စောင့်ကြည့်ရမယ့် ယူရိုပွဲက သွေးသစ်လောင်းမယ့် လူငယ်များ

ယူရို ပြိုင်ပွဲဟာ လူငယ် ကြယ်ပွင့်တွေကို မွေးထုတ်ပေးလေ့ ရှိတဲ့ ပြိုင်ပွဲ တစ်ခုလည်းဖြစ်ပါတယ်။အခုနှစ်ပွဲမှာလည်း ခြေစွမ်း ခြေစ ထက်မြက်တဲ့ လူငယ်တွေပါဝင် လာခဲ့ကြပါတယ်။ ဒါကြောင့် ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့ လူငယ်ကစားသမားတွေကို တင်ဆက်ပေးလိုက်ပါတယ်။

☆ ဘယ်လင်ဟမ် (အင်္ဂလန်)

အသက် ၁၇နှစ်ပဲ ရှိသေးပေမယ့် တောင့်တင်း ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ ရဲရဲဝံ့ဝံ့ ကစားတတ်တဲ့ ကစားပုံတွေကြောင့် ဘယ်လင်ဟမ်ဟာ အင်္ဂလန်အသင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်လာနိုင်ပါတယ်။

☆ရစ်ဆီ ဂျိမ်းစ် ( အင်္ဂလန် )

ရစ်ဆီ ဂျိမ်းစ် ဟာ ဒီနှစ် မှာတော့ ချဲလ်ဆီး နဲ့ အတူ ချန်ပီယံလိဂ် ဖလား ရခဲ့ပါတယ်။ အင်္ဂလန်အတွက် ခြေစွမ်းကောင်းပြဖို့ ပြင်နေပါတယ်။

☆ ဖီးလ်ဖိုဒန် ( အင်္ဂလန် )

ပရီးမီးယားလိဂ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ဆု နဲ့ PFA Young Player of the Year ဆုတွေကို ရရှိ ခဲ့တဲ့ ဖိုဒန် ဟာ ဆောက်ဂိတ် ရဲ့ အင်္ဂလန် အသင်းရှေ့တန်းမှာ ကိန်း ၊ ရက်ဖိုဒ့် ၊ ဆန်ချို တို့နဲ့ အပြိုင် နေရာပေးခံရဖို့ ရှိနေပါတယ်။

☆ဂရာဗန်ဘက် (နယ်သာလန်)

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အေဂျက်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဂရာဗန်ဘက်ဟာ ယခုနှစ် ယူရို၂၀၂၀ပြိုင်ပွဲမှာ နယ်သာလန်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲကို ပါဝင်နိုင်ဖို့ အလားအလာ များနေသူပါ။ ဗန်ဒီဘိခ် မပါနိုင်တဲ့ အနေအထားကြောင့် နယ်သာလန်နည်းပြ ဖရန်ဒီ ဘိုးဝါးဟာ ဂရာဗန်ဘက်ကို အသင်းရဲ့ နံပါတ် ၁၀ နေရာမှာ ကစားခိုင်းဖို့ စီစဉ်ထားကြောင်း ကြားသိရပါတယ်။

☆ ဒီလစ် ( နယ်သာလန် )

ဒီလစ် ကတော့ ဒီစာရင်းထဲမှာ အတွေ့ အကြုံ အများဆုံး လူငယ် တစ်ယောက်လို့ ဆိုရမှာပါ ။ အသက် ၁၉ နှစ် အရွယ် ကတည်းက အိုင်ယက်စ် အသင်းခေါင်းဆောင် လက်ပတ်ကို ဆင်မြန်းခွင့် ရခဲ့ပါတယ်။

☆ချီဆာ (အီတလီ)

အသက် ၂၃နှစ် အရွယ် ချီဆာကတော့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ရွှေဖိနပ်ဆု ရဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အီတလီ ကစားသမား ၃ဦးထဲက တစ်ဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။

အနာတိုလီတာဘင် ( ယူကရိန်း )

အသက် ၁၉ နှစ်သာ ရှိသေးပေမယ့် တာဘင် ဟာပြီးခဲ့တဲ့ ရာသီ တုန်းက ဒိုင်နမိုကိဗ် အသင်းနဲ့ ၂၁ ပွဲ ကစားရာမှာ clean sheets ၁၀ ပွဲအထိ ရအောင် စွမ်းဆောင် ပေးထားခဲ့ပါတယ်။

☆ အဲရစ်ဂါစီယာ ( စပိန် )

