အင်္ဂလန်ကြယ်ပွင့်ဒက်လန်းရိုက်စ်က ယူရို ၂၀၂၀ ချန်ပီယံဖြစ်ရင် ပထမဆုံးအကြိမ် ဘီယာသောက်မယ်လို့ ကတိပြု

ယူရိုဖလားပြိုင်ပွဲနီးတော့ အနိုင်၊အရှူံးမှာ အလောင်းအစားတွေထပ်ဖို့ လုပ်လာကြပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဒက်လန်းရိုက်စ်က သူ့ အသင်းသာ ယူရို၂၀၂၀ချန်ပီယံဖြစ်ရင် ပထမဆုံးအကြိမ်အဖြစ်ဘီယာသောက်သွားမယ်လို့ကတိပြုလာပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုဖလား ဆွတ်ခူးနိုင်ဖို့ရေပန်းစားနေတဲ့ အသင်းတွေထဲ မှာပါဝင်ပြီး အနည်းဆုံး ဆီးမီးဖိုင်နယ် ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဝက်စ်ဟမ်းကွင်းလယ်လူဟာ နည်းပြဆောက်ဂိတ်ရဲ့ ကွင်းလယ်အဓိကနေရာမှာ ပါဝင်သွားဖို့ ရှိနေပါတယ်။ ဒက်လန်းရိုက်စ် ဟာအရက်သေစာသောက်စားတတ်တဲ့သူတစ်ဦးမဟုတ်ပါဘူး။

ဒက်လန်းရိုက်စ်က “ကျွန်တော်အခု အသက်၂၂နှစ်အရွယ်ရောက်တဲ့အထိတစ်ခါမှဘီယာမသောက်ခဲ့ဖူးဘူး။ကျွန်တော့် အပြောကို အတော်များများကအံ့ဩကြတယ်။ ကျွန်တော်ကအနံ့တောင်ခံနိုင်တာမဟုတ်ပါဘူး။ဒါပေမယ့်ကျွန်တော့် အသင်း ချန်ပီယံဖြစ်ရင်တော့ဘီယာသောက်သွားမယ်။ ကျွန်တော် ကြိုးစားသောက်ကြည့်ပါမယ်။ ဒါပေမယ့် ကျွန်တော် အန်ထွက်မိမယ်ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒက်လန်းရိုက်စ်ကယူရို၂၀၂၀ပြိုင်ပွဲကျင်းပနေချိန်အတွင်းမှာ ပရိသတ်များပျော်ရွှင်နိုင်ရန်အတွက်ကန့်သတ်ထားတဲ့ကိုဗစ်စည်းမျဉ်းများကိုဖယ်ရှားပေးဖို့လည်း ဗြိတိန်ဝန်ကြီးချုပ်ကိုတောင်းဆိုထားပါတယ်။

zawgyi

အဂၤလန္ၾကယ္ပြင့္ဒက္လန္း႐ိုက္စ္က ယူ႐ို ၂၀၂၀ ခ်န္ပီယံျဖစ္ရင္ ပထမဆုံးအႀကိမ္ ဘီယာေသာက္မယ္လို႔ ကတိျပဳ

ယူ႐ိုဖလားၿပိဳင္ပြဲနီး​ေတာ့ အႏိုင္၊အရႉံးမွာ အ​ေလာင္းအစား​ေတြထပ္ဖို႔ လုပ္လာၾကပါတယ္။ အဂၤလန္ၾကယ္ပြင့္ဒက္လန္း႐ိုက္စ္က သူ႔ အသင္းသာ ယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ရင္ ပထမဆုံးအႀကိမ္အျဖစ္ဘီယာေသာက္သြားမယ္လို႔ကတိျပဳလာပါတယ္။

အဂၤလန္အသင္းဟာ ယူ႐ိုဖလား ဆြတ္ခူးႏိုင္ဖို႔ေရပန္းစားေနတဲ့ အသင္း​ေတြထဲ မွာပါဝင္ၿပီး အနည္းဆုံး ဆီးမီးဖိုင္နယ္ ေရာက္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ဝက္စ္ဟမ္းကြင္းလယ္လူဟာ နည္းျပေဆာက္ဂိတ္ရဲ႕ ကြင္းလယ္အဓိကေနရာမွာ ပါဝင္သြားဖို႔ ရွိေနပါတယ္။ ဒက္လန္း႐ိုက္စ္ ဟာအရက္ေသစာေသာက္စားတတ္တဲ့သူတစ္ဦးမဟုတ္ပါဘူး။

ဒက္လန္း႐ိုက္စ္က “ကြၽန္ေတာ္အခု အသက္၂၂ႏွစ္အ႐ြယ္ေရာက္တဲ့အထိတစ္ခါမွဘီယာမေသာက္ခဲ့ဖူးဘူး။ကြၽန္​ေတာ့္ အ​ေျပာကို အ​ေတာ္မ်ားမ်ားကအံ့ဩၾကတယ္။ ကြၽန္ေတာ္ကအနံ႔ေတာင္ခံႏိုင္တာမဟုတ္ပါဘူး။ဒါေပမယ့္ကြၽန္​​ေတာ့္ အသင္း ခ်န္ပီယံျဖစ္ရင္ေတာ့ဘီယာေသာက္သြားမယ္။ ကြၽန္ေတာ္ ႀကိဳးစား​ေသာက္ၾကည့္ပါမယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အန္ထြက္မိမယ္ထင္ပါတယ္”လို႔ ​ေျပာဆိုခဲ့ပါတယ္။

ဒက္လန္း႐ိုက္စ္ကယူ႐ို၂၀၂၀ၿပိဳင္ပြဲက်င္းပေနခ်ိန္အတြင္းမွာ ပရိသတ္မ်ားေပ်ာ္႐ႊင္ႏိုင္ရန္အတြက္ကန႔္သတ္ထားတဲ့ကိုဗစ္စည္းမ်ဥ္းမ်ားကိုဖယ္ရွားေပးဖို႔လည္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ကိုေတာင္းဆိုထားပါတယ္။