ကာဂျစ္စတန်ကို ၈ ဂိုး ဂျပန်ကို ၁၀ ဂိုး ရှုံးနိမ့်ခဲ့တဲ့ မြန်မာ

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဒီကနေ့ ဇွန် ၁၁ရက်မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကာဂျစ္စတန် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ဒီကနေ့ ကစားပွဲမစခင် မှာဇွန် ၈ ရက်က ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းရဲ့ ဝတ်စုံတာဝန်ခံ ဦးပြည့်စုံနိုင် အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့သလို၊ကစားသမားတွေကလည်း လက်ပတ်အနက် ဝတ်ဆင် ကစားခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် မောင်မောင်လွင်က တာဝန်ယူပြီး၊ ဂိုးသမားကတော့ ဆန်းဆက်နိုင် ဖြစ်ပါတယ်။ မောင်မောင်လွင်၊ လှိုင်းဘိုဘို၊ စိုးမိုးကျော်၊ ရန်နိုင်ဦး၊ လာဒင်မောရာတို့လို အဓိကကစားသမားတွေ အကုန်လုံးကို အန်တိုနီဟေးက အသုံးပြုခဲ့ပေမယ့် မြန်မာအသင်းဟာ ကစားကွက်ခိုင်ခိုင်မာမာမရှိခဲ့ပါဘူး။

ပွဲစကတည်းက ကာဂျစ္စတန်အသင်းက ဖိအားပေးခဲ့ပြီး ပင်နယ်တီရရှိမယ့်အနေအထားမှာ ရှိနေခဲ့ပေမယ့် ကွင်းလယ်ဒိုင်မပေးခဲ့လို့သာ အစောပိုင်းမှာ သက်သာရာရခဲ့တာပါ။

မြန်မာအသင်းဟာ ပွဲအစ ၂၄ မိနစ်မှာပဲ ကွင်းလယ်လူ ရန်နိုင်ဦး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

ပထမပိုင်းမှာ ၅ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး မြန်မာအသင်းအတွက် သိက္ခာဆယ်ပေးတဲ့ ဘဲဥကွဲတဲ့ ဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်အရောက်မှာ လှိုင်းဘိုဘိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ကာဂျစ္စတန်က ၈-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အုပ်စု အနေအထားအရ မြန်မာအသင်းဟာ လက်ရှိအဆင့်( ၅)နေရာမှာ ရောက်ရှိနေပြီး မေ ၂၈ ရက်က ဂျပန် အသင်းနဲ့ယှဉ်ပြိုင်ထားတဲ့ ပွဲတုန်းကလည်း ၁၀ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။လာမယ့်ဇွန် ၁၅ ရက်မှာ တော့ မြန်မာ အသင်းဟာ တာဂျီကစ္စတန် အသင်း နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာပါ။

zawgyi

ကာဂ်စၥတန္ကို ၈ ဂိုး ဂ်ပန္ကို ၁၀ ဂိုး ရႈံးနိမ့္ခဲ့တ့ဲ ျမန္မာ

ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းဟာ ဒီကေန႔ ဇြန္ ၁၁ရက္မွာ ဂ်ပန္ႏိုင္ငံ အိုဆာကာၿမိဳ႕မွာ ကာဂ်စၥတန္ အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ပါတယ္။

ဒီကေန႔ ကစားပြဲမစခင္ မွာဇြန္ ၈ ရက္က ႐ုတ္တရက္ ကြယ္လြန္ခဲ့တဲ့ ျမန္မာ့လက္ေ႐ြးစင္ အသင္းရဲ႕ ဝတ္စုံတာဝန္ခံ ဦးျပည့္စုံႏိုင္ အတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ တစ္မိနစ္ၿငိမ္သက္ခဲ့သလို၊ကစားသမားေတြကလည္း လက္ပတ္အနက္ ဝတ္ဆင္ ကစားခဲ့ၾကပါတယ္။

ဒီေန႔ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ေမာင္ေမာင္လြင္က တာဝန္ယူၿပီး၊ ဂိုးသမားကေတာ့ ဆန္းဆက္ႏိုင္ ျဖစ္ပါတယ္။ ေမာင္ေမာင္လြင္၊ လႈိင္းဘိုဘို၊ စိုးမိုးေက်ာ္၊ ရန္ႏိုင္ဦး၊ လာဒင္ေမာရာတို႔လို အဓိကကစားသမားေတြ အကုန္လုံးကို အန္တိုနီေဟးက အသုံးျပဳခဲ့ေပမယ့္ ျမန္မာအသင္းဟာ ကစားကြက္ခိုင္ခိုင္မာမာမရွိခဲ့ပါဘူး။

ပြဲစကတည္းက ကာဂ်စၥတန္အသင္းက ဖိအားေပးခဲ့ၿပီး ပင္နယ္တီရရွိမယ့္အေနအထားမွာ ရွိေနခဲ့ေပမယ့္ ကြင္းလယ္ဒိုင္မေပးခဲ့လို႔သာ အေစာပိုင္းမွာ သက္သာရာရခဲ့တာပါ။

ျမန္မာအသင္းဟာ ပြဲအစ ၂၄ မိနစ္မွာပဲ ကြင္းလယ္လူ ရန္ႏိုင္ဦး တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရပါတယ္။ ပထမပိုင္းမွာ ၅ ဂိုးျပတ္ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ျမန္မာအသင္းအတြက္ သိကၡာဆယ္ေပးတဲ့ ဘဲဥကြဲတဲ့ ဂိုးကိုေတာ့ ပြဲခ်ိန္ ၆၉ မိနစ္အေရာက္မွာ လႈိင္းဘိုဘိုက သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ ကာဂ်စၥတန္က ၈-၁ ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

အုပ္စု အေနအထားအရ ျမန္မာအသင္းဟာ လက္ရွိအဆင့္( ၅)ေနရာမွာ ေရာက္ရွိေနၿပီး ေမ ၂၈ ရက္က ဂ်ပန္ အသင္းနဲ႔ယွဥ္ၿပိဳင္ထားတဲ့ ပြဲတုန္းကလည္း ၁၀ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ထားပါတယ္။လာမယ့္ဇြန္ ၁၅ ရက္မွာ ေတာ့ ျမန္မာ အသင္းဟာ တာဂ်ီကစၥတန္ အသင္း နဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာပါ။