အပန်းဖြေခရီးထွက်နေရင်း UFO ယာဉ်ပျံနဲ့တွေ့ခဲ့တဲ့ စမောလင်းတို့စုံတွဲ

ဒီနေ့မနက်ခင်းသတင်းကတော့ ကျွန်တော်တို့ဘောလုံးလောကမှာ ဖတ်နေကြမဟုတ်တဲ့သတင်းတစ်ခုကို တွေ့ခဲ့ရတာပါပဲ။
တနင်္ဂနွေနေ့ ညနေခင်းက ခရစ္စ စမောလင်းနဲ့သူ့ရဲ့ဇနီးဆမ်တို့ နှစ်ဦးဟာ နွေရာသီအားလပ်ရက်ခရီးစဉ်မှာ မိသားစုနှင့်အတူ
ဂျမေကာမှာလာရောက် အပန်းဖြေနေချိန်မှာ UFOတစ်စီးကို တွေ့ခဲ့တယ်လို့ စမောလင်းရဲ့ဇနီးဆမ်က သူ့ရဲ့ အင်စတာဂရန်မှာ ပို့စ်တင်ပြီး ဖွင့်ဟလာခဲ့ပါတယ်။

ဆမ်က သူ မြင်တွေ့ခဲ့ရတာနဲ့ မြင်ကွင်းဟာ ထင်ယောင်ထင်မှား ဖြစ်တာမျိုး မဟုတ်ဘူးလို့ ဆိုထားပါတယ်။
စမောလင်းနဲ့ဆမ်တို့ဟာ သူတို့မြင်တွေ့ခဲ့တဲ့ ပျံသန်းနေတဲ့ အရာ ဟာ သူတို့အပေါ်ကနေ နိမ့်နိမ့်လေး ပျံသန်းသွားခဲ့ပြီး နောက်ပြန်လှည့်ကာ ကောင်းကင်ပေါ် ပြန်တက်သွားခဲ့ကာ သူတို့မျက်လုံးနဲ့တင်တွေ့နိုင်တဲ့နေရာမှာ ၁နာရီကျော်ကျော်လောက် ရှိနေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကောင်းကင်ပေါ်မှာရှိနေတဲ့ UFOဟာ ဗီဒီယို ရိုက်ဖို့အတွက်တော့ သေးငယ်လွန်းပေမဲ့ မီးတွေဖွင့်ပြီး ပျံသန်းနေတာကိုတော့ မျက်စိနဲ့ကောင်းကောင်း မြင်တွေ့ရတယ်လို့ ဆမ်က ဆိုထားပါတယ်။
ဆမ်က သူ ပို့စ်ကို တင်ပြီး ၂နာရီ အကြာမှာပဲ သူတို့ မြင်ခဲ့တာတွေဟာ ဒရုန်းမဟုတ်ကြောင်း ပရိသတ်တွေကို ထပ်မံ ဖြေရှင်းခဲ့ပါတယ်။

သူမက “မြင်လိုက်ရတဲ့မြင်ကွင်းက အံသြစရာကြီး၊ ကင်မရာတွေနဲ့ရိုက်ကူးဖို့စဉ်းစားမိပေမယ့် ပျံနေတဲ့အရာကိုကြည့်နေရတာနဲ့တင်
တစ်ခြားဘာမှမစဉ်းစားနိုင်တော့အောင်ကိုပါပဲ။

သူ့ရဲ့ပုံကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ခက်ပေမယ့် အပြင်အနားတစ်ဝိုက်မှာ ရွေ့လျားနေတဲ့ မီးလုံးတွေက တစ်ခုနှင့်တစ်ခုအကြားလှည့်ပတ်နေတယ်။

သီးခြား 3D စတုဂံတွေချိတ်ဆက်နေသလိုမျိုးနဲ့တူတယ်။


သေချာတာက ဒရုန်းလို လုံး၀ မဟုတ်ပါဘူး၊ လေယာဉ်နဲ့လည်း မတူပါဘူး။
သူပျံသန်းတဲ့အသံက တိတ်ဆိတ်နေပြီး ဒရုန်းတွေကတောင် သူ့ထက်အသံကျယ်ပါတယ်။

ဒီသတင်းကို မျှဝေလို့ ကျွန်မတို့ ဘာမှမရပါဘူး။
အခက်မသိရင် ကျွန်မ Follower အများစုကတောင် ကျွန်မကို ရူးနေတယ်လို့ ထင်ကြပါလိမ့်မယ်”လို့ ရေးသားထားပါတယ်။

Zawgyi

အပန္းေျဖခရီးထြက္ေနရင္း UFO ယာဥ္ပ်ံနဲ႔ေတြ႕ခဲ့တဲ့ စေမာလင္းတို႔စုံတြဲ

ဒီေန႔မနက္ခင္းသတင္းကေတာ့ ကြၽန္ေတာ္တို႔ေဘာလုံးေလာကမွာ ဖတ္ေနၾကမဟုတ္တဲ့သတင္းတစ္ခုကို ေတြ႕ခဲ့ရတာပါပဲ။

