ဒေ့ါမွန်အသင်းက ဆန်ချိုအတွက်ပြောင်းရွှေ့ကြေးကို နောက်ထပ်လျှော့ချသွားဖို့မရှိသလို သူတို့ရဲ့အဓိကကစားသမားကို ဆက်ထိန်းနိုင်ဖို့ ဆန္ဒရှိနေ

ဒေ့ါမွန်အသင်းဟာ သူတို့ရဲ့လူငယ်ကြယ်ပွင့်ကစားသမားဆန်ချိုကို ခေါ်ယူဖို့ကြိုးပမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဇူလိုင်လကုန်အထိ သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းမှုတွေ မလုပ်ဘူးဆိုရင် ဆန်ချိုဟာ သူတို့အသင်းမှာပဲဆက်ရှိနေမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

ဂျာမန်နာမည်ကျော်သတင်းစာ Bild က ဒေ့ါမွန်အသင်းဟာ ဆန်ချိုအတွက် ပေါင်(၇၉)သန်းအလိုရှိနေပြီး ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် Add-On ကြေးအဖြစ် ပေါင်(၁၉.၈)သန်း ထပ်လိုချင်တယ်လို့ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဖြစ်ပေမယ့် ဒေ့ါမွန်အသင်း တောင်းဆိုတဲ့ပမာဏအထိပေးချေဖို့ ဆန္ဒမရှိဘဲ ပေါင်သန်း(၇၀)လောက်နဲ့သာ ကမ်းလှမ်းလိုနေတာကြောင့် အပြောင်းအရွှေ့က ကြန့်ကြာနေတာပါ။

ယူနိုက်တက်အသင်းဟာ မနှစ်တုန်းကလည်း ဆန်ချိုကို ခေါ်ယူဖို့နီးစပ်ခဲ့ပေမယ့် ဒေ့ါမွန်အသင်းက ပေါင်သန်း(၁၀၀)အထိ လိုချင်နေတဲ့အတွက် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။ အခုအချိန်မှာတော့ ဒေ့ါမွန်အသင်းဟာ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးကို လျှော့ချပေးခဲ့ပေမယ့် ယူနိုက်တက်အသင်းက အဲဒီပမာဏကို မပေးချင်ဖြစ်နေတာပါ။

အသက်(၂၁)နှစ်သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဆန်ချိုဟာ ဒေ့ါမွန်ကစားသမားဘ၀ (၃)ရာသီအတွင်း (၃၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၄၁)ကြိမ်ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဂျာမန်ပိုကယ်လ်ဖလားရရှိအောင်ကူညီပေးခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ညာခြမ်းတိုက်စစ်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆန်ချိုကို ကာလရှည်ပစ်မှတ်ထားနေတာဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ ဒေ့ါမွန်အသင်းနဲ့ နောက်ထပ်ဆွေးနွေးသွားဖို့ရှိနေပါပြီ။

ဒါပေမဲ့လည်း ဒေ့ါမွန်အသင်းက ဆန်ချိုအတွက်ပြောင်းရွှေ့ကြေးကို နောက်ထပ်လျှော့ချသွားဖို့မရှိသလို သူတို့ရဲ့အဓိကကစားသမားကို ဆက်ထိန်းနိုင်ဖို့ ဆန္ဒရှိနေတာကြောင့် လာမယ့်ဇူလိုင်လကုန်အထိ ယူနိုက်တက်အသင်းက သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးပမာဏနဲ့ မကမ်းလှမ်းဘူးဆိုရင် အပြောင်းအရွှေ့ကိစ္စကို ဆက်ဆွေးနွေးနွေးမယ့်အနေအထား မရှိပါဘူး။

zawgyi

ဒေါ့မွန်အသင်းက ဆန်ချိုအတွက်ပြောင်းရွှေ့ကြေးကို နောက်ထပ်လျှော့ချသွားဖို့မရှိသလို သူတို့ရဲ့အဓိကကစားသမားကို ဆက်ထိန်းနိုင်ဖို့ ဆန္ဒရှိနေ

ဒေါ့မွန်အသင်းဟာ သူတို့ရဲ့လူငယ်ကြယ်ပွင့်ကစားသမားဆန်ချိုကို ခေါ်ယူဖို့ကြိုးပမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဇူလိုင်လကုန်အထိ သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းမှုတွေ မလုပ်ဘူးဆိုရင် ဆန်ချိုဟာ သူတို့အသင်းမှာပဲဆက်ရှိနေမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

ဂျာမန်နာမည်ကျော်သတင်းစာ Bild က ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပေါင်(၇၉)သန်းအလိုရှိနေပြီး ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် Add-On ကြေးအဖြစ် ပေါင်(၁၉.၈)သန်း ထပ်လိုချင်တယ်လို့ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဖြစ်ပေမယ့် ဒေါ့မွန်အသင်း တောင်းဆိုတဲ့ပမာဏအထိပေးချေဖို့ ဆန္ဒမရှိဘဲ ပေါင်သန်း(၇၀)လောက်နဲ့သာ ကမ်းလှမ်းလိုနေတာကြောင့် အပြောင်းအရွှေ့က ကြန့်ကြာနေတာပါ။

ယူနိုက်တက်အသင်းဟာ မနှစ်တုန်းကလည်း ဆန်ချိုကို ခေါ်ယူဖို့နီးစပ်ခဲ့ပေမယ့် ဒေါ့မွန်အသင်းက ပေါင်သန်း(၁၀၀)အထိ လိုချင်နေတဲ့အတွက် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။ အခုအချိန်မှာတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးကို လျှော့ချပေးခဲ့ပေမယ့် ယူနိုက်တက်အသင်းက အဲဒီပမာဏကို မပေးချင်ဖြစ်နေတာပါ။

အသက်(၂၁)နှစ်သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဆန်ချိုဟာ ဒေါ့မွန်ကစားသမားဘ၀ (၃)ရာသီအတွင်း (၃၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၄၁)ကြိမ်ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဂျာမန်ပိုကယ်လ်ဖလားရရှိအောင်ကူညီပေးခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ညာခြမ်းတိုက်စစ်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆန်ချိုကို ကာလရှည်ပစ်မှတ်ထားနေတာဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ ဒေါ့မွန်အသင်းနဲ့ နောက်ထပ်ဆွေးနွေးသွားဖို့ရှိနေပါပြီ။

ဒါပေမဲ့လည်း ဒေါ့မွန်အသင်းက ဆန်ချိုအတွက်ပြောင်းရွှေ့ကြေးကို နောက်ထပ်လျှော့ချသွားဖို့မရှိသလို သူတို့ရဲ့အဓိကကစားသမားကို ဆက်ထိန်းနိုင်ဖို့ ဆန္ဒရှိနေတာကြောင့် လာမယ့်ဇူလိုင်လကုန်အထိ ယူနိုက်တက်အသင်းက သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးပမာဏနဲ့ မကမ်းလှမ်းဘူးဆိုရင် အပြောင်းအရွှေ့ကိစ္စကို ဆက်ဆွေးနွေးနွေးမယ့်အနေအထား မရှိပါဘူး။