ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်း အုပ်စုအဖွင့်ပွဲ တစ်ခါမှ အနိုင်မသေးတဲ့မှတ်တမ်းဆိုးကို ဒီတစ်ကြိမ်ပြိုင်ပွဲမှာ ရပ်တန့်နိုင်မလား

ဥရောပရဲ့ ဂုဏ်သိက္ခာအမြင့်ဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲဟာ လာမယ့်သောကြာနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး နာမည်ကျော်အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ(၁၃)ရက်(တနင်္ဂနွေနေ့)မှာ ခရိုအေးရှားအသင်းနဲ့ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းမှာ ရပ်ရှ်ဖို့ဒ်၊ မေဆင်မောင့်၊ ဆန်ချို၊ ဖိုဒန်၊ ဟယ်ရီကိန်းစတဲ့ နာမည်ကျော်ကစားသမားတွေ ပါဝင်နေပြီး လာမယ့်ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ခံထားရတာပါ။

ဒါပေမဲ့လည်း အင်္ဂလန်အသင်းဟာ ပြိုင်ပွဲကြီးတွေဆို ဗိုလ်စွဲဖို့အမြဲလိုလိုရေပန်းစားပေမယ့် တကယ်တမ်းမှာ ထင်သလောက်မဖြစ်ခဲ့တာတွေက ခဏခဏပါပဲ။ ဒ့ါအပြင် အင်္ဂလန်အသင်းအတွက် စိုးရိမ်စရာကောင်းတဲ့သမိုင်းမှတ်တမ်းတစ်ခုလည်းရှိနေပါသေးတယ်။ အဲဒါကတော့ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဖွင့်ပွဲတွေကို တစ်ခါမှအနိုင်မရသေးတာပဲဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ၁၉၆၀(မယှဉ်ပြိုင်)၊ ၁၉၆၄(ခြေစစ်ပွဲမအောင်)၊ ၁၉၇၂(ခြေစစ်ပွဲမအောင်)၊ ၁၉၇၆(ခြေစစ်ပွဲမအောင်)၊ ၁၉၈၄ (ခြေစစ်ပွဲမအောင်)၊ ၂၀၀၈ (စြေစ်ပွဲမအောင်)ပြိုင်ပွဲတွေနဲ့ လွဲချော်ခဲ့ပြီး အခု ယူရို-၂၀၂၀အပါအဝင် စုစုပေါင်း(၁၀)ကြိမ်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ယူရို-၂၀၂၀ပြိုင်ပွဲမတိုင်ခင် ပြီးခဲ့တဲ့(၉)ကြိမ်စလုံး အုပ်စုအဖွင့်ပွဲတွေမှာ အင်္ဂလန်အသင်းရဲ့ရလဒ်တွေက စိတ်ပျက်စရာကောင်းခဲ့ပြီး (၅)ပွဲသရေ၊ (၄)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့တာပါ။ အင်္ဂလန်အသင်း ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်ခဲ့တဲ့ ၁၉၆၈ပြိုင်ပွဲမှာ ယူဂိုဆလားဗီးယားကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ယူရို-၁၉၈၀ပြိုင်ပွဲမှာတော့ အုပ်စုအဖွင့်ပွဲအဖြစ် ဘယ်လ်ဂျီယံနဲ့(၁)ဂိုးစီသရေကျခဲ့ပါတယ်။

ယူရို-၁၉၈၈ ပြိုင်ပွဲမှာ အိုင်ယာလန်ကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ယူရို-၁၉၉၂ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာတော့ ဒိန်းမတ်နဲ့ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် ယူရို-၁၉၉၆ ခုနှစ်မှာ ဆွစ်ဇာလန်နဲ့(၁)ဂိုးစီသရေ၊ ယူရို-၂၀၀၀မှာ ပေါ်တူဂီကို (၃-၂)ဂိုးနဲ့ရှုံး၊ ၂၀၀၄ မှာ ပြင်သစ်ကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ၂၀၁၂ခုနှစ်မှာတော့ ပြင်သစ်နဲ့(၁)ဂိုးစီသရေ၊ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ရုရှားနဲ့(၁)ဂိုးစီသရေကျခဲ့ပါတယ်။

