မော်ရင်ဟိုရဲ့ ဆုဖလား 25 လုံးနဲ့ တစ်ဝက်

မော်ရင်ဟိုဆိုသည်မှာ ကိုယ်နည်းပြလုပ်တဲ့အသင်းရဲ့ပွဲစဉ်ရှိရင် တစ်ဖက်ကနည်းပြနဲ့ ကစားသမားတွေကို ရန်စစကားတွေ ပြောတတ်ပါတယ်။ အခု ကလပ်ပွဲမရှိတော့ နိုင်ငံအသင်းတွေဘက်လှည့်ပြီး ရန်စနေပြန်ပါတယ်။

မော်ရင်ဟို က”ပြင်သစ် အသင်းမှာ အားနည်းချက် တစ်စုံတစ်ရာ မတွေ့မိပါဘူး။


အခုယူရိုမှာ ဗိုလ်စွဲမယ့် အသင်း တစ်သင်းကို ရွေးပြပါဆိုရင် ကျွန်တော် သူတို့ကို ရွေးရပါလိမ့်မယ် ။

ဘာလို့လဲဆိုတော့ သူတို့ ပိုင်ဆိုင်ထားတဲ့ ကစားသမား အစုအဖွဲ့ ဟာ အံ့သြဖွယ် ကောင်းလို့ပါ။”

“ပြင်သစ်တို့ ဒီတစ်ခေါက် ယူရိုမှာတော့ ဗိုလ်စွဲမှ ရပါမယ် ။
တကယ်လို့ သူတို့ အောင်မြင်အောင် မလုပ်နိုင်ခဲ့ရင် သူတို့ အတွက် ကျရှုံးတဲ့ ယူရို ပြိုင်ပွဲသာ ဖြစ်ပါလိမ့်မယ်။ ”ဆိုပြီး
အပေါ်မြှင့် အောက်ရိုက်ချ စကားတွေ ပြောခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ၂၀၁၆ခုနှစ် ယူရို ပြိုင်ပွဲတုန်းက ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပေမယ့် ပေါ်တူဂီ အသင်းကို အချိန်ပိုမှာ ၁ – ၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မော်ရင်ဟိုက ဒီလောက်နဲ့ ရန်စလို့ မပြီးသေးပါဘူး။
ယူနိုက်တက် အသင်းကိုလည်း ချိုးချိုးဖဲ့ဖဲ့ ပြောထားပါသေးတယ်။

“ကျွန်တော်က တော်တော် အကောင်းမြင်တတ်ပေမယ့်လက်တွေ့ကျကျ တွေးပါတယ်။
ကျွန်တော် ယူနိုက်တက်နဲ့ အတူ ယူရိုပါလိဂ်ဖလား၊ ပြည်တွင်း လိဂ်ဖလား ဗိုလ်စွဲခဲ့တယ်။”

“အခုရာသီကျ လူတချို့က ဘောလုံးရာသီကောင်းပဲ၊ ယူနိုက်တက်က ဒုတိယ ရခဲ့တာဆိုပြီး ကျေနပ်နေကြတယ်။

ကျွန်တော်ဆိုရင် ငါတို့ ဒုတိယ ရခဲ့တာ ဆိုးဝါးတဲ့ ဘောလုံးရာသီပဲလို့ ပြောမှာပါ။”

“မီဒီယာတွေရဲ့အမြင်မှာ ယူနိုက်တက်ဟာ ဆုဖလားတွေရယူဖို့အတွက် မျှော်လင့်ချင်စရာ အဆင့်တစ်ခုမှာတောင် ရှိမနေတော့ဘူးလို့ ကျွန်တော်ထင်မိတယ်” ဆိုပြီး

မော်ရင်ဟိုက ဆိုးလ်ရှားနဲ့ အဖွဲ့ကို ရန်စထားပါတယ်။

မောင်မင်းကြီးသားမော်ရင်ဟိုက သူ့ကိုယ်သူတော့ အခုလို ကိုယ်ရည်သွေးထားပါတယ်။

“ကျွန်တော့်ရဲ့နည်းပြသက်တမ်းတစ်လျှောက်အတွင်း ဆုဖလားတွေ ဘယ်နှကြိမ်လောက်ကို ရယူခဲ့ဖူးသလဲလို့ မေးနိုင်ပါတယ်။”

“ကျွန်တော့် အနေနဲ့ ဆုဖလားပေါင်း (၂၅)ခုနဲ့တစ်ဝက် ရယူဖူးတယ်လို့ ပြန်ဖြေမှာပါ။
အဲဒီတစ်ဝက်ဆိုတာကတော့ စပါးအသင်းမှာ နည်းပြနေတုန်းက မပါဝင် မဆင်နွှဲလိုက်ရတဲ့ လိဂ်ဖလားဖိုင်နယ်ပွဲပါပဲ” ဆိုပြီး ပြောထားပါတယ်။

 

zawgyyi

ေမာ္ရင္ဟိုရဲ႕ ဆုဖလား 25 လံုးနဲ႔ တစ္၀က္

ေမာ္ရင္ဟိုဆိုသည္မွာ ကိုယ္နည္းျပလုပ္တဲ့အသင္းရဲ႕ပြဲစဥ္ရွိရင္ တစ္ဖက္ကနည္းျပနဲ႔ ကစားသမားေတြကို ရန္စစကားေတြ ေျပာတတ္ပါတယ္။ အခု ကလပ္ပြဲမရွိေတာ့ ႏိုင္ငံအသင္းေတြဘက္လွည့္ၿပီး ရန္စေနျပန္ပါတယ္။

