မက်ဆီက ဒေးဗစ်ဘက်ခမ်ပိုင်တဲ့ အင်တာမီယာမီဆီအသင်းကို စာချုပ်သက်တမ်းကုန်မယ့် (၂၀၂၃)မှာ ပြောင်းရွှေ့မယ်လို့ ဆိုထား

အမေရိကန် မေ၈ျာလိဂ်ကလပ်အသင်းဖြစ်တဲ့ အင်တာမိုင်ယာမီ အသင်းပိုင်ရှင် ဂျော့ခ်ျမတ်စ် က အနာဂတ်မှာ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ကို ခေါ်ယူနိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောလိုက်ပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုလအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

သတင်းတွေအရ မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ (၂)နှစ်သက်တမ်းတိုးမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်မယ့် (၂၀၂၃)မှာ အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့မယ်လို့ ဆိုထားတာဖြစ်ပါတယ်။ဂျော့ခ်ျမတ်စ်ဟာ အင်တာမီယာမီကို ဒေးဗစ်ဘက်ခမ်းနဲ့ ပူးတွဲပိုင်ဆိုင်ထားပြီး မက်ဆီကို ဖလော်ရီဒါကို ခေါ်ဆောင်နိုင်ဖို့ အတွက် ဆွေးနွေးမှုထဲမှု ပါဝင်ကြောင်း အတည်ပြုထားပါတယ်။

ဂျော့ခ်ျမတ်စ်က “ဘက်ခမ်းနဲ့ ကျွန်တော်ဟာ အရမ်းကိုကြိုးစားနေပါတယ်။ကျွန်တော်တို့ ဒီကို အကောင်းဆုံးကစားသမားတွေခေါ်ဆောင်ဖို့ မျှော်လင့်ချက်ရှိပါတယ်။ မက်ဆီဟာ မျိုးဆက်ကစားသမားဖြစ်ပြီး အချိန်တိုင်းရဲ့အကောင်းဆုံးကစားသမားလည်းဖြစ်ပါတယ်။ မက်ဆီ ဟာ အင်တာမိုင်ယာမီ ရဲ့ဂျာစီဝတ်ဆင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ရဲ့မျိုးဆက်အတွက် အကောင်းဆုံးကစားသမားရဲ့အမွေကို ဖြည့်ဆည်းနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါမှလည်း ကမ္ဘာ့အဆင့်မီအသင်းတည်ဆောက်မယ့် အင်တာမိုင်ယာမီအသင်းပိုင်ရှင်တွေရဲ့ ရည်မှန်းချက်တွေလည်း ပြည့်စုံသွားပါလိမ့်မယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီ ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ အမေရိကန်နိုင်ငံမှာ ကစားဖို့ စိတ်ဝင်စားတယ်လို့ ပြောဆိုထားပါတယ်။ စပိန်သတင်းစာ LA Sexta နဲ့ အင်တာဗျူးမှာ မက်ဆီက ”ကျွန်တော်အမြဲပြောနေကြပါပဲ၊ အမေရိကမှာ နေထိုင်ရတဲ့ အတွေ့အကြုံကို ခံစားဖို့ စိတ်ဆန္ဒ ရှိပါတယ်၊သူတို့လိဂ်မှာ ကစားဖို့ပါ။ ဒါပေမယ့် ဖြစ်လာမယ် မဖြစ်လာဘူး ဆိုတာတော့ မသိပါဘူး” လို့ ပြောကြားခဲ့ဖူးပါတယ်။ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရှိသေးဘဲ အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့အတွက် လက်ရွေးစင် အသင်းဖော် အဂွေရိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။

zawgyi

မက္ဆီက ေဒးဗစ္ဘက္ခမ္ပိုင္တဲ့ အင္တာမီယာမီဆီအသင္းကို စာခ်ဳပ္သက္တမ္းကုန္မယ့္ (၂၀၂၃)မွာ ေျပာင္းေ႐ႊ႕မယ္လို႔ ဆိုထား

