ပြင်သစ်တိုက်စစ်မှူးဘန်ဇီမာ ဘူလ်ဂေးရီးယားနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ဒဏ်ရာရရှိ

ပြင်သစ်အသင်းဝါရင့်တိုက်စစ်မှူးဘန်ဇီမာဟာ ဘူလ်ဂေးရီးယားနဲ့ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲအကြိုခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ယူရို-၂၀၂၀ပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းသာလိုတော့တာကြောင့် ဘန်ဇီမာရဲ့ဒဏ်ရာပြင်းထန်မှာကို ပရိသတ်တွေစိုးရိမ်နေကြပါပြီ။ ဘူလ်ဂေးရီးယားနဲ့ပွဲမှာ ဘန်ဇီမာဟာ ပထမပိုင်းမှာပဲ ခေါင်းခုန်တိုက်ဖို့ကြိုးစားတာကနေ ပြန်အကျမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘန်ဇီမာကို ဆေးအဖွဲ့က ကုသမှုတွေပြုလုပ်ခဲ့ပေမယ့် ပွဲဆက်လက်မကစားနိုင်တော့လို့ နည်းပြဒက်စ်ချမ့်က သူ့ကို ဂျရူးနဲ့လူစားလဲခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ဒက်စ်ချမ့်က ဘန်ဇီမာကို အရဲစွန့်ပြီး ဆက်လက်မကစားစေလိုတဲ့အတွက် လူစားလဲခဲ့ရတာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ “ဘန်ဇီမာရဲ့ဒူးမှာ ထိခိုက်ခဲ့သလို ကြွက်သားတွေလည်း နာကျင်ခံစားနေပါတယ်။ ဘန်ဇီမာဟာ ဒဏ်ရာအခြေအနေကြောင့် ပွဲကိုဆက်လက်မကစားနိုင်တော့တဲ့အတွက် လူစားလဲဖို့တောင်းဆိုခဲ့တာပါ။ အခုအချိန်မှာတော့ ဆေးအဖွဲ့က သူ့ကို ကုသမှုတွေပြုလုပ်ပေးနေပါတယ်”

ပြင်သစ်မီဒီယာတစ်ခုဖြစ်တဲ့ TF1 က ဘန်ဇီမာဟာ ပထမပိုင်းအပြီးအဝတ်လဲခန်းထဲကို ခြေထော့နင်းနဲ့ဝင်သွားခဲ့ပေမယ့် ခြေထောက်မှာ အကာအကွယ်ဖိနပ်တွေဝတ်ဆင်ထားတာ မရှိဘဲ လမ်းလျှောက်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အသင်းဖော်ဗယ်လ်ဘွေနာနဲ့ပတ်သက်လို့ ပုဂ္ဂိုလ်ရေးပြဿနာဖြစ်ပွားခဲ့တဲ့အတွက် လက်ရွေးစင်အသင်းနဲ့ (၆)နှစ်ကျော်ဝေးကွာခဲ့ရသူ ဘန်ဇီမာဟာ ယူရို-၂၀၁၆၊ ၂၀၁၈ကမ္ဘာ့ဖလားတွေမှာ ပါဝင်ခွင့်မရခဲ့ဘဲ အခုမှ နိုင်ငံအသင်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး (၆)နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲဆင်နွှဲခွင့်ရမှာပါ။

အခုအချိန်မှတော့ ဘန်ဇီမာဟာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် သူ့အတွက်သာမက အသင်းအတွက်ပါ စိတ်ပျက်စရာဖြစ်ခဲ့ပြီး နည်းပြဒက်စ်ချမ့်ကတော့ လာမယ့်တစ်ပတ်အင်္ဂါနေ့မှာ ဂျာမနီအသင်းနဲ့ကစားမယ့် အုပ်စုအဖွင့်ပွဲမတိုင်ခင် ဘန်ဇီမာ ဒဏ်ရာကနေအချိန်မီပြန်သက်သာလာအောင် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်။

zawgyi

ျပင္သစ္တိုက္စစ္မႉးဘန္ဇီမာ ဘူလ္ေဂးရီးယားနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ ဒဏ္ရာရရွိ

