိုင်မလားဆိုတာကတော့ . . .

zawgyi

ယူ႐ိုေကာင္းကင္ႀကီးကို အျပာေရာင္ေတြျခယ္မႈန္းဖို႔ အသင့္ရွိေနတဲ့ အဇူရီတပ္သားမ်ား

ႏိုင္ငံတကာေဘာလုံးသမိုင္းမွာ ဂုဏ္သိကၡာအျမင့္မားဆုံးၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲက ဒီေန႔မွာ စတင္ပါၿပီ။ ဒီတစ္ႀကိမ္ၿပိဳင္ပြဲမွာ ထူးထူးျခားျခားဆိုသလို ဥေရာပတစ္ဝန္းက ၿမိဳ႕ႀကီး(၁၁)ၿမိဳ႕မွာ ပြဲစဥ္ေတြကို က်င္းပသြားမွာျဖစ္ၿပီး အဖြင့္ပြဲကေတာ့ နာမည္ေက်ာ္ အီတလီအသင္းနဲ႔ တူရကီအသင္းတို႔ကစားမယ့္ပြဲနဲ႔ ၿပိဳင္ပြဲကို စတင္ဖြင့္လွစ္မွာျဖစ္ပါတယ္။ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ အီတလီဟာ အစဥ္အလာႀကီးမားတဲ့အသင္းျဖစ္သလို ဘက္ဂီယို၊ မာလ္ဒီနီ၊ ဗီယာရီ၊ နက္စတာ၊ ဘူဖြန္၊ ပီယာလိုစတဲ့ နာမည္ေက်ာ္ကစားသမားေတြ အမ်ားႀကီးထြက္ေပၚခဲ့ပါတယ္။

၁၉၆၈ ခုႏွစ္ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့ၿပီး ၂၀၀၀၊ ၂၀၁၂ ခုႏွစ္ေတြမွာ ဗိုလ္လုပြဲတက္ခဲ့ေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ ျပင္သစ္၊ စပိန္တို႔ကို ရႈံးနိမ့္ခဲ့လို႔ ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ေ႐ႊေရာင္မ်ိဳးဆက္ကစားသမားေတြထဲက တခ်ိဳ႕ဟာ အသက္အ႐ြယ္ေၾကာင့္ ေျခစြမ္းက်ဆင္းလာတာ၊ တခ်ိဳ႕က ႏိုင္ငံအသင္းကေန အနားယူသြားတာေၾကာင့္ အသင္းကို ျပင္ဆင္မႈေတြလုပ္ခဲ့ရခ်ိန္မွာ အီတလီအသင္းရဲ႕အေနအထားက အႏုတ္လကၡဏာျပခဲ့ၿပီး ၂၀၁၈ ကမာၻ႔ဖလားေျခစစ္ပြဲေတာင္ မေအာင္ျမင္ခဲ့ရတဲ့အထိ ဆိုး႐ြားခဲ့တယ္။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ နည္းျပမန္စီနီနဲ႔ ဦးေဆာင္မႈနဲ႔အတူ အရည္အေသြးျမင့္လူငယ္ကစားသမားေတြနဲ႔ အေတြ႕အႀကဳံရင့္ ကစားသမားေတြေပါင္းစပ္မႈနဲ႔အတူ အီတလီအသင္းဟာ တစ္ေက်ာ့ျပန္ေအာင္ျမင္မႈေတြရယူႏိုင္ဖို႔ အသင့္ရွိေနပါၿပီ။ မန္စီးတီးအသင္းကို ပထမဆုံးအႀကိမ္ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူေပးခဲ့တဲ့ မန္စီနီဟာ ၂၀၁၈ ခုႏွစ္မွာ အီတလီအသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး သူ႔လက္ထက္မွာ အရင္အီတလီအသင္းပုံစံအတိုင္း ႏိုင္လိုစိတ္ျပင္းထန္တဲ့အသင္းျဖစ္ေအာင္ ေျပာင္းလဲခဲ့တဲ့အျပင္ ရလဒ္ေကာင္းေတြလည္း ရယူႏိုင္ခဲ့တယ္။

