ရှုံးပွဲမရှိ မေဝဲလ်သားရဲ့ ရှုံးနိမ့်ခြင်းလေလား

ဖလွိုက်မေဝဲသာ ဆိုတာ လက်ဝှေ့လောကမှ မသိတဲ့သူမရှိနာမည်ကြီး ချန်ပီယံတစ်ဦးဖြစ်ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘစမှာ ထိုးသတ်ခဲ့တဲ့ ပွဲ ၅၀ စလုံး ရှုံးပွဲနဲ့ သရေပွဲမရှိ အနိုင်ရထားတဲ့ သူတစ်ယောက်ပါ။

သူ့လို ကမ္ဘာကျော် ရှုံးပွဲ မရှိ လက်ဝှေ့ ချန်ပီယံဟောင်း မေဝဲသာ နဲ့ နာမည်ကြီး YouTuber တစ်ဦး ဖြစ်တဲ့
လိုဂန်ပေါလ်တို့ရဲ့ သရုပ်ပြ ထိုးသတ်ပွဲကတော့ ၈ ချီ ပြည့်တဲ့အထိ ဘယ်သူက ဘယ်သူ့ကိုမှ အနိုင်မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဒါဟာ မေဝဲသာ ရဲ့ ပရိသတ်တွေ အတွက်တော့ အံ့သြစရာ ဖြစ်ခဲ့ရပါတယ်။
လိုဂန်ပေါလ်ကတော့ ဒီပွဲဟာ သူနိုင်တဲ့ ပွဲဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ကမ္ဘာ့ ချန်ပီယံ ရွှေခါးပတ် ဆုကို ၅ ကြိမ် ရရှိ ထားခဲ့ပြီး ထိုးသတ်ခဲ့သမျှ အကြိမ်တိုင်းမှာ လုံးဝ မရှုံးခဲ့ ဖူးတဲ့ မေဝဲသာ တစ်ယောက်
ဒီပွဲမှာ အသာစီးမရခဲ့ပါဘူး။

ပေါလ် ဟာ လက်ဝှေ့ ပညာကို ပရိုကျကျ လေ့လာ လိုက်စားသူ ဖြစ်ပေမယ့် တကယ့်ပြိုင်ပွဲတွေကိုတော့ ဝင်ရောက် ထိုးသတ်ဖူးသူ မဟုတ်ပါဘူး ။

၂၆ နှစ်ပဲရှိသေးတဲ့ ပေါလ်ဟာ သူ့ရဲ့ ငယ်ရွယ်မှု နဲ့ အရပ်အမောင်း သာလွန်မှုတွေကို အသုံးချပြီး မေဝဲသာကို ဆုတ်ချည် တိုးချည်

ထိုးသတ် သွားခဲ့ပါတယ်။
အသက် ၄၄ နှစ် ရှိပြီ ဖြစ်တဲ့ မေဝဲသာ ကတော့ ပေါလ်ကို ကြီးမားတဲ့ ဒဏ်ရာရရှိအောင် မထိုးသတ် နိုင်ခဲ့ဘဲ
လဲကျခဲ့တဲ့ အကြိမ်တွေတောင် ရှိခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မေဝဲသာက လိုဂန်ပေါလ် ရဲ့ သန်မာမှု ကို အံ့သြမိကြောင်း နဲ့ နောက်ထပ် သရုပ်ပြထိုးပွဲတွေ ထိုးဖြစ်တော့မှာ မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲဟာ မေဝဲသာ ရဲ့ ဒုတိယမြောက် သရုပ်ပြ ထိုးပွဲဖြစ်ပြီး ၂၀၁၈ တုန်းက ဂျပန် ကစ်ဘောက်ဆင် သမား နာဆာကာဝါကို အလဲထိုး အနိုင်ယူခဲ့ဖူးပါတယ်။

ပွဲအပြီးမှာ မေဝဲလ်သားက “လိုဂန်ပေါလ် က ကျွန်တော် ထင်ထားတာထက် ပိုကောင်းခဲ့ပါတယ်။

သူက သန်မာတယ်၊ ကြမ်းတမ်းတယ်၊ ကျွန်တော့ကို အံ့အားသင့်စေပါတယ် ။

သူ့ရဲ အရပ် နဲ့ ခွန်အားကို ဘယ်လိုသုံးပြီး နပန်း အတွေ့အကြုံလည်း ရှိတော့ ချုပ်တာတွေ တော်တော်ကောင်း ခဲ့ပါတယ်။

