ယူရိုပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းလောက်သာလိုတော့ချိန်မှာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ ဘူးစကွက်စ်

စပိန်အသင်းဝါရင့်ကွင်းလယ်လူ ဘူးစကွက်စ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းလောက်သာလိုတော့ချိန်မှာ
ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့အတွက် အသင်းနဲ့ပူးပေါင်းခွင့်ရမှာမဟုတ်ဘဲ တစ်ဦးတည်းသီးသန့်ခွဲနေရတော့မှာဖြစ်ပါတယ်။

ဘူးစကွက်စ်ဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက ပေါ်တူဂီနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ စပိန်အသင်းအတွက်ပါဝင်ကစားခဲ့ပေမယ့်
တနင်္ဂနွေနေ့မှာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တော့ ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့ရတာကြောင့်

ကျန်တဲ့ကစားသမားတွေလည်း စစ်ဆေးမှုတွေခံယူခဲ့ရပြီး ကံကောင်းစွာနဲ့ တစ်ယောက်မှ Positive မဖြစ်ခဲ့ပါဘူး။


ဒါပေမဲ့ ဘူးစကွက်စ်နဲ့ အနီးကပ်ထိတွေ့ဆက်ဆံခဲ့တဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကတော့ Quarantine ဝင်ရတော့မှာဖြစ်ပါတယ်။

စပိန်အသင်းဟာ လာမယ့်တစ်ပတ်တနင်္လာနေ့ကျရင် ယူရို-၂၀၂၀ အုပ်စုအဖွင့်ပွဲအဖြစ် ဆွီဒင်အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အခုကြားရက်ထဲမှာ လစ်သူယေးနီယားနဲ့ခြေစမ်းပွဲကစားသွားမှာပါ။


လစ်သူယေးနီးယားနဲ့ခြေစမ်းပွဲမတိုင်ခင် စပိန်ကစားသမားတချို့ Quarantine ဝင်ရမှာဖြစ်ပေမယ့် အဲဒီပွဲမှာ စပိန်အသင်းကို ယူ-၂၁အသင်းနည်းပြဖျူယန်တေးက ကိုင်တွယ်သွားမှာဖြစ်သလို လူငယ်ကစားသမားတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်က “စပိန်အသင်းခေါင်းဆောင်ဘူးစကွက်စ်ဟာ ကိုဗစ်ရောဂါဆိုးကူးစက်ခံစားနေရတယ်ဆိုတဲ့သတင်းကို စိတ်မကောင်းစွာနဲ့ပဲထုတ်ပြန်ကြေညာရတော့မှာပါ။
ကျန်တဲ့စပိန်ကစားသမားတွေကတော့ အားလုံး Negative ဖြစ်ခဲ့ပါတယ်။
ဘူးစကွက်စ်နဲ့ ထိတွေ့ခဲ့တဲ့ ဝန်ထမ်းနဲ့တခြားသူတွေဟာ သီးသန့်ခွဲခြားနေထိုင်ရမှာဖြစ်ပြီး တစ်ဦးချင်းသီးသန့်လေ့ကျင့်ခန်းတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

လစ်သူယေးနီးယားနဲ့ကစားမယ့်ခြေစမ်းပွဲအတွက် စပိန်ယူ-၂၁အသင်းနည်းပြဖျူယန်တေးက ကိုင်တွယ်သွားမှာဖြစ်ပြီး ယူ-၂၁ ကစားသမားတချို့ပါဝင်ကစားကြမှာပါ”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဘူးစကွက်စ်ဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာကြောင့် ယူရိုအုပ်စုအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာဘဲ
ဆွီဒင်နဲ့ပွဲကို လွဲချော်ဖို့ရှိနေပါပြီ။

Zawgyi

ယူ႐ိုၿပိဳင္ပြဲစတင္ဖို႔ ရက္ပိုင္းေလာက္သာလိုေတာ့ခ်ိန္မွာ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့ ဘူးစကြက္စ္

