အိန္ဒိယဝါရင့်တိုက်စစ်မှူးချက်ထရီက နိုင်ငံတကာသွင်းဂိုးအများဆုံးစာရင်းမှာ မက်ဆီကို ကျော်ဖြတ်

အိန္ဒိယအသင်းခေါင်းဆောင် ဝါရင့်တိုက်စစ်မှူးဆူနီချက်ထရီဟာ လက်ရှိဘောလုံးသမားတွေထဲက
နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးမက်ဆီထက်
သွင်းဂိုးအရေအတွက်ပိုများသွားပြီဖြစ်ပြီး သူ့ထက် ဂိုးပိုများတာဆိုလို့ စီရော်နယ်လ်ဒိုတစ်ဦးသာရှိပါတော့တယ်။

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ချက်ထရီဟာ အိန္ဒိယအသင်းအတွက် (၂)ဂိုးသွင်းယူခဲ့တာကြောင့် အခုဆိုရင် သူ့ရဲ့နိုင်ငံတကာသွင်းဂိုးအရေအတွက်က (၇၄)ဂိုးအထိရှိလာပါပြီ။

မက်ဆီဟာ လက်ရှိအချိန်အထိ အာဂျင်တီးနားအသင်းအတွက် (၇၂)ဂိုးသွင်းယူထားပြီး ပြီးခဲ့တဲ့တစ်ပတ်က ချီလီနဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပယ်နယ်တီကနေ ဂိုးသွင်းခွင့်ပါသေးတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချက်ထရီဟာ အိန္ဒိယအသင်းအတွက် (၁၁၇)ပွဲကစား (၇၄)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တစ်ပွဲပျမ်းမျှသွင်းဂိုး(ဝ.၆၃%)အထိရှိခဲ့တဲ့အတွက် စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက်တောင် စွမ်းဆောင်ရည်ပိုကောင်းနေပါတယ်။

လက်ရှိဘောလုံးကစားသူတွေထဲမှာ နိုင်ငံတကာသွင်းဂိုးအများဆုံးအဖြစ်ရပ်တည်နေတဲ့ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် (၁၇၄)ပွဲကစား၊ (၁၀၃)ဂိုးသွင်းယူထားတာကြောင့် တစ်ပွဲပျမ်းမျှသွင်းဂိုး(ဝ.၅၉%)ရှိခဲ့ပြီး မက်ဆီက တစ်ပွဲပျမ်းမျှသွင်းဂိုး(ဝ.၅%)သာရှိခဲ့တာပါ။

စီရော်နယ်လ်ဒိုအနေနဲ့ ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီရဲ့ စံချိန်ကို မကြာခင်ကျော်ဖြတ်နိုင်ဖို့ရှိနေပြီး အလီဒါယီက (၁၀၉)ဂိုးနဲ့စံချိန်တင်ထားတဲ့အတွက် စီရော်နယ်လ်ဒိုသာ နောက်ထပ်(၇)ဂိုးသွင်းနိုင်ခဲ့ရင် စံချိန်သစ်တင်နိုင်ပါပြီ။

အိန္ဒိယအသင်းဟာ လာမယ့်ဇွန်လ(၁၅)ရက်ကျရင် အာဖဂန်နစ္စတန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆက်လက်ကစားရမှာဖြစ်တာကြောင့်
ချက်ထရီဟာ သူ့ရဲ့သွင်းဂိုးအရေအတွက်ကို ပိုများအောင်ဖန်တီးနိုင်မယ့်အခွင့်အရေးရှိပေမယ့် အဲဒီပွဲပြီးရင်တော့ အိန္ဒိယအသင်းကစားဖို့ နိုင်ငံတကာပွဲတွေမရှိတော့ပါဘူး။

ဒါပေမဲ့ မက်ဆီဟာ ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ပါဝင်ဆင်နွှဲမှာဖြစ်လို့ ချက်ထရီကို မကြာခင်ပြန်လည်ကျော်ဖြတ်နိုင်ဖို့ရှိနေပါပြီ။

Zawgyi

အိႏၵိယဝါရင့္တိုက္စစ္မႉးခ်က္ထရီက ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစာရင္းမွာ မက္ဆီကို ေက်ာ္ျဖတ္

