နည်းပြဖြစ်သွားလည်း ဘောလုံးပြန်ကစားဦးမယ့် သရဲနီဟောင်း ဝိန်းရွန်းနီ

နည်းပြဖြစ်သွားလည်း ရွန်းနီတို့က မြက်ခင်းစိမ်းပေါ်မှာ ဘောလုံးကန်ပါအုံးမယ်။ ဝိန်းရွန်းနီဟာ၂၀၂၁ခုနှစ် Soccer Aid တွင်ပါဝင်ကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။ရွန်းနီကန်မယ့်ပွဲမှာ တခြားအထင်ကရ ဘောလုံးသမားဟောင်းကြီးတွေလည်း ပါဝင်ကစားကြပါမယ်။

လာမယ့် စက်တင်ဘာလအတွင်းမှာတော့ ရွန်းနီဟာ ဂယ်ရီနဖီးလ်၊ ပေါလ်စခိုးတို့လို ယူနိုက်တက်အသင်းဖော်ဟောင်းတွေနဲ့အတူ ဘောလုံးပြန်လည်ကစားသွားတော့မယ်လို့ သိရပါတယ်။

နာမည်ကျော်ရန်ပုံငွေပွဲကိုစက်တင်ဘာလ၄ရက်နေ့၊စနေနေ့တွင်မန်ချက်စတာရှိအီတီဟတ်ကွင်းတွင်ကစားသွားပါမယ်။ ရွန်းနီဟာ အဲဒီပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစအသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

တခြားပူးပေါင်းပါဝင်မယ့် ကစားသမားတွေကတော့ ဂျေမီရက်နက်၊ ဖာရာဝီလီယမ်၊ဒေးဗစ်ဂျိမ်းစ်၊အက်ရှ်လေကိုး၊ကယ်လီစမစ်၊ဟတ်စကီးတို့ဖြစ်ပါတယ်။

အင်္ဂလန်အသင်းကိုဟယ်ရီရက်နက်ကနည်းပြသွားမှာ ဖြစ်ပြီးနည်းပြအဖွဲ့ဝင်များအဖြစ်မီကာရစ်ချက်၊ဒေးဗစ်ဆီးမင်းတို့တာဝန်ယူသွားပါမယ်။ Soccer Aid ရန်ပုံငွေဘောလုံးပွဲကို၂၀၀၆ခုနှစ်တုန်းကစတင်ခဲ့တာဖြစ်ပြီးယခုအချိန်အထိပေါင်၄၇သန်းကျော်ရန်ပုံငွေရှာဖွေပေးထားပြီးဖြစ်ပါတယ်။

ရွန်းနီဟာ မကြာသေးခင်ကမှ နည်းပြလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး နဂိုတုန်းက ကစားသမားတာဝန်အပြင် နည်းပြအဖြစ် ဆောင်ရွက်ရာကနေ ဒါဘီကောင်တီအသင်းမှာ နည်းပြချုပ်ရာထူးကို ပြောင်းလဲလက်ခံခဲ့တာပါ။ နည်းပြဖြစ်ပြီးနောက် တန်းဆင်းဇုန်အောက်ကို ရောက်ရှိနေတဲ့ အသင်းကိုလည်း ရာသီအကုန်မှာ တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

zawgyi

နည္းျပျဖစ္သြားလည္း ေဘာလုံးျပန္ကစားဦးမယ့္ သရဲနီေဟာင္း ဝိန္း႐ြန္းနီ

နည္းျပျဖစ္သြားလည္း ႐ြန္းနီတို႔က ျမက္ခင္းစိမ္းေပၚမွာ ေဘာလုံးကန္ပါအုံးမယ္။ ဝိန္း႐ြန္းနီဟာ၂၀၂၁ခုႏွစ္ Soccer Aid တြင္ပါဝင္ကစားသြားမွာျဖစ္ေၾကာင္းသိရပါတယ္။႐ြန္းနီကန္မယ့္ပြဲမွာ တျခားအထင္ကရ ေဘာလုံးသမားေဟာင္းႀကီးေတြလည္း ပါဝင္ကစားၾကပါမယ္။

လာမယ့္ စက္တင္ဘာလအတြင္းမွာေတာ့ ႐ြန္းနီဟာ ဂယ္ရီနဖီးလ္၊ ေပါလ္စခိုးတို႔လို ယူႏိုက္တက္အသင္းေဖာ္ေဟာင္းေတြနဲ႔အတူ ေဘာလုံးျပန္လည္ကစားသြားေတာ့မယ္လို႔ သိရပါတယ္။

နာမည္ေက်ာ္ရန္ပုံေငြပြဲကိုစက္တင္ဘာလ၄ရက္ေန႔၊စေနေန႔တြင္မန္ခ်က္စတာရွိအီတီဟတ္ကြင္းတြင္ကစားသြားပါမယ္။ ႐ြန္းနီဟာ အဲဒီပြဲစဥ္မွာ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ဝတ္စုံကို ဝတ္ဆင္သြားမွာျဖစ္ပါတယ္။

တျခားပူးေပါင္းပါဝင္မယ့္ ကစားသမားေတြကေတာ့ ေဂ်မီရက္နက္၊ ဖာရာဝီလီယမ္၊ေဒးဗစ္ဂ်ိမ္းစ္၊အက္ရွ္ေလကိုး၊ကယ္လီစမစ္၊ဟတ္စကီးတို႔ျဖစ္ပါတယ္။

အဂၤလန္အသင္းကိုဟယ္ရီရက္နက္ကနည္းျပသြားမွာ ျဖစ္ၿပီးနည္းျပအဖြဲ႕ဝင္မ်ားအျဖစ္မီကာရစ္ခ်က္၊ေဒးဗစ္ဆီးမင္းတို႔တာဝန္ယူသြားပါမယ္။ Soccer Aid ရန္ပုံေငြေဘာလုံးပြဲကို၂၀၀၆ခုႏွစ္တုန္းကစတင္ခဲ့တာျဖစ္ၿပီးယခုအခ်ိန္အထိေပါင္၄၇သန္းေက်ာ္ရန္ပုံေငြရွာေဖြေပးထားၿပီးျဖစ္ပါတယ္။

႐ြန္းနီဟာ မၾကာေသးခင္ကမွ နည္းျပေလာကထဲကို စတင္ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး နဂိုတုန္းက ကစားသမားတာ၀န္အျပင္ နည္းျပအျဖစ္ ေဆာင္႐ြက္ရာက​ေန ဒါဘီေကာင္တီအသင္းမွာ နည္းျပခ်ဳပ္ရာထူးကို ေျပာင္းလဲလက္ခံခဲ့တာပါ။ နည္းျပျဖစ္ၿပီး​ေနာက္ တန္းဆင္းဇုန္ေအာက္ကို ေရာက္ရွိေနတဲ့ အသင္းကိုလည္း ရာသီအကုန္မွာ တန္းမဆင္းရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။