ဒီရလဒ် က သူ့အတွက်တော့ နိုင်ပွဲ ဖြစ်မှာပါ။

ရက်နည်းနည်းလောက်ပဲ လေ့ကျင့်ရသေးတဲ့ အငြိမ်းစားလက်ဝှေ့ သမား တစ်ယောက် ပြောနေတာကို ခင်ဗျားတို့ နားထောင်နေတာပါ။ အဲ့ဒိလူက သူ အသက် ၂၀ လောက်တုန်းက လူမျိုးနဲ့ ယှဉ်ထိုးခဲ့တာပါ။

ကျွန်တော် က လက်ဝှေ့ ရဲ့ Hall of Fame ထဲကို သွားတော့မှာပါ။

ဘာမှ ထပ်ပြီး သက်သေပြစရာ မရှိပါဘူး။

စီစဉ်သူတွေ အတွက်ကတော့ ၄၄ နှစ် အရွယ် အဘိုးကြီး တစ်ယောက်က လူကြည့်များတဲ့ လက်ဝှေ့ပွဲ တစ်ပွဲကို ဖန်တီးပေး နိုင်တယ်ဆိုတာ နဲ့တင် တန်နေပါပြီ။

ကျွန်တော် လက်ဝှေ့ အားကစားကနေ အနားယူလိုက်ပါပြီ။
ဒီလို သရုပ်ပြပွဲမျိုး ထပ်ထိုးဖြစ်မှာ မဟုတ်တော့ပါဘူး” လို့ လက်ဝှေ့ ချန်ပီယံဟောင်း ဖလွိုက် မေဝဲသာက ပြောဆိုသွားခဲ့ပါတယ်။

Zawgyi

ရႈံးပြဲမရွိ ေမဝဲလ္သားရဲ႕ ရႈံးနိမ့္ျခင္းေလလား

ဖလြိဳက္ေမဝဲသာ ဆိုတာ လက္ေဝွ႔ေလာကမွ မသိတဲ့သူမရွိနာမည္ႀကီး ခ်န္ပီယံတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ လက္ေဝွ႔သမားဘစမွာ ထိုးသတ္ခဲ့တဲ့ ပြဲ ၅၀ စလုံး ရႈံးပြဲနဲ႔ သေရပြဲမရွိ အႏိုင္ရထားတဲ့ သူတစ္ေယာက္ပါ။

သူ႔လို ကမာၻေက်ာ္ ရႈံးပြဲ မရွိ လက္ေဝွ႔ ခ်န္ပီယံေဟာင္း ေမဝဲသာ နဲ႔ နာမည္ႀကီး YouTuber တစ္ဦး ျဖစ္တဲ့
လိုဂန္ေပါလ္တို႔ရဲ႕ သ႐ုပ္ျပ ထိုးသတ္ပြဲကေတာ့ ၈ ခ်ီ ျပည့္တဲ့အထိ ဘယ္သူက ဘယ္သူ႔ကိုမွ အႏိုင္မရဘဲ ၿပီးဆုံးသြားခဲ့ပါတယ္။

ဒါဟာ ေမဝဲသာ ရဲ႕ ပရိသတ္ေတြ အတြက္ေတာ့ အံ့ၾသစရာ ျဖစ္ခဲ့ရပါတယ္။
လိုဂန္ေပါလ္ကေတာ့ ဒီပြဲဟာ သူႏိုင္တဲ့ ပြဲျဖစ္တယ္လို႔ ဆိုရွယ္မီဒီယာမွာ ေရးသားခဲ့ပါတယ္။

ကမာၻ႔ ခ်န္ပီယံ ေ႐ႊခါးပတ္ ဆုကို ၅ ႀကိမ္ ရရွိ ထားခဲ့ၿပီး ထိုးသတ္ခဲ့သမွ် အႀကိမ္တိုင္းမွာ လုံးဝ မရႈံးခဲ့ ဖူးတဲ့ ေမဝဲသာ တစ္ေယာက္
ဒီပြဲမွာ အသာစီးမရခဲ့ပါဘူး။

ေပါလ္ ဟာ လက္ေဝွ႔ ပညာကို ပ႐ိုက်က် ေလ့လာ လိုက္စားသူ ျဖစ္ေပမယ့္ တကယ့္ၿပိဳင္ပြဲေတြကိုေတာ့ ဝင္ေရာက္ ထိုးသတ္ဖူးသူ မဟုတ္ပါဘူး ။