အခုဆုံတွေ့ရမယ့် ခရိုးအေရှားနဲ့ Head To Head မှတ်တမ်းမှာလည်း အင်္ဂလန်အသင်းဟာ ပြတ်ပြတ်သားသားအသာမရခဲ့ဘဲ (၅)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၃)ပွဲရှုံးရလဒ်ထွက်ခဲ့တဲ့အတွင်း ခရိုအေးရှားအသင်းဟာ ၂၀၀၇ ခုနှစ်မှာ၊ ယူရို-၂၀၀၈ခြေစစ်ပွဲအဖြစ် ရင်ဆိုင်ခဲ့ရတုန်းက အင်္ဂလန်ကို အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့အနိုင်ယူပြီး အင်္ဂလန်အသင်း ယူရိုပြိုင်ပွဲနဲ့လွဲချော်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်း ဒီတစ်ကြိမ်ပြိုင်ပွဲမှာ သမိုင်းမှတ်တမ်းဆိုးကို ရပ်တန့်ပြီး ပထမဆုံးအကြိမ် ယူရိုအုပ်စုအဖွင့်ပွဲမှာ နိုင်ပွဲရယူနိုင်မလား၊ ဒါမှမဟုတ် မှတ်တမ်းဆိုးနဲ့ ဆက်လက်ရင်ဆိုင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

zawgyi

ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္း အုပ္စုအဖြင့္ပြဲ တစ္ခါမွ အႏိုင္မေသးတဲ့မွတ္တမ္းဆိုးကို ဒီတစ္ႀကိမ္ၿပိဳင္ပြဲမွာ ရပ္တန႔္ႏိုင္မလား

ဥေရာပရဲ႕ ဂုဏ္သိကၡာအျမင့္ဆုံးႏိုင္ငံတကာၿပိဳင္ပြဲျဖစ္တဲ့ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဟာ လာမယ့္ေသာၾကာေန႔မွာ စတင္က်င္းပမွာျဖစ္ၿပီး နာမည္ေက်ာ္အဂၤလန္အသင္းဟာ အုပ္စုအဖြင့္ပြဲအျဖစ္ ဇြန္လ(၁၃)ရက္(တနဂၤေႏြေန႔)မွာ ခ႐ိုေအးရွားအသင္းနဲ႔ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။ အဂၤလန္အသင္းမွာ ရပ္ရွ္ဖို႔ဒ္၊ ေမဆင္ေမာင့္၊ ဆန္ခ်ိဳ၊ ဖိုဒန္၊ ဟယ္ရီကိန္းစတဲ့ နာမည္ေက်ာ္ကစားသမားေတြ ပါဝင္ေနၿပီး လာမယ့္ယူ႐ိုၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းေတြထဲက တစ္သင္းအျဖစ္ သတ္မွတ္ခံထားရတာပါ။

