မီတာခကို ကံစမ်းမဲ လက်မှတ်နဲ့ လဲခဲ့ဖူးတဲ့ နေမာ

အတိတ်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ပြန်တင်ဆက်ပေးချင်ပါတယ်။ ဘာရယ်ညာရယ်မဟုတ် မီတာခ နဲ့ ပတ်သက်ပြီး ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ရဲ့ ပြုံးစရာ၊ ရယ်စရာ အဖြစ်ကို သတိရမိလို့ပါ။ နေမာ မီတာ မဆောင်ခဲ့တဲ့ ဇာတ်လမ်းဟာ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်ဝန်းကျင် မှာ လောက်ကတည်းက တွစ်တာအကောင့်တချို့မှာ ပို့စ်တင်ထားပြီးသားပါ။

နေမာ မီတာခမဆောင်တဲ့ ဇာတ်လမ်းမှာ ဖခင်ရဲ့ မေတ္တာဒေါသနဲ့ ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါပါတယ်။
နေမာက” ငယ်ငယ်တုန်းကပေါ့ ။ ကျွန်တော့်အဖေက လျှပ်စစ်မီတာခသွားဆောင်ဖို့ ကျွန်တော့်ကိုလွှတ်လိုက်တယ်”

“ကျွန်တော်ကအဲဒီပိုက်ဆံကို မီတာခမဆောင်ဘဲ ဇိမ်ခံကားအသစ်တစ်စီးပေါက်နိုင်တဲ့ ကံစမ်းမဲလက်မှတ်ဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ အဖေ့ကိုကျွန်တော် လုပ်ခဲ့တဲ့ ကိစ္စကိုရှင်းပြတယ်။ အဖေကအဖြစ်အပျက်ကို သိပြီးနောက်မှာ ကျွန်တော့်ကို ဆော်ပလော်တီးတော့တာ ပေါ့ဗျာ”

“အဲဒါပေမယ့်..နောက်နေ့မနက် အဖေအိမ်ရှေ့တံခါးဖွင့်တော့ အိမ်ရှေ့မှာ ကားအသစ်တစ်စီးရောက်နေတယ်လေ။ ဘာပြောကောင်းမလဲ ကျွန်တော်တို့တစ်အိမ်လုံးငိုကျတာပေါ့ ။ ကျွန်တော်ကတော့ မျက်ရည်အကျဆုံးဖြစ်ခဲ့ရပါတယ်”

“ဘာလို့လဲဆိုရင် အိမ်ရှေ့မှာ ရပ်ထားတဲ့ အဲဒီကားက မီတာရုံးက ကားလေ။ ကျွန်တော်တို့
အိမ်ကို မီးဖြတ်ဖို့အတွက်လာတာ။ အဲဒါနဲ့ အဖေကကျွန်တော့်ကို ထပ်ဆော်ပလော်တီးလို့ မျက်ရည်ပိုကျရတော့တာပေါ့ဗျာ”ဆိုပြီး ပြောခဲ့ဖူးပါတယ်။

နေမာတစ်ယောက်ကတော့ မီတာခကို ကံစမ်းမဲ လက်မှတ်နဲ့ လဲခဲ့ဖူးတဲ့ အတိတ်ဇာတ်လမ်းရှိခဲ့ပါတယ်။ ဘယ်သူတွေကရော မီတာခနဲ့ ပတ်သက်ပြီး ဘယ်လို ဇာတ်လမ်းတွေ ရှိခဲ့ကြပါလိမ့်။