မန်စီးတီး လူငယ်လေး အတွက်တော့ ဒါဟာ သူ့ရဲ့ ပထမဆုံး အဓိက ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ နည်းပြ လူးဝစ် အင်းနရစ် ရဲ့ လုပ်ရပ်ဟာ အဲရစ် ဂါစီယာ တို့လို လူငယ်တွေ အပေါ် ယုံကြည်မှု အပြည့် ရှိတာလားဆိုတာ ကြည့်ရပါမယ်။

☆ ပီဒရီ ( စပိန် )

အသက် ၁၈ နှစ်ကျော်သာ ရှိသေးပေမယ့် လာမာစီယာ အကယ်ဒမီထွက် တစ်ဦး ဖြစ်တဲ့ ပီဒရီ ရဲ့ လက်ရှိ ဈေးကွက်တန်ကြေးက ပေါင် သန်း ၆၀ ကျော်နေပါပြီ။

မန်ဒက်စ် ( ပေါ်တူဂီ )

အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားသူ တစ်ယောက်လို့ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

☆ ကိုင်ဟာဗက် ( ဂျာမနီ )

၂၁ နှစ်အရွယ်သာ ရှိသေးပေမယ့် လက်ရွေးစင် အသင်းကြီး အတွက် ၁၃ ပွဲ ကစားပေးထားပြီး သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေလည်းရယူထားနိုင်ခဲ့ပါတယ်။

zawgyi

ေစာင့္ၾကည့္ရမယ့္ ယူ႐ိုပြဲက ေသြးသစ္ေလာင္းမယ့္ လူငယ္မ်ား

ယူ႐ို ၿပိဳင္ပြဲဟာ လူငယ္ ၾကယ္ပြင့္ေတြကို ေမြးထုတ္ေပးေလ့ ရွိတဲ့ ၿပိဳင္ပြဲ တစ္ခုလည္းျဖစ္ပါတယ္။အခုႏွစ္ပြဲမွာလည္း ေျခစြမ္း ေျခစ ထက္ျမက္တဲ့ လူငယ္ေတြပါဝင္ လာခဲ့ၾကပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြ ေစာင့္ၾကည့္သင့္တဲ့ လူငယ္ကစားသမားေတြကို တင္ဆက္ေပးလိုက္ပါတယ္။

☆ ဘယ္လင္ဟမ္ (အဂၤလန္)

အသက္ ၁၇ႏွစ္ပဲ ရွိေသးေပမယ့္ ေတာင့္တင္း ႀကံ့ခိုင္တဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားသလို သူ႔ရဲ႕ ရဲရဲဝံ့ဝံ့ ကစားတတ္တဲ့ ကစားပုံေတြေၾကာင့္ ဘယ္လင္ဟမ္ဟာ အဂၤလန္အသင္းရဲ႕ ၾကယ္တစ္ပြင့္ျဖစ္လာႏိုင္ပါတယ္။

☆ရစ္ဆီ ဂ်ိမ္းစ္ ( အဂၤလန္ )

ရစ္ဆီ ဂ်ိမ္းစ္ ဟာ ဒီႏွစ္ မွာေတာ့ ခ်ဲလ္ဆီး နဲ႔ အတူ ခ်န္ပီယံလိဂ္ ဖလား ရခဲ့ပါတယ္။ အဂၤလန္အတြက္ ေျခစြမ္းေကာင္းျပဖို႔ ျပင္ေနပါတယ္။

☆ ဖီးလ္ဖိုဒန္ ( အဂၤလန္ )

ပရီးမီးယားလိဂ္ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး လူငယ္ဆု နဲ႔ PFA Young Player of the Year ဆုေတြကို ရရွိ ခဲ့တဲ့ ဖိုဒန္ ဟာ ေဆာက္ဂိတ္ ရဲ႕ အဂၤလန္ အသင္းေရွ႕တန္းမွာ ကိန္း ၊ ရက္ဖိုဒ့္ ၊ ဆန္ခ်ိဳ တို႔နဲ႔ အၿပိဳင္ ေနရာေပးခံရဖို႔ ရွိေနပါတယ္။

☆ဂရာဗန္ဘက္ (နယ္သာလန္)