ါေပမဲ့လည္း အဂၤလန္အသင္းဟာ ၿပိဳင္ပြဲႀကီးေတြဆို ဗိုလ္စြဲဖို႔အၿမဲလိုလိုေရပန္းစားေပမယ့္ တကယ္တမ္းမွာ ထင္သေလာက္မျဖစ္ခဲ့တာေတြက ခဏခဏပါပဲ။ ဒ့ါအျပင္ အဂၤလန္အသင္းအတြက္ စိုးရိမ္စရာေကာင္းတဲ့သမိုင္းမွတ္တမ္းတစ္ခုလည္းရွိေနပါေသးတယ္။ အဲဒါကေတာ့ အဂၤလန္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အုပ္စုအဖြင့္ပြဲေတြကို တစ္ခါမွအႏိုင္မရေသးတာပဲျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲမွာ ၁၉၆၀(မယွဥ္ၿပိဳင္)၊ ၁၉၆၄(ေျခစစ္ပြဲမေအာင္)၊ ၁၉၇၂(ေျခစစ္ပြဲမေအာင္)၊ ၁၉၇၆(ေျခစစ္ပြဲမေအာင္)၊ ၁၉၈၄ (ေျခစစ္ပြဲမေအာင္)၊ ၂၀၀၈ (ေျစစ္ပြဲမေအာင္)ၿပိဳင္ပြဲေတြနဲ႔ လြဲေခ်ာ္ခဲ့ၿပီး အခု ယူ႐ို-၂၀၂၀အပါအဝင္ စုစုေပါင္း(၁၀)ႀကိမ္ပါဝင္ကစားခြင့္ရခဲ့ပါတယ္။ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမတိုင္ခင္ ၿပီးခဲ့တဲ့(၉)ႀကိမ္စလုံး အုပ္စုအဖြင့္ပြဲေတြမွာ အဂၤလန္အသင္းရဲ႕ရလဒ္ေတြက စိတ္ပ်က္စရာေကာင္းခဲ့ၿပီး (၅)ပြဲသေရ၊ (၄)ပြဲရႈံးရလဒ္ထြက္ေပၚခဲ့တာပါ။ အဂၤလန္အသင္း ပထမဆုံးအႀကိမ္ေျခစစ္ပြဲေအာင္ခဲ့တဲ့ ၁၉၆၈ၿပိဳင္ပြဲမွာ ယူဂိုဆလားဗီးယားကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ယူ႐ို-၁၉၈၀ၿပိဳင္ပြဲမွာေတာ့ အုပ္စုအဖြင့္ပြဲအျဖစ္ ဘယ္လ္ဂ်ီယံနဲ႔(၁)ဂိုးစီသေရက်ခဲ့ပါတယ္။

ယူ႐ို-၁၉၈၈ ၿပိဳင္ပြဲမွာ အိုင္ယာလန္ကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ယူ႐ို-၁၉၉၂ ၿပိဳင္ပြဲ အုပ္စုအဖြင့္ပြဲမွာေတာ့ ဒိန္းမတ္နဲ႔ဂိုးမရွိသေရရလဒ္ထြက္ေပၚခဲ့ပါတယ္။ အဲဒီေနာက္ ယူ႐ို-၁၉၉၆ ခုႏွစ္မွာ ဆြစ္ဇာလန္နဲ႔(၁)ဂိုးစီသေရ၊ ယူ႐ို-၂၀၀၀မွာ ေပၚတူဂီကို (၃-၂)ဂိုးနဲ႔ရႈံး၊ ၂၀၀၄ မွာ ျပင္သစ္ကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ၂၀၁၂ခုႏွစ္မွာေတာ့ ျပင္သစ္နဲ႔(၁)ဂိုးစီသေရ၊ ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲမွာ ႐ုရွားနဲ႔(၁)ဂိုးစီသေရက်ခဲ့ပါတယ္။

အခုဆုံေတြ႕ရမယ့္ ခ႐ိုးေအရွားနဲ႔ Head To Head မွတ္တမ္းမွာလည္း အဂၤလန္အသင္းဟာ ျပတ္ျပတ္သားသားအသာမရခဲ့ဘဲ (၅)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၃)ပြဲရႈံးရလဒ္ထြက္ခဲ့တဲ့အတြင္း ခ႐ိုေအးရွားအသင္းဟာ ၂၀၀၇ ခုႏွစ္မွာ၊ ယူ႐ို-၂၀၀၈ေျခစစ္ပြဲအျဖစ္ ရင္ဆိုင္ခဲ့ရတုန္းက အဂၤလန္ကို အေဝးကြင္းမွာ (၃-၂)ဂိုးနဲ႔အႏိုင္ယူၿပီး အဂၤလန္အသင္း ယူ႐ိုၿပိဳင္ပြဲနဲ႔လြဲေခ်ာ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္း ဒီတစ္ႀကိမ္ၿပိဳင္ပြဲမွာ သမိုင္းမွတ္တမ္းဆိုးကို ရပ္တန႔္ၿပီး ပထမဆုံးအႀကိမ္ ယူ႐ိုအုပ္စုအဖြင့္ပြဲမွာ ႏိုင္ပြဲရယူႏိုင္မလား၊ ဒါမွမဟုတ္ မွတ္တမ္းဆိုးနဲ႔ ဆက္လက္ရင္ဆိုင္ရမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .