ယူရို ၂၀၂၀ ပြီုင်ပွဲဝင် အသင်းမိတ်ဆက်။ အုပ်စု A
အီတလီ
ယူရိုပြိုင်ပွဲမှာ အစဉ်အလာ ကြီးမားသလို ကစားသမားကောင်းတွေလည်း အများကြီးပါဝင်တဲ့ အီတလီအသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်ပါတယ်။
ရွေးချယ်ထားတဲ့ အသင်းလူစာရင်းမှာ စီးရီးအေမှာ ကစားနေတဲ့သူ အများစုပါဝင်ပြီး
ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ အသင်းတို့မှာ ကစားနေတဲ့ ၄ဦးသာ ပါဝင်ပါတယ်။
နောက်တန်းမှာတော့ ဝါရင့်နောက်ခံလူတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ချီရယ်လီနီ၊ ဘိုနူချီ၊
ဖလော်ရန်ဇီ တို့ဦဆောင်လာပြီး ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ဗာရက်တီ၊ ပယ်လီဂရီနီ တို့ကို ရွေးထားပြီး
အသက် ၃၀ကျော်ကစားသမား တစ်ယောက်မှ မပါဝင်တာတွေ့ရပါတယ်။
ရှေ့တန်းမှာလည်း အသက် ၃၀ကျော်အဖြစ်
လာဇီယိုက အင်မိုဘိုင်း တစ်ယောက်ပဲပါဝင်ပြီး ဘယ်လော့တီ၊ အင်စီဂနီ၊ ဘာရာဒီ၊ ချီယေဆာ စတဲ့သူတွေကို ရွေးထားပြီး အတွေ့အကြုံနဲ့ အသက်အရွယ် အားကောင်းတဲ့ သူတွေချည်းဖြစ်နေပါတယ်။
အုပ်စုအနေအထားအရ အီတလီလောက် ကောင်းတဲ့အသင်းမပါဘဲ အနိမ့်ဆုံး ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ရှိပါတယ်။
ဆွစ်ဇာလန်
ယူရိုပြိုင်ပွဲသမိုင်းမှာ အစဉ်အလာမရှိပေမယ့် ပြီးခဲ့တဲ့ ၂၀၁၄နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၂ခုစလုံးမှာ ခြေတက်လာတဲ့ ဆွစ်ဇာလန်ဟာ
သတိထားရမယ့် ဖျက်မြင်းအသင်းပါပဲ။
လက်ရှိလူစာရင်းအရ တစ်သင်းလုံးမှာ အသက် ၃၀ကျော်
ကစားသမား ၂ဦးသာ ပါဝင်နေတာ ထူးခြားပါတယ်။
အသင်းခေါင်းဆောင် ဇာခါ (အာဆင်နယ်)၊ ရှာကွီရီ (လီဗာပူး)၊ ဖြူရယ်လာ (အတ္တလန္တာ)၊ ဆီဖာနိုဗစ်(ဘင်ဖီကာ)၊
ဖာဘီယန်ရှား (နယူကာဆယ်) တို့က ဆွစ်ဇာလန်အသင်းရဲ့ အဓိက ကစားသမားတွေပါပဲ။
ခံစစ်ကို လုံအောင် ဂရုစိုက်ကစားတဲ့ ဆွစ်ဇာလန်ဟာ အုပ်စု ဒုတိယနေရာအတွက် တူရကီနဲ့ ဝေးလ်အသင်းတို့ကို အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိပါတယ်။
တူရကီ
ခြေစစ်ပွဲမှာတုန်းက ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းကို အိမ်ကွင်းမှာ အနိုင်ယူပြီး အဝေးကွင်းမှာ သရေ ခံကန်ခဲ့တဲ့ တူရကီအသင်းကို လျော့တွက်လို့ မရပါဘူး။
နည်းပြ ဆီနွန်၈ူးနက်စ် လက်ထက်မှာ တူရကီအသင်းဟာ လူငယ်ကစားသမားတွေကို ဝါရင့်ကစားသမားတွေဖြစ်တဲ့
အမ်မရီ၊ ဘူရက်ယီမက်ဇ် တို့တွေနဲပ ပေါင်းစပ်ပြီး ဖွဲ့စည်းထားပါတယ်။
ဒါပေမယ့် အခုနောက်ဆုံး လူစာရင်းမှာတော့ အမ်မရီကို ချန်လှပ်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်
တိုက်စစ်မှုး လိုင်လီက ယီမက်ဇ်ကို တာဝန်ပေးခဲ့ ယီမက်ဇ်ဟာ အသက် ၃၅နှစ်ရှိပြီဖြစ်ပြီး
တစ်သင်းလုံးရဲ့ တစ်ဦးတည်းသော အသက် ၃၀ကျော် ကစားသမားလည်း ဖြစ်ပါတယ်။
ပျမ်းမျှအသက်အငယ်ဆုံး အင်အားစုဖွဲ့မှုနဲ့ ပွဲထွက်လာမယ့် တူရကီအသင်းကို ယူရိုပြိုင်ပွဲမှာ မြင်တွေ့ရဖို့ ရှိပါတယ်။
ဝေးလ်
နောက်ပေါက်အသင်းတွေထဲမှာ ဝေးလ် က သတိထားရမယ့် အသင်းပါ။
အသင်းခေါင်းဆောင်အဖြစ် ဂါရတ်ဘေးလ် ဦးဆောင်လာမှာဖြစ်ပြီး ကွင်းလယ်မှာ ရမ်ဆေး၊ ဒယ်နီယယ်ဂျိမ်း၊ ဂျိုးအလန်၊ တေလာရောဘတ် တို့ပါဝင်လာပါတယ်။
အားနည်းချက်ကတော့ ဝေးလ်အသင်းဟာ ခံစစ်ပိုင်း စိတ်မချရတာပါပဲ။
ဒါ့အပြင် ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲာကီးတွေ ဆက်တိုက်နွှဲရတဲ့ အတွေ့အကြံုပိုင်းမှာလည်း
အုပ်စုတွင်း ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ရင် အားနည်းပါတယ်။
အုပ်စုကျော်ဖို့ မလွယ်တဲ့အနေအထားလို့ သုံးသပ်ချင်ပါတယ်။
zawgyi
ဆွစ်ဇာလန်
တူရကီ
ဝေးလ်
ဒါ့အပြင် ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲာကီးတွေ ဆက်တိုက်နွှဲရတဲ့ အတွေ့အကြုံပိုင်းမှာလည်း