၂၀၁၈ခုႏွစ္၊ စက္တင္ဘာလတုန္းက ေပၚတူဂီအသင္းကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္းကတည္းက အီတလီအသင္း လုံးဝရႈံးပြဲမရွိေတာ့ဘဲ (၁)ႏွစ္ေက်ာ္ကာလအတြင္း (၂၂)ပြဲႏိုင္၊ (၄)ပြဲသေရရလဒ္ထြက္ေပၚခဲ့တာျဖစ္ပါတယ္။ အားရစရာေကာင္းတာက တစ္ခ်ိန္က ခံစစ္စြမ္းေဆာင္ရည္ေကာင္းတဲ့ အီတလီအသင္းကို မန္စီနီလက္ထက္မွာ ျပန္ျမင္ရတာျဖစ္ၿပီး ေနာက္ဆုံး(၈)ပြဲဆက္တိုက္ ဂိုးမေပးခဲ့ရသလို အဲဒီပြဲတိုင္းအႏိုင္ရခဲ့တဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့တယ္။

ထူးျခားတာက အီတလီအသင္း ခံစစ္စြမ္းေဆာင္ရည္ေကာင္းေတြျပသေနေပမယ့္ မန္စီနီက တိုက္စစ္အသားေပး (၄-၃-၃)ကစားကြက္ကို အဓိကအသုံးျပဳေနတာျဖစ္ၿပီး လက္ရွိအီတလီအသင္းရဲ႕ေနရာအလိုက္မွာလည္း ကစားသမားေကာင္းေတြရွိေနတာေၾကာင့္ ခံစစ္နဲ႔ တိုက္စစ္ပိုင္းစြမ္းေဆာင္ရည္က အေကာင္းဆုံးအေနအထားကိုေရာက္ေနတာပါ။ ခံစစ္မွာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ သက္ေတာ္ရွည္မဟာတံတိုင္းႀကီးေတြျဖစ္တဲ့ ခ်ီလီနီ(၃၆ႏွစ္)၊ ဘိုႏူခ်ီ(၃၄ႏွစ္)တို႔ဟာ အခုအခ်ိန္အထိ ႏိုင္ငံအသင္းအတြက္ အေကာင္းဆုံးအသုံးေတာ္ခံေနဆဲပါပဲ။

ကြင္းလယ္မွာ ဗာရက္တီ၊ အင္ဆစ္ဂ္နီ၊ ဘာရယ္လာ၊ ခ်ီေယဆာတို႔လို တိုက္စစ္အားသန္ကစားသမားေတြရွိေနတဲ့အျပင္ တိုက္စစ္မွာလည္း အီမိုဘီလီ၊ ဘယ္ေလာ့တီ၊ ဘာနာဒက္ခီစတဲ့ ကစားသမားေကာင္းေတြရွိေနတယ္။ အီတလီအသင္းရဲ႕ ထုံးစံက ႏိုင္ငံတကာၿပိဳင္ပြဲႀကီး မစခင္ ဗိုလ္စြဲဖို႔ေရပန္းစားေလ့မရွိဘဲ ဖ်က္ျမင္းအသင္းအျဖစ္သာ အၿမဲလိုလိုသတ္မွတ္ခံရေပမယ့္ သူတို႔ဟာ ျဖည္းျဖည္းနဲ႔မွန္မွန္သြားၿပီး မထင္မွတ္တာေတြကို လုပ္ျပႏိုင္ေလ့ရွိပါတယ္။ ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တာ၊ ၂၀၀၀ နဲ႔ ၂၀၁၂ ယူ႐ိုၿပိဳင္ပြဲေတြမွာ ဗိုလ္လုပြဲအထိတက္ခဲ့တာေတြက အေကာင္းဆုံးသာဓကေတြပါပဲ။

အခုအခ်ိန္မွာေတာ့ အီတလီအသင္းဟာ မန္စီနီလို အရည္အေသြးျမင့္နည္းျပတစ္ဦးရဲ႕ ဦးေဆာင္မႈနဲ႔အတူ ေရွ႕၊လယ္၊ေနာက္မွာလည္း အားရစရာေကာင္းတဲ့စုဖြဲ႕မႈပိုင္ဆိုင္ထားတာေၾကာင့္ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ မထင္မွတ္တာေတြကို လုပ္ျပဖို႔အသင့္ရွိေနပါၿပီ။ ႏွစ္ေပါင္း(၅၀)ေက်ာ္ၾကာေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုကို ျပန္လည္ဆြတ္ခူးၿပီး ယူ႐ိုေကာင္းကင္ႀကီးကို အျပာေရာင္ေတြျခယ္မႈန္းႏိုင္ေအာင္ အဇူရီတပ္သားေတြ စြမ္းေဆာင္ျပႏိုင္မလားဆိုတာကေတာ့ . . .