အေမရိကန္ ေမ၈်ာလိဂ္ကလပ္အသင္းျဖစ္တဲ့ အင္တာမိုင္ယာမီ အသင္းပိုင္ရွင္ ေဂ်ာ့ခ္်မတ္စ္ က အနာဂတ္မွာ ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီ ကို ေခၚယူႏိုင္မယ္ဆိုတာ ယုံၾကည္မႈရွိတယ္လို႔ ေျပာလိုက္ပါတယ္။ မက္ဆီနဲ႔ ဘာစီလိုနာတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုလအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ သတင္းေတြအရ မက္ဆီဟာ ဘာစီလိုနာ အသင္းနဲ႔ (၂)ႏွစ္သက္တမ္းတိုးမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္မယ့္ (၂၀၂၃)မွာ အင္တာမိုင္ယာမီအသင္းကို ေျပာင္းေ႐ႊ႕မယ္လို႔ ဆိုထားတာျဖစ္ပါတယ္။

ေဂ်ာ့ခ္်မတ္စ္ဟာ အင္တာမီယာမီကို ေဒးဗစ္ဘက္ခမ္းနဲ႔ ပူးတြဲပိုင္ဆိုင္ထားၿပီး မက္ဆီကို ဖေလာ္ရီဒါကို ေခၚေဆာင္ႏိုင္ဖို႔ အတြက္ ေဆြးေႏြးမႈထဲမႈ ပါဝင္ေၾကာင္း အတည္ျပဳထားပါတယ္။ ေဂ်ာ့ခ္်မတ္စ္က “ဘက္ခမ္းနဲ႔ ကြၽန္ေတာ္ဟာ အရမ္းကိုႀကိဳးစားေနပါတယ္။ကြၽန္ေတာ္တို႔ ဒီကို အေကာင္းဆုံးကစားသမားေတြေခၚေဆာင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိပါတယ္။ မက္ဆီဟာ မ်ိဳးဆက္ကစားသမားျဖစ္ၿပီး အခ်ိန္တိုင္းရဲ႕အေကာင္းဆုံးကစားသမားလည္းျဖစ္ပါတယ္။ မက္ဆီ ဟာ အင္တာမိုင္ယာမီ ရဲ႕ဂ်ာစီဝတ္ဆင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ဘာလို႔လဲဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕မ်ိဳးဆက္အတြက္ အေကာင္းဆုံးကစားသမားရဲ႕အေမြကို ျဖည့္ဆည္းႏိုင္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒါမွလည္း ကမာၻ႔အဆင့္မီအသင္းတည္ေဆာက္မယ့္ အင္တာမိုင္ယာမီအသင္းပိုင္ရွင္ေတြရဲ႕ ရည္မွန္းခ်က္ေတြလည္း ျပည့္စုံသြားပါလိမ့္မယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မက္ဆီ ကိုယ္တိုင္ကလည္း ၿပီးခဲ့တဲ့ႏွစ္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဳးမွာ အေမရိကန္ႏိုင္ငံမွာ ကစားဖို႔ စိတ္ဝင္စားတယ္လို႔ ေျပာဆိုထားပါတယ္။ စပိန္သတင္းစာ LA Sexta နဲ႔ အင္တာဗ်ဴးမွာ မက္ဆီက ”ကြၽန္ေတာ္အၿမဲေျပာေနၾကပါပဲ၊ အေမရိကမွာ ေနထိုင္ရတဲ့ အေတြ႕အႀကဳံကို ခံစားဖို႔ စိတ္ဆႏၵ ရွိပါတယ္၊သူတို႔လိဂ္မွာ ကစားဖို႔ပါ။ ဒါေပမယ့္ ျဖစ္လာမယ္ မျဖစ္လာဘူး ဆိုတာေတာ့ မသိပါဘူး” လို႔ ေျပာၾကားခဲ့ဖူးပါတယ္။

ဘာစီလိုနာအသင္းဟာ လက္ရွိအခ်ိန္မွာ မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈမရရွိေသးဘဲ အသင္းမွာ ဆက္ထိန္းသိမ္းႏိုင္ဖို႔အတြက္ လက္ေ႐ြးစင္ အသင္းေဖာ္ အေဂြ႐ိုကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားတာျဖစ္ပါတယ္။