တနဂၤေႏြေန႔ ညေနခင္းက ခရစၥ စေမာလင္းနဲ႔သူ႔ရဲ႕ဇနီးဆမ္တို႔ ႏွစ္ဦးဟာ ေႏြရာသီအားလပ္ရက္ခရီးစဥ္မွာ မိသားစုႏွင့္အတူ
ဂ်ေမကာမွာလာေရာက္ အပန္းေျဖေနခ်ိန္မွာ UFOတစ္စီးကို ေတြ႕ခဲ့တယ္လို႔ စေမာလင္းရဲ႕ဇနီးဆမ္က သူ႔ရဲ႕ အင္စတာဂရန္မွာ ပို႔စ္တင္ၿပီး ဖြင့္ဟလာခဲ့ပါတယ္။

ဆမ္က သူ ျမင္ေတြ႕ခဲ့ရတာနဲ႔ ျမင္ကြင္းဟာ ထင္ေယာင္ထင္မွား ျဖစ္တာမ်ိဳး မဟုတ္ဘူးလို႔ ဆိုထားပါတယ္။

စေမာလင္းနဲ႔ဆမ္တို႔ဟာ သူတို႔ျမင္ေတြ႕ခဲ့တဲ့ ပ်ံသန္းေနတဲ့ အရာ ဟာ သူတို႔အေပၚကေန နိမ့္နိမ့္ေလး ပ်ံသန္းသြားခဲ့ၿပီး ေနာက္ျပန္လွည့္ကာ ေကာင္းကင္ေပၚ ျပန္တက္သြားခဲ့ကာ သူတို႔မ်က္လုံးနဲ႔တင္ေတြ႕ႏိုင္တဲ့ေနရာမွာ ၁နာရီေက်ာ္ေက်ာ္ေလာက္ ရွိေနခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ေကာင္းကင္ေပၚမွာရွိေနတဲ့ UFOဟာ ဗီဒီယို ႐ိုက္ဖို႔အတြက္ေတာ့ ေသးငယ္လြန္းေပမဲ့ မီးေတြဖြင့္ၿပီး ပ်ံသန္းေနတာကိုေတာ့ မ်က္စိနဲ႔ေကာင္းေကာင္း ျမင္ေတြ႕ရတယ္လို႔ ဆမ္က ဆိုထားပါတယ္။
ဆမ္က သူ ပို႔စ္ကို တင္ၿပီး ၂နာရီ အၾကာမွာပဲ သူတို႔ ျမင္ခဲ့တာေတြဟာ ဒ႐ုန္းမဟုတ္ေၾကာင္း ပရိသတ္ေတြကို ထပ္မံ ေျဖရွင္းခဲ့ပါတယ္။

သူမက “ျမင္လိုက္ရတဲ့ျမင္ကြင္းက အံၾသစရာႀကီး၊ ကင္မရာေတြနဲ႔႐ိုက္ကူးဖို႔စဥ္းစားမိေပမယ့္ ပ်ံေနတဲ့အရာကိုၾကည့္ေနရတာနဲ႔တင္

တစ္ျခားဘာမွမစဥ္းစားႏိုင္ေတာ့ေအာင္ကိုပါပဲ။

သူ႔ရဲ႕ပုံကို ရွင္းရွင္းလင္းလင္း ေျပာျပဖို႔ခက္ေပမယ့္ အျပင္အနားတစ္ဝိုက္မွာ ေ႐ြ႕လ်ားေနတဲ့ မီးလုံးေတြက တစ္ခုႏွင့္တစ္ခုအၾကားလွည့္ပတ္ေနတယ္။

သီးျခား 3D စတုဂံေတြခ်ိတ္ဆက္ေနသလိုမ်ိဳးနဲ႔တူတယ္။

ေသခ်ာတာက ဒ႐ုန္းလို လုံး၀ မဟုတ္ပါဘူး၊ ေလယာဥ္နဲ႔လည္း မတူပါဘူး။
သူပ်ံသန္းတဲ့အသံက တိတ္ဆိတ္ေနၿပီး ဒ႐ုန္းေတြကေတာင္ သူ႔ထက္အသံက်ယ္ပါတယ္။

ဒီသတင္းကို မွ်ေဝလို႔ ကြၽန္မတို႔ ဘာမွမရပါဘူး။
အခက္မသိရင္ ကြၽန္မ Follower အမ်ားစုကေတာင္ ကြၽန္မကို ႐ူးေနတယ္လို႔ ထင္ၾကပါလိမ့္မယ္”လို႔ ေရးသားထားပါတယ္။