ျပင္သစ္အသင္းဝါရင့္တိုက္စစ္မႉးဘန္ဇီမာဟာ ဘူလ္ေဂးရီးယားနဲ႔ကစားခဲ့တဲ့ ယူ႐ိုၿပိဳင္ပြဲအႀကိဳေျခစမ္းပြဲမွာ ဒဏ္ရာရရွိခဲ့ၿပီး ယူ႐ို-၂၀၂၀ၿပိဳင္ပြဲစတင္ဖို႔ ရက္ပိုင္းသာလိုေတာ့တာေၾကာင့္ ဘန္ဇီမာရဲ႕ဒဏ္ရာျပင္းထန္မွာကို ပရိသတ္ေတြစိုးရိမ္ေနၾကပါၿပီ။ ဘူလ္ေဂးရီးယားနဲ႔ပြဲမွာ ဘန္ဇီမာဟာ ပထမပိုင္းမွာပဲ ေခါင္းခုန္တိုက္ဖို႔ႀကိဳးစားတာကေန ျပန္အက်မွာ ဒူးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဘန္ဇီမာကို ေဆးအဖြဲ႕က ကုသမႈေတြျပဳလုပ္ခဲ့ေပမယ့္ ပြဲဆက္လက္မကစားႏိုင္ေတာ့လို႔ နည္းျပဒက္စ္ခ်မ့္က သူ႔ကို ဂ်႐ူးနဲ႔လူစားလဲခဲ့ရပါတယ္။

ပြဲအၿပီးမွာေတာ့ ဒက္စ္ခ်မ့္က ဘန္ဇီမာကို အရဲစြန႔္ၿပီး ဆက္လက္မကစားေစလိုတဲ့အတြက္ လူစားလဲခဲ့ရတာျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ “ဘန္ဇီမာရဲ႕ဒူးမွာ ထိခိုက္ခဲ့သလို ႂကြက္သားေတြလည္း နာက်င္ခံစားေနပါတယ္။ ဘန္ဇီမာဟာ ဒဏ္ရာအေျခအေနေၾကာင့္ ပြဲကိုဆက္လက္မကစားႏိုင္ေတာ့တဲ့အတြက္ လူစားလဲဖို႔ေတာင္းဆိုခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ ေဆးအဖြဲ႕က သူ႔ကို ကုသမႈေတြျပဳလုပ္ေပးေနပါတယ္”

ျပင္သစ္မီဒီယာတစ္ခုျဖစ္တဲ့ TF1 က ဘန္ဇီမာဟာ ပထမပိုင္းအၿပီးအဝတ္လဲခန္းထဲကို ေျခေထာ့နင္းနဲ႔ဝင္သြားခဲ့ေပမယ့္ ေျခေထာက္မွာ အကာအကြယ္ဖိနပ္ေတြဝတ္ဆင္ထားတာ မရွိဘဲ လမ္းေလွ်ာက္ႏိုင္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ အသင္းေဖာ္ဗယ္လ္ေဘြနာနဲ႔ပတ္သက္လို႔ ပုဂၢိဳလ္ေရးျပႆနာျဖစ္ပြားခဲ့တဲ့အတြက္ လက္ေ႐ြးစင္အသင္းနဲ႔ (၆)ႏွစ္ေက်ာ္ေဝးကြာခဲ့ရသူ ဘန္ဇီမာဟာ ယူ႐ို-၂၀၁၆၊ ၂၀၁၈ကမာၻ႔ဖလားေတြမွာ ပါဝင္ခြင့္မရခဲ့ဘဲ အခုမွ ႏိုင္ငံအသင္းအတြက္ ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ၿပီး (၆)ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ ယူ႐ိုၿပိဳင္ပြဲဆင္ႏႊဲခြင့္ရမွာပါ။

အခုအခ်ိန္မွေတာ့ ဘန္ဇီမာဟာ ဒဏ္ရာျပႆနာနဲ႔ရင္ဆိုင္ခဲ့ရတာေၾကာင့္ သူ႔အတြက္သာမက အသင္းအတြက္ပါ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး နည္းျပဒက္စ္ခ်မ့္ကေတာ့ လာမယ့္တစ္ပတ္အဂၤါေန႔မွာ ဂ်ာမနီအသင္းနဲ႔ကစားမယ့္ အုပ္စုအဖြင့္ပြဲမတိုင္ခင္ ဘန္ဇီမာ ဒဏ္ရာကေနအခ်ိန္မီျပန္သက္သာလာေအာင္ အစြမ္းကုန္ႀကိဳးစားသြားမွာျဖစ္ပါတယ္။