ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိ

အင်္ဂလန်လက်ရွေးစင် အသင်းတောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ ဆန်ချို အတွက် ဒေါ့မွန်အသင်းကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နှစ်ထဲက ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဆင်မပြေခဲ့လို့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာပါ။ဒီရာသီမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆန်ချိုကို အရခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းက ယူရို ၇၈သန်း နဲ့ အရင်ဆုံး ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်အသင်းက ယူရို ၉၅သန်း အလိုရှိနေခဲ့တာပါ။ ယူနိုက်တက်အသင်းအနေနဲ့ မနှစ်ကလို လက်မလွှတ်ရစေဖို့ အတွက် ဒေါ့မွန်အသင်း တောင်းဆိုတဲ့ ယူရို ၉၅သန်းကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း + အပိုဆုကြေး ယူရို ၅သန်း ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ကိုက်ညီအောင် ပြုလုပ်ခဲ့ပြီး ဒေါ့မွန်အသင်းက ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားမှာ ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းကို ဘယ်လိုပုံစံနဲ့ ပေးချေမလဲ ဆိုတာ ဆွေးနွေးနေပြီး ဒေါ့မွန်အသင်းဘက်က ၅နှစ်ထက် နည်းတဲ့ ကာလတို တခုအတွင်းမှာ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေး အကုန်ပေးချေဖို့ ယူနိုက်တက်ထံ တောင်းဆိုထားကြောင်း BBC မှာ ဖော်ပြထားပါတယ်။ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယိုရိုမာနိုကလည်း ဆန်ချိုအတွက် ယူနိုက်တက်နဲ့ ဒေါ့မွန်တို့ကြားမှာ ဆွေးနွေးမှုတွေ ပြီးပြတ်ဖို့ နည်းနည်းပဲ လိုအပ်တော့တယ်လို့ ဆိုထားတာကြောင့် မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။

ဆန်ချို ကို ခေါ်ယူဖို့ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီး အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ကစားသမားက ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ဆန်ချိုနဲ့ ဟာလန်းတို့ နှစ်ဦးစလုံးကို နွေဈေးကွက် တခုထဲမှာ ရောင်းချဖို့ ဆန္ဒမရှိတဲ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းခန့် သုံးမှသာ ဟာလန်းကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ ဆန်ချို ဟာ လက်ရှိအချိန်မှာ ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်လူစာရင်းမှာ ပါဝင်နေပြီး ယူနိုက်တက် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်နဲ့ အတူ လေ့ကျင့်ရေး အစီအစဉ်ေတွေနဲ့ gym ကစားတာတွေ တပူးတွဲတွဲပြုလုပ်နေတာကို မီဒီယာတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဖော်ပြခဲ့ကြပါတယ်။

ဆန်ချို ဟာ ဒေါ့မွန်အသင်းအတွက် ပွဲပေါင်း ၁၃၇ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုး၅၀ သွင်းယူကာ ၆၄ဂိုး ဖန်တီးနိုင်ခဲ့ပြီး အသင်းနဲ့အတူ ပိုကယ်ဖလားရယူနိုင်ခဲ့ပါတယ်။

zawgyi

ဆန္ခ်ိဳကို ေခၚယူဖို႔ ယူႏိုက္တက္ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရရွိ

အဂၤလန္လက္ေရြးစင္ အသင္းေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူဖို႔ ယူနိုက္တက္ အသင္းဟာ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရရွိသြားၿပီျဖစ္ပါတယ္။ ဆန္ခ်ိဳ အတြက္ ေဒါ့မြန္အသင္းကို ယူရိုသန္း(၇၀)နဲ႔ ကမ္းလွမ္းမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ထဲက ဆန္ခ်ိဳကို ေခၚယူဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကးအဆင္မေျပခဲ့လို႔ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့တာပါ။ဒီရာသီမွာေတာ့ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဆန္ခ်ိဳကို အရေခၚယူဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။

