အာဆင်နယ်ရဲ့ ဂန္တဝင်တွေက ဝေဖန်ပြီဆိုရင် တစ်ဆုံးပဲ

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အဆင့် ၈ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့သလို ဥရောပဝင်ခွင့် အတွက် နောက်ဆုံး မျှော်လင့်ချက်ဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

အဲဒါကြောင့် ဒီရာသီဟာ အာဆင်နယ်အသင်း အတွက် မအောင်မြင်ဘဲ ကျရှုံးခဲ့တဲ့ ရာသီတစ်ခု လို့ ပြောလို့ရပါတယ်။

အသင်းကသာ မအောင်မြင်တာပါ။
အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ နည်းပြ အာတီတာကို အခုအချိန်အထိ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

ဂန်းနားတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး သီယာရီ အွန်နရီကတော့ လက်ရှိ အာဆင်နယ် အသင်းရဲ့ အနေအထားဟာ
ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်ဖို့ နည်းနည်းတောင် မနီးစပ်ဘူးလို့ ပြောထားပါတယ်။

အွန်နရီ က ”ကျွန်တော်က အသင်းကို ခေတ်ကာလတွေနဲ့ နှိုင်းယှဉ် ပြောဆိုတာတွေကို သဘောမကျဘူး။
တချို့လူတွေကတော့ ဘယ်ခေတ်တုန်းကတော့ ဘယ်လို ၊ ခုတော့ ဘာဖြစ်တာ အဲလိုမျိုးတွေ ပြောတတ်ပါတယ်။”

“အဲလိုပြောတာ သဘောမကျပေမယ့် နားလည်ပေးလို့ရပါတယ်။
အမှန်ကတော့ အခုအချိန်ဟာ နဂိုနဲ့ မတူတော့တဲ့ အချိန်ကာလမှာ မတူညီတဲ့ မျိုးဆက်၊ မတူတဲ့ နည်းစနစ်တွေနဲ့ လှုပ်ရှားနေတာပါ။”

“ပွဲစဉ် အပေါ် မြင်တဲ့ အမြင်တွေ၊ပွဲကြို ပြင်ဆင်မှုနဲ့ ကစားပွဲနည်းလမ်းတွေက အစ မတူတော့ပါဘူး။
အာဆင်နယ်က အခုအချိန်မှာ အောင်မြင် မနေပါဘူး။

ဖလားတွေ ယူဖို့ ဆိုတာကတော့ အဝေးတကာ့ ဝေးနေပါသေးတယ်။”

“အမှတ်ပေးဖလား စိန်ခေါ်ဖို့ အတွက် ရေးရေးမှ မနီးစပ်ဘူးဆိုပေမယ့် အဲဒီလို အခက်အခဲမျိုးကို အသင်း တော်တော်များများလည်း ကြုံကြရပါတယ်။

လီဗာပူးဆိုရင် အမှတ်ပေးဖလား ပြန်ရဖို့ နှစ် ၃၀ ကြာခဲ့ပါတယ်။”

“အသင်းကြီး အသင်းကောင်းတွေဟာ အချိန်ယူရတတ်ပါတယ်။

အဲဒါကြောင့် အာဆင်နယ်လည်း ပြန်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ကြိုးစား ယှဉ်ပြိုင်ဖို့တော့လိုပါတယ်” ဆိုပြီးသုံးသပ် ပြောဆိုထားပါတယ်။

Zawgyi

အာဆင္နယ္ရဲ႕ ဂႏၲဝင္ေတြက ေဝဖန္ၿပီဆိုရင္ တစ္ဆုံးပဲ

အာဆင္နယ္အသင္းဟာ ဒီရာသီမွာ အဆင့္ ၈ ေနရာနဲ႔ပဲ ရာသီသိမ္းႏိုင္ခဲ့သလို ဥေရာပဝင္ခြင့္ အတြက္ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း ဆီမီးဖိုင္နယ္နဲ႔ပဲ အဆုံးသတ္ခဲ့ရပါတယ္။