zawgyi

မီတာခကို ကံစမ္းမဲ လက္မွတ္နဲ႔ လဲခဲ့ဖူးတဲ့ ​ေနမာ

အတိတ္က ဇာတ္လမ္း​ေဟာင္းတစ္ပုဒ္ကို ျပန္တင္ဆက္​ေပးခ်င္ပါတယ္။ ဘာရယ္ညာရယ္မဟုတ္ မီတာခ နဲ႔ ပတ္သက္ၿပီး ကမာၻ​ေက်ာ္ ​ေဘာလုံးသမားတစ္​ေယာက္ရဲ႕ ၿပဳံးစရာ၊ ရယ္စရာ အျဖစ္ကို သတိရမိလို႔ပါ။ ​ေနမာ မီတာ မ​ေဆာင္ခဲ့တဲ့ ဇာတ္လမ္းဟာ လြန္ခဲ့တဲ့ ၅ ႏွစ္၊ ၆ ႏွစ္၀န္းက်င္ မွာ ​ေလာက္ကတည္းက တြစ္တာအ​ေကာင့္တခ်ိဳ႕မွာ ပို႔စ္တင္ထားၿပီးသားပါ။

​ေနမာ မီတာခမ​ေဆာင္တဲ့ ဇာတ္လမ္းမွာ ဖခင္ရဲ႕ ​ေမတၱာ​​ေဒါသနဲ႔ ႐ိုက္တဲ့ ဇာတ္၀င္ခန္း​ေတြလည္းပါပါတယ္။

ေနမာက” ငယ္ငယ္တုန္းကေပါ့ ။ ကြၽန္​ေတာ့္အေဖက လွ်ပ္စစ္မီတာခသြားေဆာင္ဖို႔ ကြၽန္​ေတာ့္ကိုလႊတ္လိုက္တယ္”

“ကြၽန္​ေတာ္ကအဲဒီပိုက္ဆံကို မီတာခမေဆာင္ဘဲ ဇိမ္ခံကားအသစ္တစ္စီးေပါက္ႏိုင္တဲ့ ကံစမ္းမဲလက္မွတ္ဝယ္ၿပီး အိမ္ျပန္လာခဲ့တယ္။ အိမ္ေရာက္ေတာ့ အ​ေဖ့ကိုကြၽန္​ေတာ္ လုပ္ခဲ့တဲ့ ကိစၥကိုရွင္းျပတယ္။ အ​ေဖကအျဖစ္အပ်က္ကို သိၿပီး​ေနာက္မွာ ကြၽန္​ေတာ့္ကို ေဆာ္ပေလာ္တီးေတာ့တာ ေပါ့ဗ်ာ”

“အဲဒါ​ေပမယ့္..ေနာက္ေန႔မနက္ အေဖအိမ္ေရွ႕တံခါးဖြင့္ေတာ့ အိမ္ေရွ႕မွာ ကားအသစ္တစ္စီးေရာက္ေနတယ္ေလ။ ဘာေျပာေကာင္းမလဲ ကြၽန္​ေတာ္တို႔တစ္အိမ္လုံးငိုက်တာေပါ့ ။ ကြၽန္​ေတာ္ကေတာ့ မ်က္ရည္အက်ဆုံးျဖစ္ခဲ့ရပါတယ္”

“ဘာလို႔လဲဆိုရင္ အိမ္​ေရွ႕မွာ ရပ္ထားတဲ့ အဲဒီကားက မီတာ႐ုံးက ကားေလ။ ကြၽန္​​ေတာ္တို႔
အိမ္ကို မီးျဖတ္ဖို႔အတြက္လာတာ။ အဲဒါနဲ႔ အ​ေဖကကြၽန္​ေတာ့္ကို ထပ္ေဆာ္ပ​ေလာ္တီးလို႔ မ်က္ရည္ပိုက်ရေတာ့တာေပါ့ဗ်ာ”ဆိုၿပီး ​ေျပာခဲ့ဖူးပါတယ္။

​ေနမာတစ္​ေယာက္က​ေတာ့ မီတာခကို ကံစမ္းမဲ လက္မွတ္နဲ႔ လဲခဲ့ဖူးတဲ့ အတိတ္ဇာတ္လမ္းရွိခဲ့ပါတယ္။ ဘယ္သူ​ေတြက​ေရာ မီတာခနဲ႔ ပတ္သက္ၿပီး ဘယ္လို ဇာတ္လမ္း​ေတြ ရွိခဲ့ၾကပါလိမ့္။