နံပါတ်တစ်ဂိုးသမားဆိုတဲ့နေရာကို ဒင်းဟန်ဒါဆင်နဲ့ ဆက်လက် အားပြိုင်သွားရဖွယ်ရှိနေတဲ့ ဒီဂီယာ

အသက် ၃၀ အရွယ် စပိန်ဂိုးသမားဟာ အိုးလ်ထရက်ဖို့ဒ်နဲ့ ဆိုးရွားတဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်ကျော်ခဲ့ရပြီး ရှေ့ဆက် နံပါတ်တစ်ဂိုးသမားဆိုတဲ့နေရာကို ဒင်းဟန်ဒါဆင်နဲ့ ဆက်လက် အားပြိုင်သွားရဖွယ် ရှိနေပါတယ်။ ဗီလာရီးရဲလ်နဲ့ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ဖလား ဖိုင်နယ်ပွဲစဉ်မှာစပိန်ကလပ်က ပင်နယ်တီ ၁၁ ဂိုးလုံး ဂိုးဝင်အောင်ကန်သွင်းခဲ့ပြီး ဒီဂီယာ ကန်သွင်းတဲ့ပင်နယ်တီ ဂိုးမဝင်ခဲ့တာကြောင့် သရဲနီတို့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

အဲဒီပွဲမှာ ဘောလုံးဖမ်း၊ ဘောလုံးကန် ညံ့တယ်ဆိုပြီး ဒီဂီယာ တစ်ယောက် အကြီးအကျယ် ဝေဖန်ခံထိတာ ဖြစ်ပါတယ်။ လစာများတဲ့ ဂိုးသမားကတော့ ဝေဖန်မှုတွေ ဘယ်လိုပဲရှိရှိ ယူနိုက်တက်မှာ နေရတာ စိတ်ချမ်းသာတာကြောင့် သရဲနီ အသင်းသားဘဝကိုပဲ ဆက်လက်ခံယူမှာ ဖြစ်ပါတယ်။

ဒီဂီယာဟာ ၂၀၁၁ခုနှစ်ကတည်းက အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် အစောပိုင်းက တစ်ရာသီအတွင်း အကောင်းဆုံးကစားသမားဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့လက်စွမ်းတွေ သိသိသာသာ ကျဆင်းလာခဲ့ရပါတယ်။

မကြာမီတုန်းက ဂိုးသမားရိုမဲရိုးလည်း ယူနိုက်တက်နဲ့ လမ်းခွဲသွားခဲ့ပါပြီ။ သတင်းအချို့အရအက်စတွန်ဗီလာဂိုးသမား တွမ်ဟီတန်က ယူနိုက်တက်ကို ရောက်ရှိလာဖွယ်ရှိနေတယ်လို့ ကြားရပါတယ်။ ဒါကြောင့် ဒီဂီယာဟာ လာမယ့်ရာသီ ယူနိုက်တက်မှာ ဒင်းဟန်ဒါဆန် ဒါမှမဟုတ် အသင်းကို ရောက်ရှိလာမယ့် ဂိုးသမားသစ်နဲ့ ပွဲထွက်နေရာအတွက် အပြိုင်ကြိုးပမ်းသွားချင်နေတာဖြစ်ပါတယ်။

zawgyi

နံပါတ္တစ္ဂိုးသမားဆိုတဲ့ေနရာကို ဒင္းဟန္ဒါဆင္နဲ႔ ဆက္လက္ အားၿပိဳင္သြားရဖြယ္ရွိေနတဲ့ ဒီဂီယာ

အသက္ ၃၀ အ႐ြယ္ စပိန္ဂိုးသမားဟာ အိုးလ္ထရက္ဖို႔ဒ္နဲ႔ ဆိုး႐ြားတဲ့ေဘာလုံးရာသီတစ္ခုကို ျဖတ္ေက်ာ္ခဲ့ရၿပီး ​ေရွ႕ဆက္ နံပါတ္တစ္ဂိုးသမားဆိုတဲ့ေနရာကို ဒင္းဟန္ဒါဆင္နဲ႔ ဆက္လက္ အားၿပိဳင္သြားရဖြယ္ ရွိေနပါတယ္။

ဗီလာရီးရဲလ္နဲ႔ကစားခဲ့တဲ့ ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ဖလား ဖိုင္နယ္ပြဲစဥ္မွာစပိန္ကလပ္က ပင္နယ္တီ ၁၁ ဂိုးလုံး ဂိုးဝင္ေအာင္ကန္သြင္းခဲ့ၿပီး ဒီဂီယာ ကန္သြင္းတဲ့ပင္နယ္တီ ဂိုးမဝင္ခဲ့တာေၾကာင့္ သရဲနီတို႔ ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

အဲဒီပြဲမွာ ေဘာလုံးဖမ္း၊ ေဘာလုံးကန္ ညံ့တယ္ဆိုၿပီး ဒီဂီယာ တစ္ေယာက္ အႀကီးအက်ယ္ ေဝဖန္ခံထိတာ ျဖစ္ပါတယ္။ လစာမ်ားတဲ့ ဂိုးသမားကေတာ့ ေဝဖန္မႈေတြ ဘယ္လိုပဲရွိရွိ ယူႏိုက္တက္မွာ ေနရတာ စိတ္ခ်မ္းသာတာေၾကာင့္ သရဲနီ အသင္းသားဘဝကိုပဲ ဆက္လက္ခံယူမွာ ျဖစ္ပါတယ္။

ဒီဂီယာဟာ ၂၀၁၁ခုႏွစ္ကတည္းက အက္သလက္တီကိုမက္ဒရစ္အသင္းကေန ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ခဲ့ပါတယ္။ ဒါ့အျပင္ အ​ေစာပိုင္းက တစ္ရာသီအတြင္း အေကာင္းဆုံးကစားသမားဆုေတြကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းႏွစ္ေတြမွာ သူ႔ရဲ႕လက္စြမ္းေတြ သိသိသာသာ က်ဆင္းလာခဲ့ရပါတယ္။

မၾကာမီတုန္းက ဂိုးသမား႐ိုမဲ႐ိုးလည္း ယူႏိုက္တက္နဲ႔ လမ္းခြဲသြားခဲ့ပါၿပီ။ သတင္းအခ်ိဳ႕အရအက္စတြန္ဗီလာဂိုးသမား တြမ္ဟီတန္က ယူႏိုက္တက္ကို ေရာက္ရွိလာဖြယ္ရွိေနတယ္လို႔ ၾကားရပါတယ္။ ဒါ​ေၾကာင့္ ဒီဂီယာဟာ လာမယ့္ရာသီ ယူႏိုက္တက္မွာ ဒင္းဟန္ဒါဆန္ ဒါမွမဟုတ္ အသင္းကို ေရာက္ရွိလာမယ့္ ဂိုးသမားသစ္နဲ႔ ပြဲထြက္ေနရာအတြက္ အၿပိဳင္ႀကိဳးပမ္းသြားခ်င္ေနတာျဖစ္ပါတယ္။