စပိန္အသင္းဝါရင့္ကြင္းလယ္လူ ဘူးစကြက္စ္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲစတင္ဖို႔ ရက္ပိုင္းေလာက္သာလိုေတာ့ခ်ိန္မွာ
ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့အတြက္ အသင္းနဲ႔ပူးေပါင္းခြင့္ရမွာမဟုတ္ဘဲ တစ္ဦးတည္းသီးသန႔္ခြဲေနရေတာ့မွာျဖစ္ပါတယ္။

ဘူးစကြက္စ္ဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းက ေပၚတူဂီနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ စပိန္အသင္းအတြက္ပါဝင္ကစားခဲ့ေပမယ့္
တနဂၤေႏြေန႔မွာ က်န္းမာေရးစစ္ေဆးမႈေတြလုပ္ေတာ့ ကိုဗစ္ေရာဂါကူးစက္ခံထားရတယ္လို႔ ေတြ႕ရွိခဲ့ရတာေၾကာင့္

က်န္တဲ့ကစားသမားေတြလည္း စစ္ေဆးမႈေတြခံယူခဲ့ရၿပီး ကံေကာင္းစြာနဲ႔ တစ္ေယာက္မွ Positive မျဖစ္ခဲ့ပါဘူး။
ဒါေပမဲ့ ဘူးစကြက္စ္နဲ႔ အနီးကပ္ထိေတြ႕ဆက္ဆံခဲ့တဲ့ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြကေတာ့ Quarantine ဝင္ရေတာ့မွာျဖစ္ပါတယ္။

စပိန္အသင္းဟာ လာမယ့္တစ္ပတ္တနလၤာေန႔က်ရင္ ယူ႐ို-၂၀၂၀ အုပ္စုအဖြင့္ပြဲအျဖစ္ ဆြီဒင္အသင္းနဲ႔ စတင္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အခုၾကားရက္ထဲမွာ လစ္သူေယးနီယားနဲ႔ေျခစမ္းပြဲကစားသြားမွာပါ။

လစ္သူေယးနီးယားနဲ႔ေျခစမ္းပြဲမတိုင္ခင္ စပိန္ကစားသမားတခ်ိဳ႕ Quarantine ဝင္ရမွာျဖစ္ေပမယ့္ အဲဒီပြဲမွာ စပိန္အသင္းကို ယူ-၂၁အသင္းနည္းျပဖ်ဴယန္ေတးက ကိုင္တြယ္သြားမွာျဖစ္သလို လူငယ္ကစားသမားေတြကို အသုံးျပဳသြားမွာျဖစ္ပါတယ္။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က “စပိန္အသင္းေခါင္းေဆာင္ဘူးစကြက္စ္ဟာ ကိုဗစ္ေရာဂါဆိုးကူးစက္ခံစားေနရတယ္ဆိုတဲ့သတင္းကို စိတ္မေကာင္းစြာနဲ႔ပဲထုတ္ျပန္ေၾကညာရေတာ့မွာပါ။
က်န္တဲ့စပိန္ကစားသမားေတြကေတာ့ အားလုံး Negative ျဖစ္ခဲ့ပါတယ္။
ဘူးစကြက္စ္နဲ႔ ထိေတြ႕ခဲ့တဲ့ ဝန္ထမ္းနဲ႔တျခားသူေတြဟာ သီးသန႔္ခြဲျခားေနထိုင္ရမွာျဖစ္ၿပီး တစ္ဦးခ်င္းသီးသန႔္ေလ့က်င့္ခန္းေတြျပဳလုပ္သြားမွာျဖစ္ပါတယ္။

လစ္သူေယးနီးယားနဲ႔ကစားမယ့္ေျခစမ္းပြဲအတြက္ စပိန္ယူ-၂၁အသင္းနည္းျပဖ်ဴယန္ေတးက ကိုင္တြယ္သြားမွာျဖစ္ၿပီး ယူ-၂၁ ကစားသမားတခ်ိဳ႕ပါဝင္ကစားၾကမွာပါ”လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဘူးစကြက္စ္ဟာ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတာေၾကာင့္ ယူ႐ိုအုပ္စုအဖြင့္ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ မေသခ်ာဘဲ
ဆြီဒင္နဲ႔ပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။