အဲဒါေၾကာင့္ ဒီရာသီဟာ အာဆင္နယ္အသင္း အတြက္ မေအာင္ျမင္ဘဲ က်ရႈံးခဲ့တဲ့ ရာသီတစ္ခု လို႔ ေျပာလို႔ရပါတယ္။
အသင္းကသာ မေအာင္ျမင္တာပါ။

အာဆင္နယ္အသင္းရဲ႕ ဘုတ္အဖြဲ႕ကေတာ့ နည္းျပ အာတီတာကို အခုအခ်ိန္အထိ ယုံၾကည္ေနဆဲ ျဖစ္ပါတယ္။

ဂန္းနားတို႔ရဲ႕ ဂႏၲဝင္ တိုက္စစ္မႉးေဟာင္းႀကီး သီယာရီ အြန္နရီကေတာ့ လက္ရွိ အာဆင္နယ္ အသင္းရဲ႕ အေနအထားဟာ
ပရီးမီးယားလိဂ္ ဖလား စိန္ေခၚႏိုင္ဖို႔ နည္းနည္းေတာင္ မနီးစပ္ဘူးလို႔ ေျပာထားပါတယ္။

အြန္နရီ က ”ကြၽန္ေတာ္က အသင္းကို ေခတ္ကာလေတြနဲ႔ ႏႈိင္းယွဥ္ ေျပာဆိုတာေတြကို သေဘာမက်ဘူး။
တခ်ိဳ႕လူေတြကေတာ့ ဘယ္ေခတ္တုန္းကေတာ့ ဘယ္လို ၊ ခုေတာ့ ဘာျဖစ္တာ အဲလိုမ်ိဳးေတြ ေျပာတတ္ပါတယ္။”

“အဲလိုေျပာတာ သေဘာမက်ေပမယ့္ နားလည္ေပးလို႔ရပါတယ္။
အမွန္ကေတာ့ အခုအခ်ိန္ဟာ နဂိုနဲ႔ မတူေတာ့တဲ့ အခ်ိန္ကာလမွာ မတူညီတဲ့ မ်ိဳးဆက္၊ မတူတဲ့ နည္းစနစ္ေတြနဲ႔ လႈပ္ရွားေနတာပါ။”

“ပြဲစဥ္ အေပၚ ျမင္တဲ့ အျမင္ေတြ၊ပြဲႀကိဳ ျပင္ဆင္မႈနဲ႔ ကစားပြဲနည္းလမ္းေတြက အစ မတူေတာ့ပါဘူး။
အာဆင္နယ္က အခုအခ်ိန္မွာ ေအာင္ျမင္ မေနပါဘူး။

ဖလားေတြ ယူဖို႔ ဆိုတာကေတာ့ အေဝးတကာ့ ေဝးေနပါေသးတယ္။”

“အမွတ္ေပးဖလား စိန္ေခၚဖို႔ အတြက္ ေရးေရးမွ မနီးစပ္ဘူးဆိုေပမယ့္ အဲဒီလို အခက္အခဲမ်ိဳးကို အသင္း ေတာ္ေတာ္မ်ားမ်ားလည္း ႀကဳံၾကရပါတယ္။
လီဗာပူးဆိုရင္ အမွတ္ေပးဖလား ျပန္ရဖို႔ ႏွစ္ ၃၀ ၾကာခဲ့ပါတယ္။”

“အသင္းႀကီး အသင္းေကာင္းေတြဟာ အခ်ိန္ယူရတတ္ပါတယ္။

အဲဒါေၾကာင့္ အာဆင္နယ္လည္း ျပန္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။
ႀကိဳးစား ယွဥ္ၿပိဳင္ဖို႔ေတာ့လိုပါတယ္” ဆိုၿပီးသုံးသပ္ ေျပာဆိုထားပါတယ္။