ယူနိုက္တက္ အသင္းက ယူရို ၇၈သန္း နဲ႔ အရင္ဆံုး ကမ္းလွမ္းခဲ့ေပမယ့္ ေဒါ့မြန္အသင္းက ယူရို ၉၅သန္း အလိုရွိေနခဲ႔တာပါ။ ယူနိုက္တက္အသင္းအေနနဲ႔ မႏွစ္ကလို လက္မလႊတ္ရေစဖို႔ အတြက္ ေဒါ့မြန္အသင္း ေတာင္းဆိုတဲ႔ ယူ႐ို ၉၅သန္းကို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၉၀သန္း + အပိုဆုေၾကး ယူ႐ို ၅သန္း ဆိုတဲ့ ကမ္းလွမ္းမႈနဲ႔ ကိုက္ညီေအာင္ ျပဳလုပ္ခဲ့ၿပီး ေဒါ့မြန္အသင္းက ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့ပါတယ္။

ယူႏိုက္တက္အသင္းနဲ႔ ေဒါ့မြန္အသင္းတို႔ရဲ႕ ၾကားမွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၉၀သန္းကို ဘယ္လိုပုံစံနဲ႔ ေပးေခ်မလဲ ဆိုတာ ေဆြးေႏြးေနၿပီး ေဒါ့မြန္အသင္းဘက္က ၅ႏွစ္ထက္ နည္းတဲ့ ကာလတို တခုအတြင္းမွာ ဆန္ခ်ိဳရဲ႕ ေျပာင္းေ႐ႊ႕ေၾကး အကုန္ေပးေခ်ဖို႔ ယူႏိုက္တက္ထံ ေတာင္းဆိုထားေၾကာင္း BBC မွာ ေဖာ္ျပထားပါတယ္။ နာမည္ႀကီး သတင္းေထာက္ ဖာဘရီဇီယို႐ိုမာႏိုကလည္း ဆန္ခ်ိဳအတြက္ ယူႏိုက္တက္နဲ႔ ေဒါ့မြန္တို႔ၾကားမွာ ေဆြးေႏြးမႈေတြ ၿပီးျပတ္ဖို႔ နည္းနည္းပဲ လိုအပ္ေတာ့တယ္လို႔ ဆိုထားတာေၾကာင့္ မၾကာခင္ ရက္ပိုင္းအတြင္းမွာပဲ ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းရဲ႕ ကစားသမားသစ္ ျဖစ္လာဖြယ္ ရွိေနပါတယ္။

ဆန္ခ်ိဳ ကို ေခၚယူဖို႔ ယူနိုက္တက္ရဲ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ခ်ဲလ္ဆီး အသင္းကလည္း စိတ္ဝင္စားေနပါတယ္။ ဒါေပမယ့္ ကစားသမားက ယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕ခ်င္ေနတာျဖစ္ပါတယ္။ ေဒါ့မြန္အသင္းဟာ ဆန္ခ်ိဳနဲ႔ ဟာလန္းတို႔ ႏွစ္ဦးစလုံးကို ေႏြေဈးကြက္ တခုထဲမွာ ေရာင္းခ်ဖို႔ ဆႏၵမရွိတဲ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၅၀သန္းခန႔္ သုံးမွသာ ဟာလန္းကို ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ အခြင့္အ​ေရး ရႏိုင္ပါတယ္။ ဆန္ခ်ိဳ ဟာ လက္ရွိအခ်ိန္မွာ ယူရိုၿပိဳင္ပြဲဝင္မယ့္ အဂၤလန္လူစာရင္းမွာ ပါဝင္ေနၿပီး ယူႏိုက္တက္ တိုက္စစ္မႈး ရက္ရွ္ဖို႔ဒ္နဲ႔ အတူ ေလ႔က်င္႔ေရး အစီအစဥ္ေေတြနဲ႔ gym ကစားတာေတြ တပူးတြဲတြဲျပဳလုပ္ေနတာကို မီဒီယာေတြက ျပီးခဲ႔တဲ႔ ရက္ပိုင္းတုန္းက ေဖာ္ျပခဲ႔ၾကပါတယ္။

ဆန္ခ်ိဳ ဟာ ေဒါ့မြန္အသင္းအတြက္ ပြဲေပါင္း ၁၃၇ပြဲ ပါဝင္ကစားခဲ့ၿပီး ဂိုး၅၀ သြင္းယူကာ ၆၄ဂိုး ဖန္တီးနိုင္ခဲ့ၿပီး အသင္းနဲ႔အတူ ပိုကယ္ဖလားရယူနိုင္ခဲ့ပါတယ္။