၂၆ ႏွစ္ပဲရွိေသးတဲ့ ေပါလ္ဟာ သူ႔ရဲ႕ ငယ္႐ြယ္မႈ နဲ႔ အရပ္အေမာင္း သာလြန္မႈေတြကို အသုံးခ်ၿပီး ေမဝဲသာကို ဆုတ္ခ်ည္ တိုးခ်ည္
ထိုးသတ္ သြားခဲ့ပါတယ္။
အသက္ ၄၄ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ေမဝဲသာ ကေတာ့ ေပါလ္ကို ႀကီးမားတဲ့ ဒဏ္ရာရရွိေအာင္ မထိုးသတ္ ႏိုင္ခဲ့ဘဲ

လဲက်ခဲ့တဲ့ အႀကိမ္ေတြေတာင္ ရွိခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ ေမဝဲသာက လိုဂန္ေပါလ္ ရဲ႕ သန္မာမႈ ကို အံ့ၾသမိေၾကာင္း နဲ႔ ေနာက္ထပ္ သ႐ုပ္ျပထိုးပြဲေတြ ထိုးျဖစ္ေတာ့မွာ မဟုတ္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

ဒီပြဲဟာ ေမဝဲသာ ရဲ႕ ဒုတိယေျမာက္ သ႐ုပ္ျပ ထိုးပြဲျဖစ္ၿပီး ၂၀၁၈ တုန္းက ဂ်ပန္ ကစ္ေဘာက္ဆင္ သမား နာဆာကာဝါကို အလဲထိုး အႏိုင္ယူခဲ့ဖူးပါတယ္။

ပြဲအၿပီးမွာ ေမဝဲလ္သားက “လိုဂန္ေပါလ္ က ကြၽန္ေတာ္ ထင္ထားတာထက္ ပိုေကာင္းခဲ့ပါတယ္။
သူက သန္မာတယ္၊ ၾကမ္းတမ္းတယ္၊ ကြၽန္ေတာ့ကို အံ့အားသင့္ေစပါတယ္ ။

သူ႔ရဲ အရပ္ နဲ႔ ခြန္အားကို ဘယ္လိုသုံးၿပီး နပန္း အေတြ႕အႀကဳံလည္း ရွိေတာ့ ခ်ဳပ္တာေတြ ေတာ္ေတာ္ေကာင္း ခဲ့ပါတယ္။

ဒီရလဒ္ က သူ႔အတြက္ေတာ့ ႏိုင္ပြဲ ျဖစ္မွာပါ။

ရက္နည္းနည္းေလာက္ပဲ ေလ့က်င့္ရေသးတဲ့ အၿငိမ္းစားလက္ေဝွ႔ သမား တစ္ေယာက္ ေျပာေနတာကို ခင္ဗ်ားတို႔ နားေထာင္ေနတာပါ။ အဲ့ဒိလူက သူ အသက္ ၂၀ ေလာက္တုန္းက လူမ်ိဳးနဲ႔ ယွဥ္ထိုးခဲ့တာပါ။

ကြၽန္ေတာ္ က လက္ေဝွ႔ ရဲ႕ Hall of Fame ထဲကို သြားေတာ့မွာပါ။

ဘာမွ ထပ္ၿပီး သက္ေသျပစရာ မရွိပါဘူး။

စီစဥ္သူေတြ အတြက္ကေတာ့ ၄၄ ႏွစ္ အ႐ြယ္ အဘိုးႀကီး တစ္ေယာက္က လူၾကည့္မ်ားတဲ့ လက္ေဝွ႔ပြဲ တစ္ပြဲကို ဖန္တီးေပး ႏိုင္တယ္ဆိုတာ နဲ႔တင္ တန္ေနပါၿပီ။

ကြၽန္ေတာ္ လက္ေဝွ႔ အားကစားကေန အနားယူလိုက္ပါၿပီ။

ဒီလို သ႐ုပ္ျပပြဲမ်ိဳး ထပ္ထိုးျဖစ္မွာ မဟုတ္ေတာ့ပါဘူး” လို႔ လက္ေဝွ႔ ခ်န္ပီယံေဟာင္း ဖလြိဳက္ ေမဝဲသာက ေျပာဆိုသြားခဲ့ပါတယ္။