ယူရိုပြိုင်ပွဲစခါနီးမှ စပိန်အသင်းခေါင်းဆောင်ဘူးစကွက်စ်ဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရ

ယူရို-၂၀၂၀ ပြိုင်ပွဲဟာ အခုတစ်ပတ်ထဲမှာ စတင်ကျင်းပတော့မှာဖြစ်ပြီး ပြိုင်ပွဲကျင်းပဖို့ ရက်နည်းနည်းသာလိုတော့ချိန်မှာ စပိန်အသင်းက ကစားသမားတွေတစ်ယောက်ပြီးတစ်ယောက် ကိုဗစ်ဖြစ်နေတာကြောင့် နည်းပြအင်းနရစ်အတွက် စိတ်ပျက်စရာအနေအထားနဲ့ရင်ဆိုင်နေရပါပြီ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အသင်းခေါင်းဆောင်ဘူးစကွက်စ်ဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် တစ်ဦးတည်းသီးသန့်နေထိုင်နေရပြီး သူနဲ့ထိတွေ့ခဲ့တဲ့ အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေအားလုံး Quarantine ဝင်နေရတာဖြစ်ပါတယ်။ အဲဒါကြောင့် စပိန်အသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက လစ်သူယေးနီးယားနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ အသင်းကြီးက ကစားသမားတွေမပါဝင်နိုင်ခဲ့ဘဲ ယူ-၂၁အသင်းနဲ့သာယှဉ်ပြိုင်ကစားခဲ့ရတာပါ။

စပိန်အသင်းနည်းပြအင်းနရစ်ဟာ ယူရို-၂၀၂၀ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ကစားသမားတွေထဲမှာ အကြောင်းတစ်ခုခုကြောင့် ပြိုင်ပွဲနဲ့လွဲချော်မယ်ဆိုရင် အစားထိုးလို့ရအောင် စီနီယာအသင်းကစားသမား(၆)ဦးဖြစ်တဲ့ ကီပါ၊ အယ်လ်ဘီယို၊ မန်ဒက်စ်၊ ဖော်နယ်လ်၊ မိုရီနို၊ ကားလို့စ်ဆိုလာတို့ကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ခေါ်ယူထားပါတယ်။

အခုအချိန်မှာ စပိန်အသင်းကွင်းလယ်လူ ဘူးစကွက်စ်အပြင် နောက်ခံလူဖြစ်တဲ့ ဒီယေဂိုလော်ရန်တေးဟာလည်း ကိုဗစ်ရောဂါကူးစက်ခံစားနေရတယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်က “ပြီးခဲ့တဲ့အင်္ဂါနေ့၊ မနက်ပိုင်းက စမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ဒီယေဂိုလော်ရန်တေးဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတယ်ဆိုတဲ့သတင်းကို စိတ်မကောင်းစွာနဲ့ပဲ ထုတ်ပြန်လိုက်ပါတယ်။

ကျန်တဲ့ကစားသမားတွေဟာ ကိုဗစ်ရောဂါမဖြစ်ရအောင် သတ်မှတ်ထားတဲ့စည်းကမ်းတွေနဲ့အညီ လေ့ကျင့်ခန်းအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားရမှာပါ။ ယူရိုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တစ်ဦးချင်းလေ့ကျင့်ခန်းတွေကိုလည်း အစီအစဉ်တကျဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ ကစားသမားတစ်ဦးအနေနဲ့ တစ်ဦးတည်းသီးသန့် အနည်းဆုံး(၁၀)ရက်ကြာနေထိုင်ရမှာဖြစ်တာကြောင့် ဘူးစကွက်စ်နဲ့ လော်ရန်တေးတို့ဟာ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဆွီဒင်နဲ့ပွဲကို လွဲချော်ဖို့သေချာသလောက်ရှိနေပါပြီ။ ဒါ့အပြင် သူတို့နှစ်ဦးဟာ ဇွန်လ(၁၉)ရက်မှာကစားမယ့် အုပ်စုဒုတိယပွဲစဉ်ပိုလန်နဲ့ပွဲမှာ ပါဝင်ဖို့က မသေချာသေးပါဘူး။

ယူရိုပြိုင်ပွဲဝင်အသင်းက ကစားသမားတွေ ဒဏ်ရာပြဿနာ ဒါမှမဟုတ် ကိုဗစ်ကူးစက်ခံရတာမျိုးတွေရှိလာရင် ကစားသမားသစ်အစားထိုးဖို့အတွက် လာမယ့်စနေနေ့အထိခွင့်ပြုထားတာကြောင့် စပိန်အသင်းနည်းပြအင်းနရစ်အနေနဲ့ ဘူးစကွက်စ်နဲ့လော်ရန်တေးတို့ကို အသင်းမှာဆက်ထားမလား၊ သူတို့နေရာမှာ တခြားကစားသမားတွေနဲ့အစားထိုးမလားဆိုတာ ဆုံးဖြတ်ရမှာပါ။

zawgyi

ယူ႐ိုၿပိဳင္ပြဲစခါနီးမွ စပိန္အသင္းေခါင္းေဆာင္ဘူးစကြက္စ္ဟာ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရ

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဟာ အခုတစ္ပတ္ထဲမွာ စတင္က်င္းပေတာ့မွာျဖစ္ၿပီး ၿပိဳင္ပြဲက်င္းပဖို႔ ရက္နည္းနည္းသာလိုေတာ့ခ်ိန္မွာ စပိန္အသင္းက ကစားသမားေတြတစ္ေယာက္ၿပီးတစ္ေယာက္ ကိုဗစ္ျဖစ္ေနတာေၾကာင့္ နည္းျပအင္းနရစ္အတြက္ စိတ္ပ်က္စရာအေနအထားနဲ႔ရင္ဆိုင္ေနရပါၿပီ။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက အသင္းေခါင္းေဆာင္ဘူးစကြက္စ္ဟာ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္ တစ္ဦးတည္းသီးသန႔္ေနထိုင္ေနရၿပီး သူနဲ႔ထိေတြ႕ခဲ့တဲ့ အသင္းေဖာ္ေတြနဲ႔ ဝန္ထမ္းေတြအားလုံး Quarantine ဝင္ေနရတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ စပိန္အသင္းဟာ ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက လစ္သူေယးနီးယားနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ အသင္းႀကီးက ကစားသမားေတြမပါဝင္ႏိုင္ခဲ့ဘဲ ယူ-၂၁အသင္းနဲ႔သာယွဥ္ၿပိဳင္ကစားခဲ့ရတာပါ။

စပိန္အသင္းနည္းျပအင္းနရစ္ဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲအတြက္ ေ႐ြးခ်ယ္ထားတဲ့ကစားသမားေတြထဲမွာ အေၾကာင္းတစ္ခုခုေၾကာင့္ ၿပိဳင္ပြဲနဲ႔လြဲေခ်ာ္မယ္ဆိုရင္ အစားထိုးလို႔ရေအာင္ စီနီယာအသင္းကစားသမား(၆)ဦးျဖစ္တဲ့ ကီပါ၊ အယ္လ္ဘီယို၊ မန္ဒက္စ္၊ ေဖာ္နယ္လ္၊ မိုရီႏို၊ ကားလို႔စ္ဆိုလာတို႔ကို အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းဖို႔ေခၚယူထားပါတယ္။

အခုအခ်ိန္မွာ စပိန္အသင္းကြင္းလယ္လူ ဘူးစကြက္စ္အျပင္ ေနာက္ခံလူျဖစ္တဲ့ ဒီေယဂိုေလာ္ရန္ေတးဟာလည္း ကိုဗစ္ေရာဂါကူးစက္ခံစားေနရတယ္လို႔ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳထုတ္ျပန္ေၾကညာခဲ့ပါတယ္။ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က “ၿပီးခဲ့တဲ့အဂၤါေန႔၊ မနက္ပိုင္းက စမ္းသပ္စစ္ေဆးမႈေတြလုပ္ခဲ့ၿပီးတဲ့ေနာက္ ဒီေယဂိုေလာ္ရန္ေတးဟာ ကိုဗစ္ေရာဂါကူးစက္ခံထားရတယ္ဆိုတဲ့သတင္းကို စိတ္မေကာင္းစြာနဲ႔ပဲ ထုတ္ျပန္လိုက္ပါတယ္။

က်န္တဲ့ကစားသမားေတြဟာ ကိုဗစ္ေရာဂါမျဖစ္ရေအာင္ သတ္မွတ္ထားတဲ့စည္းကမ္းေတြနဲ႔အညီ ေလ့က်င့္ခန္းအစီအစဥ္ေတြကို ဆက္လက္လုပ္ေဆာင္သြားရမွာပါ။ ယူ႐ိုၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ တစ္ဦးခ်င္းေလ့က်င့္ခန္းေတြကိုလည္း အစီအစဥ္တက်ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့ ကစားသမားတစ္ဦးအေနနဲ႔ တစ္ဦးတည္းသီးသန႔္ အနည္းဆုံး(၁၀)ရက္ၾကာေနထိုင္ရမွာျဖစ္တာေၾကာင့္ ဘူးစကြက္စ္နဲ႔ ေလာ္ရန္ေတးတို႔ဟာ အုပ္စုအဖြင့္ပြဲျဖစ္တဲ့ ဆြီဒင္နဲ႔ပြဲကို လြဲေခ်ာ္ဖို႔ေသခ်ာသေလာက္ရွိေနပါၿပီ။ ဒါ့အျပင္ သူတို႔ႏွစ္ဦးဟာ ဇြန္လ(၁၉)ရက္မွာကစားမယ့္ အုပ္စုဒုတိယပြဲစဥ္ပိုလန္နဲ႔ပြဲမွာ ပါဝင္ဖို႔က မေသခ်ာေသးပါဘူး။

ယူ႐ိုၿပိဳင္ပြဲဝင္အသင္းက ကစားသမားေတြ ဒဏ္ရာျပႆနာ ဒါမွမဟုတ္ ကိုဗစ္ကူးစက္ခံရတာမ်ိဳးေတြရွိလာရင္ ကစားသမားသစ္အစားထိုးဖို႔အတြက္ လာမယ့္စေနေန႔အထိခြင့္ျပဳထားတာေၾကာင့္ စပိန္အသင္းနည္းျပအင္းနရစ္အေနနဲ႔ ဘူးစကြက္စ္နဲ႔ေလာ္ရန္ေတးတို႔ကို အသင္းမွာဆက္ထားမလား၊ သူတို႔ေနရာမွာ တျခားကစားသမားေတြနဲ႔အစားထိုးမလားဆိုတာ ဆုံးျဖတ္ရမွာပါ။