အသက္ ၁၉ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ေအဂ်က္အသင္းရဲ႕ လူငယ္ ကြင္းလယ္လူ ဂရာဗန္ဘက္ဟာ ယခုႏွစ္ ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ နယ္သာလန္အသင္းရဲ႕ ပြဲထြက္လူစာရင္းထဲကို ပါဝင္ႏိုင္ဖို႔ အလားအလာ မ်ားေနသူပါ။ ဗန္ဒီဘိခ္ မပါႏိုင္တဲ့ အေနအထားေၾကာင့္ နယ္သာလန္နည္းျပ ဖရန္ဒီ ဘိုးဝါးဟာ ဂရာဗန္ဘက္ကို အသင္းရဲ႕ နံပါတ္ ၁၀ ေနရာမွာ ကစားခိုင္းဖို႔ စီစဥ္ထားေၾကာင္း ၾကားသိရပါတယ္။

☆ ဒီလစ္ ( နယ္သာလန္ )

ဒီလစ္ ကေတာ့ ဒီစာရင္းထဲမွာ အေတြ႕ အႀကဳံ အမ်ားဆုံး လူငယ္ တစ္ေယာက္လို႔ ဆိုရမွာပါ ။ အသက္ ၁၉ ႏွစ္ အ႐ြယ္ ကတည္းက အိုင္ယက္စ္ အသင္းေခါင္းေဆာင္ လက္ပတ္ကို ဆင္ျမန္းခြင့္ ရခဲ့ပါတယ္။

☆ခ်ီဆာ (အီတလီ)

အသက္ ၂၃ႏွစ္ အ႐ြယ္ ခ်ီဆာကေတာ့ ယူ႐ို ၂၀၂၀ၿပိဳင္ပြဲမွာ ေ႐ႊဖိနပ္ဆု ရဖို႔ ေရပန္းအစားဆုံး ျဖစ္ေနတဲ့ အီတလီ ကစားသမား ၃ဦးထဲက တစ္ဦး ျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္စ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၁၅ဂိုး သြင္းယူထားႏိုင္ကာ ဂိုးဖန္တီးမႈ ၁၁ႀကိမ္ ျပဳလုပ္ထားႏိုင္သူပါ။

☆အနာတိုလီ တာဘင္ ( ယူကရိန္း )

အသက္ ၁၉ ႏွစ္သာ ရွိေသးေပမယ့္ တာဘင္ ဟာၿပီးခဲ့တဲ့ ရာသီ တုန္းက ဒိုင္နမိုကိဗ္ အသင္းနဲ႔ ၂၁ ပြဲ ကစားရာမွာ clean sheets ၁၀ ပြဲအထိ ရေအာင္ စြမ္းေဆာင္ ေပးထားခဲ့ပါတယ္။

☆ အဲရစ္ဂါစီယာ ( စပိန္ )

မန္စီးတီး လူငယ္ေလး အတြက္ေတာ့ ဒါဟာ သူ႔ရဲ႕ ပထမဆုံး အဓိက ၿပိဳင္ပြဲႀကီး ျဖစ္ပါတယ္။ နည္းျပ လူး၀စ္ အင္းနရစ္ ရဲ႕ လုပ္ရပ္ဟာ အဲရစ္ ဂါစီယာ တို႔လို လူငယ္ေတြ အေပၚ ယုံၾကည္မႈ အျပည့္ ရွိတာလားဆိုတာ ၾကည့္ရပါမယ္။

☆ ပီဒရီ ( စပိန္ )

အသက္ ၁၈ ႏွစ္ေက်ာ္သာ ရွိေသးေပမယ့္ လာမာစီယာ အကယ္ဒမီထြက္ တစ္ဦး ျဖစ္တဲ့ ပီဒရီ ရဲ႕ လက္ရွိ ေစ်းကြက္တန္ေၾကးက ေပါင္ သန္း ၆၀ ေက်ာ္ေနပါၿပီ။

မန္ဒက္စ္ ( ေပၚတူဂီ )

အသက္ ၁၈ ႏွစ္သာ ရွိေသးေပမယ့္ အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္ထားသူ တစ္ေယာက္လို႔ သတ္မွတ္ခံထားရတာ ျဖစ္ပါတယ္။

☆ ကိုင္ဟာဗက္ ( ဂ်ာမနီ )

၂၁ ႏွစ္အ႐ြယ္သာ ရွိေသးေပမယ့္ လက္ေ႐ြးစင္ အသင္းႀကီး အတြက္ ၁၃ ပြဲ ကစားေပးထားၿပီး သြင္းဂိုးေတြ ၊ ဖန္တီးမႈေတြလည္းရယူထားႏိုင္ခဲ့ပါတယ္။