ဒွန်နီ ဗန်ဒီဘိ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲက‌နေ နှုတ်ထွက်သွားတာ ယူနိုက်တက်ပရိသတ်တွေအတွက် အံ့အားသင့်သွားစေခဲ့

ဒွန်နီ ဗန်ဒီဘိ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲက‌နေ နှုတ်ထွက်သွားတာက ယူနိုက်တက်ပရိသတ်တွေအတွက် အံ့အားသင့်သွားစေပါတယ်။ အသက် ( ၂၄ ) နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အဆိုပါ ပြိုင်ပွဲဝင်မယ့် နယ်သာလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခြင်းမရှိတော့ပါဘူး။ သူ့ရဲ့ မွေးရပ်မြေမှ သတင်းတွေအရ ပေါင်ခြံဒဏ်ရာက သူ့ကို ပြိုင်ပွဲကနေ နှုတ်ထွက်စေခဲ့တာလို့ ဆိုပါတယ်။

De Telegraaf က ကွင်းလယ်ကစားသမားဟာ အဆိုပါ ဒဏ်ရာနဲ့ ရက်သတ္တပတ်ပေါင်းများစွာ ကစားနေခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် မားကတ်ရက်ဖို့ဒ်က သူ့ရဲ့ တွယ်တာကနေ ဗန်ဒီဘိကို အားပေးစကား ပြောကြားခဲ့ပါတယ်။ အင်္ဂလန်လက်‌ရွေးစင်က အသင်းဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ ယူနိုက်တက် ကစားသမား ( ၅ ) ၊ ( ၆ ) ၊( ၇ ) ဦးလောက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဒဏ်ရာပြဿနာတွေနဲ့ ကစားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗန်ဒီဘိက အဆိုပါ ပွဲစဉ်မှာ အရံကစားသမားအနေနဲ့သာ ပါဝင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာကို ခံစားခဲ့ရဟန်ရှိပါတယ်။ သူဟာ အဆိုပါ ပွဲစဉ်ကို အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီး ဖြတ်ကျော်ခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဗန်ဒီဘိက ယူနိုက်တက်နဲ့ ပထမရာသီမှာ ကံမကောင်းခဲ့ပါဘူး ။ အိုလေ ဂန်းနား ဆိုးရှားက လပေါင်းများစွာကြာသည့်တိုင် ကစားသမားအတွက် နေရာရှာမတွေ့ခဲ့ပါဘူး။ အဲ့ဒီနောက် ယူနိုက်တက်ရဲ့ အဓိက ကစားသမားအချို့ ဒဏ်ရာရသွားချိန်မှာ ဗန်ဒီဘိကလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

လက်ရှိမှာတော့ ဗန်ဒီဘိအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေသောက်ပြီး ယူရိုပြိုင်ပွဲကို ဖြတ်ကျော်တာထက် လာမယ့်ရာသီအတွက် အသင့်ဖြစ်စေဖို့ အကောင်းဆုံး အနားယူခွင့်ရှိနေပါတယ်။

zawgyi

ဒြန္နီ ဗန္ဒီဘိ ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲက‌ေန ႏႈတ္ထြက္သြားတာ ယူႏိုက္တက္ပရိသတ္ေတြ အံ့အားသင့္သြားေစခဲ့

ဒြန္နီ ဗန္ဒီဘိ ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲက‌ေန ႏႈတ္ထြက္သြားတာက ယူႏိုက္တက္ပရိသတ္ေတြအတြက္ အံ့အားသင့္သြားေစပါတယ္။ အသက္ ( ၂၄ ) ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ အဆိုပါ ၿပိဳင္ပြဲဝင္မယ့္ နယ္သာလန္လက္ေ႐ြးစင္အသင္းမွာ ပါဝင္ျခင္းမရွိေတာ့ပါဘူး။ သူ႔ရဲ႕ ေမြးရပ္ေျမမွ သတင္းေတြအရ ေပါင္ၿခံဒဏ္ရာက သူ႔ကို ၿပိဳင္ပြဲကေန ႏႈတ္ထြက္ေစခဲ့တာလို႔ ဆိုပါတယ္။

De Telegraaf က ကြင္းလယ္ကစားသမားဟာ အဆိုပါ ဒဏ္ရာနဲ႔ ရက္သတၱပတ္ေပါင္းမ်ားစြာ ကစားေနခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ သတင္းထြက္ေပၚလာၿပီးေနာက္ မားကတ္ရက္ဖို႔ဒ္က သူ႔ရဲ႕ တြယ္တာကေန ဗန္ဒီဘိကို အားေပးစကား ေျပာၾကားခဲ့ပါတယ္။ အဂၤလန္လက္‌ေ႐ြးစင္က အသင္းဝက္ဆိုဒ္နဲ႔ အင္တာဗ်ဴးမွာ ယူႏိုက္တက္ ကစားသမား ( ၅ ) ၊ ( ၆ ) ၊( ၇ ) ဦးေလာက္ဟာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို ဒဏ္ရာျပႆနာေတြနဲ႔ ကစားခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ဗန္ဒီဘိက အဆိုပါ ပြဲစဥ္မွာ အရံကစားသမားအေနနဲ႔သာ ပါဝင္ခဲ့ေပမယ့္ ဒဏ္ရာျပႆနာကို ခံစားခဲ့ရဟန္ရွိပါတယ္။ သူဟာ အဆိုပါ ပြဲစဥ္ကို အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္ၿပီး ျဖတ္ေက်ာ္ခဲ့ရတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။ ဗန္ဒီဘိက ယူႏိုက္တက္နဲ႔ ပထမရာသီမွာ ကံမေကာင္းခဲ့ပါဘူး ။ အိုေလ ဂန္းနား ဆိုးရွားက လေပါင္းမ်ားစြာၾကာသည့္တိုင္ ကစားသမားအတြက္ ေနရာရွာမေတြ႕ခဲ့ပါဘူး။ အဲ့ဒီေနာက္ ယူႏိုက္တက္ရဲ႕ အဓိက ကစားသမားအခ်ိဳ႕ ဒဏ္ရာရသြားခ်ိန္မွာ ဗန္ဒီဘိကလည္း ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရျပန္ပါတယ္။

လက္ရွိမွာေတာ့ ဗန္ဒီဘိအေနနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြေသာက္ၿပီး ယူ႐ိုၿပိဳင္ပြဲကို ျဖတ္ေက်ာ္တာထက္ လာမယ့္ရာသီအတြက္ အသင့္ျဖစ္ေစဖို႔ အေကာင္းဆုံး အနားယူခြင့္ရွိေနပါတယ္။