ေမာ္ရင္ဟို က”ျပင္သစ္ အသင္းမွာ အားနည္းခ်က္ တစ္စုံတစ္ရာ မေတြ႕မိပါဘူး။

အခုယူ႐ိုမွာ ဗိုလ္စြဲမယ့္ အသင္း တစ္သင္းကို ေ႐ြးျပပါဆိုရင္ ကြၽန္ေတာ္ သူတို႔ကို ေ႐ြးရပါလိမ့္မယ္ ။
ဘာလို႔လဲဆိုေတာ့ သူတို႔ ပိုင္ဆိုင္ထားတဲ့ ကစားသမား အစုအဖြဲ႕ ဟာ အံ့ၾသဖြယ္ ေကာင္းလို႔ပါ။”

“ျပင္သစ္တို႔ ဒီတစ္ေခါက္ ယူ႐ိုမွာေတာ့ ဗိုလ္စြဲမွ ရပါမယ္ ။
တကယ္လို႔ သူတို႔ ေအာင္ျမင္ေအာင္ မလုပ္ႏိုင္ခဲ့ရင္ သူတို႔ အတြက္ က်ရႈံးတဲ့ ယူ႐ို ၿပိဳင္ပြဲသာ ျဖစ္ပါလိမ့္မယ္။ ”ဆိုၿပီး

အေပၚျမႇင့္ ေအာက္႐ိုက္ခ် စကားေတြ ေျပာခဲ့ပါတယ္။

ျပင္သစ္အသင္းဟာ ၂၀၁၆ခုႏွစ္ ယူ႐ို ၿပိဳင္ပြဲတုန္းက ဗိုလ္လုပြဲကို တက္ေရာက္ခဲ့ေပမယ့္ ေပၚတူဂီ အသင္းကို အခ်ိန္ပိုမွာ ၁ – ၀ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ေမာ္ရင္ဟိုက ဒီေလာက္နဲ႔ ရန္စလို႔ မၿပီးေသးပါဘူး။

ယူႏိုက္တက္ အသင္းကိုလည္း ခ်ိဳးခ်ိဳးဖဲ့ဖဲ့ ေျပာထားပါေသးတယ္။

“ကြၽန္ေတာ္က ေတာ္ေတာ္ အေကာင္းျမင္တတ္ေပမယ့္လက္ေတြ႕က်က် ေတြးပါတယ္။

ကြၽန္ေတာ္ ယူႏိုက္တက္နဲ႔ အတူ ယူ႐ိုပါလိဂ္ဖလား၊ ျပည္တြင္း လိဂ္ဖလား ဗိုလ္စြဲခဲ့တယ္။”

“အခုရာသီက် လူတခ်ိဳ႕က ေဘာလုံးရာသီေကာင္းပဲ၊ ယူႏိုက္တက္က ဒုတိယ ရခဲ့တာဆိုၿပီး ေက်နပ္ေနၾကတယ္။
ကြၽန္ေတာ္ဆိုရင္ ငါတို႔ ဒုတိယ ရခဲ့တာ ဆိုးဝါးတဲ့ ေဘာလုံးရာသီပဲလို႔ ေျပာမွာပါ။”

“မီဒီယာေတြရဲ႕အျမင္မွာ ယူႏိုက္တက္ဟာ ဆုဖလားေတြရယူဖို႔အတြက္ ေမွ်ာ္လင့္ခ်င္စရာ အဆင့္တစ္ခုမွာေတာင္ ရွိမေနေတာ့ဘူးလို႔ ကြၽန္ေတာ္ထင္မိတယ္” ဆိုၿပီး ေမာ္ရင္ဟိုက ဆိုးလ္ရွားနဲ႔ အဖြဲ႕ကို ရန္စထားပါတယ္။

ေမာင္မင္းႀကီးသားေမာ္ရင္ဟိုက သူ႔ကိုယ္သူေတာ့ အခုလို ကိုယ္ရည္ေသြးထားပါတယ္။
“ကြၽန္ေတာ့္ရဲ႕နည္းျပသက္တမ္းတစ္ေလွ်ာက္အတြင္း ဆုဖလားေတြ ဘယ္ႏွႀကိမ္ေလာက္ကို ရယူခဲ့ဖူးသလဲလို႔ ေမးႏိုင္ပါတယ္။”

“ကြၽန္ေတာ့္ အေနနဲ႔ ဆုဖလားေပါင္း (၂၅)ခုနဲ႔တစ္ဝက္ ရယူဖူးတယ္လို႔ ျပန္ေျဖမွာပါ။

အဲဒီတစ္ဝက္ဆိုတာကေတာ့ စပါးအသင္းမွာ နည္းျပေနတုန္းက မပါဝင္ မဆင္ႏႊဲလိုက္ရတဲ့ လိဂ္ဖလားဖိုင္နယ္ပြဲပါပဲ” ဆိုၿပီး ေျပာထားပါတယ္။