နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကိုလိုက်မီဖို့ စီရော်နယ်ဒို ၅ဂိုးပဲလိုတော့

ပေါ်တူဂီလက်ရွေးစင်အသင်းဟာ ယူရို-၂၀၂၁ မတိုင်မီ နောက်ဆုံးခြေစမ်းပွဲတွင် ခြေစွမ်းပြပြီး အစ္စရေးကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယမန်နေ့ညက ခြေစမ်းပွဲတွင် ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က ၂ ဂိုးသွင်းနိုင်ခဲ့သလို ရော်နယ်ဒိုနှင့် ကန်ဆယ်လိုတို့ကလည်း တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း ၄၂ မိနစ်တွင် ကန်ဆယ်လို၏ ဖန်တီးမှုမှတစ်ဆင့် ဖာနန်ဒက်စ်က အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၄၄ မိနစ်တွင် ဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေတစ်ဆင့် ရော်နယ်ဒိုက တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၈၆ မိနစ်တွင် ကန်ဆယ်လိုက ဘယ်ခြေနဲ့ လှပတဲ့ ဂိုးတစ်ဂိုး ကန်သွင်းခဲ့သလို မိနစ် ၉၀ တွင် ဖာနန်ဒက်စ်က နောက်ထပ် တစ်ဂိုးထပ်သွင်းခဲ့ပါတယ်။

ယမန်နေ့က ရော်နယ်ဒိုဟာ ဂိုးသွင်းယူခဲ့ပြီးနောက် သူ့ရဲ့နိုင်ငံတကာသွင်းဂိုးဟာ ၁၀၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ စုစုပေါင်း ၁၇၅ ပွဲအထိ ရော်နယ်ဒိုက ကစားပေးထားခဲ့ပြီးဖြစ်ကာ အီရန်တိုက်စစ်မှူးအလီဒါယေးရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးဆိုတဲ့ စံချိန်ကို လိုက်မီဖို့ရာ ၅ ဂိုးသာလိုအပ်ပါတော့တယ်။ ဒိုလေးတစ်ယောက် စံချိန်မှတ်တမ်းမှာ ထိပ်ဆုံးက ကျွန်တော်ဖြစ်ဖို့ဆိုရင် ၆ ဂိုး သွင်းနိုင်ဖို့ လိုအပ်ပါတယ်။

စီရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်ရမှာဖြစ်ကာ အုပ်စုအဆင့်မှာတော့ပေါ်တူဂီဟာ အုပ်စုအက်ဖ်တွင် ကမ္ဘာ့ချန်ပီယံပြင်သစ်၊ ဂျာမနီတို့နှင့် တစ်အုပ်စုတည်းကျနေပါတယ်။ ပေါ်တူဂီဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဟန်ဂေရီနဲ့ ကစားရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ဂျာမနီ၊ ပြင်သစ်တို့နဲ့ ဆက်လက်ကစားသွားရမှာဖြစ်ပါတယ်။

ဂိုး ၅ဂိုး၊ ၆ဂိုးလောက်ဟာ စီရော်နယ်ဒို အတွက်တော့ ကြိုးစားရင် အောင်မြင်နိုင်ပါတယ်။ ဒါကြောင့်လာမယ့် ယူရိုပြိုင်ပွဲမှာသာ ရော်နယ်ဒို ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင်တော့ အလီဒါယေးရဲ့စံချိန်ကို လိုက်မီနိုင်မှာဖြစ်ပါတယ်။

zawgyi