အိႏၵိယအသင္းေခါင္းေဆာင္ ဝါရင့္တိုက္စစ္မႉးဆူနီခ်က္ထရီဟာ လက္ရွိေဘာလုံးသမားေတြထဲက
ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ အာဂ်င္တီးနားနာမည္ေက်ာ္တိုက္စစ္မႉးမက္ဆီထက္
သြင္းဂိုးအေရအတြက္ပိုမ်ားသြားၿပီျဖစ္ၿပီး သူ႔ထက္ ဂိုးပိုမ်ားတာဆိုလို႔ စီေရာ္နယ္လ္ဒိုတစ္ဦးသာရွိပါေတာ့တယ္။

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဘဂၤလားေဒ့ရွ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ခ်က္ထရီဟာ အိႏၵိယအသင္းအတြက္ (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ အခုဆိုရင္ သူ႔ရဲ႕ႏိုင္ငံတကာသြင္းဂိုးအေရအတြက္က (၇၄)ဂိုးအထိရွိလာပါၿပီ။

မက္ဆီဟာ လက္ရွိအခ်ိန္အထိ အာဂ်င္တီးနားအသင္းအတြက္ (၇၂)ဂိုးသြင္းယူထားၿပီး ၿပီးခဲ့တဲ့တစ္ပတ္က ခ်ီလီနဲ႔တစ္ဂိုးစီသေရက်ခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ပယ္နယ္တီကေန ဂိုးသြင္းခြင့္ပါေသးတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ခ်က္ထရီဟာ အိႏၵိယအသင္းအတြက္ (၁၁၇)ပြဲကစား (၇၄)ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ တစ္ပြဲပ်မ္းမွ်သြင္းဂိုး(ဝ.၆၃%)အထိရွိခဲ့တဲ့အတြက္ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ထက္ေတာင္ စြမ္းေဆာင္ရည္ပိုေကာင္းေနပါတယ္။

လက္ရွိေဘာလုံးကစားသူေတြထဲမွာ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးအျဖစ္ရပ္တည္ေနတဲ့ စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ (၁၇၄)ပြဲကစား၊ (၁၀၃)ဂိုးသြင္းယူထားတာေၾကာင့္ တစ္ပြဲပ်မ္းမွ်သြင္းဂိုး(ဝ.၅၉%)ရွိခဲ့ၿပီး မက္ဆီက တစ္ပြဲပ်မ္းမွ်သြင္းဂိုး(ဝ.၅%)သာရွိခဲ့တာပါ။

စီေရာ္နယ္လ္ဒိုအေနနဲ႔ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတဲ့ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီရဲ႕ စံခ်ိန္ကို မၾကာခင္ေက်ာ္ျဖတ္ႏိုင္ဖို႔ရွိေနၿပီး အလီဒါယီက (၁၀၉)ဂိုးနဲ႔စံခ်ိန္တင္ထားတဲ့အတြက္ စီေရာ္နယ္လ္ဒိုသာ ေနာက္ထပ္(၇)ဂိုးသြင္းႏိုင္ခဲ့ရင္ စံခ်ိန္သစ္တင္ႏိုင္ပါၿပီ။

အိႏၵိယအသင္းဟာ လာမယ့္ဇြန္လ(၁၅)ရက္က်ရင္ အာဖဂန္နစၥတန္နဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲ ဆက္လက္ကစားရမွာျဖစ္တာေၾကာင့္
ခ်က္ထရီဟာ သူ႔ရဲ႕သြင္းဂိုးအေရအတြက္ကို ပိုမ်ားေအာင္ဖန္တီးႏိုင္မယ့္အခြင့္အေရးရွိေပမယ့္ အဲဒီပြဲၿပီးရင္ေတာ့ အိႏၵိယအသင္းကစားဖို႔ ႏိုင္ငံတကာပြဲေတြမရွိေတာ့ပါဘူး။

ဒါေပမဲ့ မက္ဆီဟာ ၂၀၂၁ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ ပါဝင္ဆင္ႏႊဲမွာျဖစ္လို႔ ခ်က္ထရီကို မၾကာခင္ျပန္လည္ေက်ာ္ျဖတ္ႏိုင္ဖို႔ရွိေနပါၿပီ။