မော်ရင်ဟိုက ဟန်ဒါဆန်ဟာ ကောင်းမွန်အောင် ကြိုးစားနေတယ်လို့ ထင်ဟု ကောက်ချက်ချ

နည်းပြ ဆိုးလ်ရှားအနေနဲ့ လာမယ့်ရာသီမတိုင်ခင် နံပါတ်၁ဂိုးသမားနေရာ ဘယ်သူဖြစ်မယ်ဆိုတာ ရွေးချယ်ရမယ့် အခြေအနေမှာ မော်ရင်ဟိုကအခါတော်ပေးလုပ်လာခဲ့ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟိုက ဟန်ဒါဆန်ဟာ ယူနိုက်တက် နံပါတ်၁ဂိုးသမား နေရာအတွက် ဒီဂီယာကို နောက်ကောက်ချရန် အသင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။

မော်ရင်ဟိုက”သူတို့တွေဟာ ဂိုးသမားကောင်းတွေ ဖြစ်ကြတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် သူတို့တွေဟာသာလွန် ထူးကဲလွန်းတဲ့ ဂိုးသမားတွေတော့ မဟုတ်ပါဘူး။ ဟန်ဒါဆန်ကတော့ ကောင်းမွန်အောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်”

“ကျွန်တော်က မဖြစ်သေးဘူးလို့ ပြောတယ်ဆိုတာက ဖြစ်လာနိုင်တယ်လို့ ပြောလိုတာပါပဲ။ ကျွန်တော် ယူနိုက်တက်မှာ ရှိခဲ့စဉ်တုန်းက ဟန်ဒါဆန်နဲ့ တွေ့ခဲ့ဖူး ပါတယ်။ သူက အငှား ထွက်ချင်ပြီး ယူနိုက်တက်ဆီ ပြန်လာရင် နံပါတ်တစ် ဂိုးသမား ဖြစ်လိုတယ်ဆိုတာလည်း ပြောခဲ့ပါတယ်”

”သူကကိုယ်ပိုင် ယုံကြည်ချက် အားကောင်းလွန်းတဲ့ ကစားသမား တစ်ဦးပါပဲ။ အခု ပွဲတွေအမြဲတမ်းပါဝင် ကစားဖို့ သူဟာ အဆင်သင့် ဖြစ်နေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်” ဆိုပြီး ပြောပါတယ်။

ဒီဂီယာဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ဖိုင်နယ် တုန်းက ပင်နယ်တီ 11 ကြိမ် ဖမ်းယူရာမှာ ဗီလာ ရီးရဲလ်အသင်းသားတွေရဲ့ ကန်ချက် 11 ကြိမ်လုံး ကာကွယ်နိုင်စွမ်း ကင်းမဲ့ခဲ့ ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်ဒဏ်ခံခဲ့ရပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်နဲ့ ၂နှစ်စာချုပ် ကျန်နေသေးပြီး၊ဟန်ဒါဆန်ကတော့ ပြီးခဲ့တဲ့ နွေရာသီက အသင်းနဲ့ ၅နှစ်သက်တမ်းတိုးထားခဲ့ပါတယ်။

zawgyi

ေမာ္ရင္ဟိုက ဟန္ဒါဆန္ဟာ ေကာင္းမြန္ေအာင္ ႀကိဳးစားေနတယ္လို႔ ထင္ဟု ေကာက္ခ်က္ခ်

နည္းျပ ဆိုးလ္ရွားအေနနဲ႔ လာမယ့္ရာသီမတိုင္ခင္ နံပါတ္၁ဂိုးသမားေနရာ ဘယ္သူျဖစ္မယ္ဆိုတာ ေ႐ြးခ်ယ္ရမယ့္ အေျခအေနမွာ ေမာ္ရင္ဟိုကအခါေတာ္ေပးလုပ္လာခဲ့ပါတယ္။

ယူႏိုက္တက္ နည္းျပေဟာင္း ေမာ္ရင္ဟိုက ဟန္ဒါဆန္ဟာ ယူႏိုက္တက္ နံပါတ္၁ဂိုးသမား ေနရာအတြက္ ဒီဂီယာကို ေနာက္ေကာက္ခ်ရန္ အသင့္ျဖစ္ေနၿပီလို႔ ေျပာထားပါတယ္။

ေမာ္ရင္ဟိုက”သူတို႔ေတြဟာ ဂိုးသမားေကာင္းေတြ ျဖစ္ၾကတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္ ။ ဒါေပမယ့္ သူတို႔ေတြဟာသာလြန္ ထူးကဲလြန္းတဲ့ ဂိုးသမားေတြေတာ့ မဟုတ္ပါဘူး။ ဟန္ဒါဆန္ကေတာ့ ေကာင္းမြန္ေအာင္ ႀကိဳးစားေနတယ္လို႔ ထင္ပါတယ္”

“ကြၽန္ေတာ္က မျဖစ္ေသးဘူးလို႔ ေျပာတယ္ဆိုတာက ျဖစ္လာႏိုင္တယ္လို႔ ေျပာလိုတာပါပဲ။ ကြၽန္ေတာ္ ယူႏိုက္တက္မွာ ရွိခဲ့စဥ္တုန္းက ဟန္ဒါဆန္နဲ႔ ေတြ႕ခဲ့ဖူး ပါတယ္။ သူက အငွား ထြက္ခ်င္ၿပီး ယူႏိုက္တက္ဆီ ျပန္လာရင္ နံပါတ္တစ္ ဂိုးသမား ျဖစ္လိုတယ္ဆိုတာလည္း ေျပာခဲ့ပါတယ္”

”သူကကိုယ္ပိုင္ ယုံၾကည္ခ်က္ အားေကာင္းလြန္းတဲ့ ကစားသမား တစ္ဦးပါပဲ။ အခု ပြဲေတြအၿမဲတမ္းပါဝင္ ကစားဖို႔ သူဟာ အဆင္သင့္ ျဖစ္ေနၿပီလို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္” ဆိုၿပီး ေျပာပါတယ္။

ဒီဂီယာဟာ ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ ဖိုင္နယ္ တုန္းက ပင္နယ္တီ 11 ႀကိမ္ ဖမ္းယူရာမွာ ဗီလာ ရီးရဲလ္အသင္းသားေတြရဲ႕ ကန္ခ်က္ 11 ႀကိမ္လုံး ကာကြယ္ႏိုင္စြမ္း ကင္းမဲ့ခဲ့ ပါတယ္။ ဒါ​ေၾကာင့္လည္း ပရိသတ္​ေတြရဲ႕ ​ေ၀ဖန္ဒဏ္ခံခဲ့ရပါတယ္။

ဒီဂီယာဟာ ယူႏိုက္တက္နဲ႔ ၂ႏွစ္စာခ်ဳပ္ က်န္ေနေသးၿပီး၊ဟန္ဒါဆန္ကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီက အသင္းနဲ႔ ၅ႏွစ္သက္တမ္းတိုးထားခဲ့ပါတယ္။