ယူနိုက်တက်ကပယ်လီစထရီကို လာမယ့်ရာသီမှာ ထပ်မံအငှားချမလား ၊ အိုးထရတ်ဖို့ဒ် စီနီယာအသင်းကြီးမှာ ပါဝင်စေမလားဆိုတာ ဆုံးဖြတ်ရခြင်းမရှိသေး

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အလာဗတ်မှာ အငှားသွားရောက် ကစားနေတဲ့ တောင်ပံကစားသမား ပယ်လီစထရီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ယခုအပတ်အတွင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ အသက် ( ၁၉ ) နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဥရုဂွေး ကလပ် Penarol ကနေ ယူနိုက်တက်ကို ရောက်ရှိလာပြီး ဇန်နဝါရီလအတွင်း လာလီဂါကလပ် အလာဗတ်အသင်းထံမှာ အငှားသွားရောက်ကစားခဲ့ပါတယ်။

ပယ်လီစထရီက အလာဗတ်အသင်းအတွက် ( ၁၂ ) ပွဲကစားကာ တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ပါတယ်။ Noticias de Alava အရ အလာဗတ်အသင်းဟာ တောင်ပံကစားသမားကို နောက်ထပ်တစ်ရာသီ အငှားခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်က တောင်ပံကစားသမားကို လာမယ့်ရာသီမှာ ထပ်မံအငှားချမလား ၊ အိုးထရတ်ဖို့ဒ် စီနီယာအသင်းကြီးမှာ ပါဝင်စေမလားဆိုတာ ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရပါတယ်။အဆိုပါသတင်းအရ ယူနိုက်တက်ဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပယ်လီစထရီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်မှာဖြစ်ပြီး နောက်ထပ်တစ်ရာသီ အငှားချထားဖို့ အလားအလာပိုများနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် အလာဗတ်တစ်သင်းတည်းသာမက ဘယ်လ်ဂျီယံနိုင်ငံမှ ကလပ် ဘရုဂျက်နှင့် အခြားသော အင်္ဂလန်ကလပ်တွေကပါ တောင်ပံကစားသမားကို စိတ်ဝင်စားနေကြပါတယ်။ အိုလေ ဂန်းနား ဆိုးရှားကတော့ ပယ်လီစထရီဟာ အိုးထရတ်ဖို့ဒ်မှာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်း နှင့် စိတ်ဓာတ်ခံယူချက်တွေ ပိုင်ဆိုင်ထားတယ်လို့ ယခင်က ပြောဆိုခဲ့ဖူးပါတယ်။

zawgyi

ယူႏိုက္တက္ကပယ္လီစထရီကို လာမယ့္ရာသီမွာ ထပ္မံအငွားခ်မလား ၊ အိုးထရတ္ဖို႔ဒ္ စီနီယာအသင္းႀကီးမွာ ပါဝင္ေစမလားဆိုတာ ဆုံးျဖတ္ရျခင္းမရွိေသး

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ အလာဗတ္မွာ အငွားသြားေရာက္ ကစားေနတဲ့ ေတာင္ပံကစားသမား ပယ္လီစထရီရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ယခုအပတ္အတြင္းမွာ ေဆြးေႏြးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

အသက္ ( ၁၉ ) ႏွစ္အ႐ြယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ဥ႐ုေဂြး ကလပ္ Penarol ကေန ယူႏိုက္တက္ကို ေရာက္ရွိလာၿပီး ဇန္နဝါရီလအတြင္း လာလီဂါကလပ္ အလာဗတ္အသင္းထံမွာ အငွားသြားေရာက္ကစားခဲ့ပါတယ္။

ပယ္လီစထရီက အလာဗတ္အသင္းအတြက္ ( ၁၂ ) ပြဲကစားကာ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ေအာင္ ကူညီေပးခဲ့ပါတယ္။ Noticias de Alava အရ အလာဗတ္အသင္းဟာ ေတာင္ပံကစားသမားကို ေနာက္ထပ္တစ္ရာသီ အငွားေခၚယူဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္က ေတာင္ပံကစားသမားကို လာမယ့္ရာသီမွာ ထပ္မံအငွားခ်မလား ၊ အိုးထရတ္ဖို႔ဒ္ စီနီယာအသင္းႀကီးမွာ ပါဝင္ေစမလားဆိုတာ ဆုံးျဖတ္ရျခင္းမရွိေသးေၾကာင္း သိရပါတယ္။

အဆိုပါသတင္းအရ ယူႏိုက္တက္ဟာ လာမယ့္ရက္အနည္းငယ္အတြင္းမွာ ပယ္လီစထရီရဲ႕ အနာဂတ္နဲ႔ ပတ္သက္လို႔ ဆုံးျဖတ္မွာျဖစ္ၿပီး ေနာက္ထပ္တစ္ရာသီ အငွားခ်ထားဖို႔ အလားအလာပိုမ်ားေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ အလာဗတ္တစ္သင္းတည္းသာမက ဘယ္လ္ဂ်ီယံႏိုင္ငံမွ ကလပ္ ဘ႐ုဂ်က္ႏွင့္ အျခားေသာ အဂၤလန္ကလပ္ေတြကပါ ေတာင္ပံကစားသမားကို စိတ္ဝင္စားေနၾကပါတယ္။ အိုေလ ဂန္းနား ဆိုးရွားကေတာ့ ပယ္လီစထရီဟာ အိုးထရတ္ဖို႔ဒ္မွာ ထိပ္တန္းကစားသမားတစ္ဦးျဖစ္လာဖို႔ လိုအပ္တဲ့ အရည္အခ်င္း ႏွင့္ စိတ္ဓာတ္ခံယူခ်က္ေတြ ပိုင္ဆိုင္ထားတယ္လို႔ ယခင္က ေျပာဆိုခဲ့ဖူးပါတယ္။