မြန်မာအသင်းအတွက် ကောက်ရိုးတစ်မျှင်

ကာဂျစ္စတန်အသင်းနဲ့မွန်ဂိုလီးယားအသင်းတို့ကစားခဲ့တဲ့ပွဲမှာ မွန်ဂိုလီးယားက တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အုပ်စုတွင်းဒုတိယနေရာရရေးအတွက်ကာဂျစ္စတန်ဟာလက်ကျန်ပွဲစဉ်(၂)ပွဲဖြစ်တဲ့မြန်မာ၊ဂျပန်နဲ့ပွဲတွေမှာရလဒ်ကောင်းရရှိဖို့ကြိုးစားသွားမှာပါ။

မြန်မာ့လက်ရွေးစင်အသင်းကတော့ လက်ရှိမှာ အုပ်စုတွင်း (၆) ပွဲကစားအပြီး (၂) ပွဲနိုင် (၄) ပွဲရှုံး ရဂိုး (၅) ဂိုး၊ ပေးဂိုး (၂၃) ဂိုး၊ ဂိုးကွာခြားချက် (-၁၈) ဖြင့် အဆင့် (၄)နေရာတွင်ရပ်တည်နေပါတယ်။

မြန်မာနဲ့ကာဂျစ္စတန်ဟာ ဇွန်လ(၁၁)ရက်နေ့မြန်မာစံတော်ချိန် (၁)နာရီခွဲမှာ ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းသာ အာရှဖလားဝင်ခွင့်မျှော်လင့်ချက် ရှင်သန်နိုင်မှာပါ။

မြန်မာနဲ့ကာဂျစ္စတန်အသင်းတို့ဟာ သမိုင်းတလျှောက် (၄)ကြိမ်တွေ့ဆုံထားပြီးကာဂျစ်က(၃)ကြိမ်အနိုင်ရထားပြီးသရေ(၁)ကြိမ်သာကျထားပါတယ်။

မြန်မာအသင်းအနေနဲ့ ဇွန် ၁၁ နဲ့ ဇွန် ၁၅ မှာကစားမယ့် လက်ကျန် (၂)ပွဲစလုံး အနိုင်ရရန် လိုအပ်နေပြီး တစ်ပွဲအရေးနိမ့်ရုံနဲ့ အဆင့် (၄) နေရာ၌သာ ရပ်တည်ဖွယ်ရှိနေပါတယ်။

တကယ်လို့ မြန်မာ အသင်းဟာ လက်ကျန် (၂) ပွဲစလုံးကို ဂိုးပြတ်ရှုံးနိမ့်ပါက အောက်ဆုံးကို ရောက်ရှိသွားမှာဖြစ်ပြီး မွန်ဂိုလီးယားအသင်းက အုပ်စုစတုတ္ထနေရာကိုရောက်ရှိလာမှာ ဖြစ်ပါတယ်။

ကာဂျစ္စတန်အသင်းဟာ အဓိကဂိုးသမားတွေအပါအဝင်ကစားသမားအချို့

ကိုဗစ်ရောဂါကြောင့်မပါဝင်နိုင်ဖြစ်နေတာကြောင့် မြန်မာအသင်း မျှော်လင့်ချက်ရှိမလားဆိုတာ ကြည့်ရပါမယ်။

Zawgyi

ျမန္မာအသင္းအတြက္ ေကာက္႐ိုးတစ္မွ်င္

ကာဂ်စၥတန္အသင္းနဲ႔မြန္ဂိုလီးယားအသင္းတို႔ကစားခဲ့တဲ့ပြဲမွာ မြန္ဂိုလီးယားက တစ္ဂိုးဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အုပ္စုတြင္းဒုတိယေနရာရေရးအတြက္ကာဂ်စၥတန္ဟာလက္က်န္ပြဲစဥ္(၂)ပြဲျဖစ္တဲ့ျမန္မာ၊ဂ်ပန္နဲ႔ပြဲေတြမွာရလဒ္ေကာင္းရရွိဖို႔ႀကိဳးစားသြားမွာပါ။

ျမန္မာ့လက္ေ႐ြးစင္အသင္းကေတာ့ လက္ရွိမွာ အုပ္စုတြင္း (၆) ပြဲကစားအၿပီး (၂) ပြဲႏိုင္ (၄) ပြဲရႈံး ရဂိုး (၅) ဂိုး၊ ေပးဂိုး (၂၃) ဂိုး၊ ဂိုးကြာျခားခ်က္ (-၁၈) ျဖင့္ အဆင့္ (၄)ေနရာတြင္ရပ္တည္ေနပါတယ္။

ျမန္မာနဲ႔ကာဂ်စၥတန္ဟာ ဇြန္လ(၁၁)ရက္ေန႔ျမန္မာစံေတာ္ခ်ိန္ (၁)နာရီခြဲမွာ ကစားၾကမွာျဖစ္ၿပီး အႏိုင္ရတဲ့အသင္းသာ အာရွဖလားဝင္ခြင့္ေမွ်ာ္လင့္ခ်က္ ရွင္သန္ႏိုင္မွာပါ။

ျမန္မာနဲ႔ကာဂ်စၥတန္အသင္းတို႔ဟာ သမိုင္းတေလွ်ာက္ (၄)ႀကိမ္ေတြ႕ဆုံထားၿပီးကာဂ်စ္က(၃)ႀကိမ္အႏိုင္ရထားၿပီးသေရ(၁)ႀကိမ္သာက်ထားပါတယ္။

ျမန္မာအသင္းအေနနဲ႔ ဇြန္ ၁၁ နဲ႔ ဇြန္ ၁၅ မွာကစားမယ့္ လက္က်န္ (၂)ပြဲစလုံး အႏိုင္ရရန္ လိုအပ္ေနၿပီး တစ္ပြဲအေရးနိမ့္႐ုံနဲ႔ အဆင့္ (၄) ေနရာ၌သာ ရပ္တည္ဖြယ္ရွိေနပါတယ္။

တကယ္လို႔ ျမန္မာ အသင္းဟာ လက္က်န္ (၂) ပြဲစလုံးကို ဂိုးျပတ္ရႈံးနိမ့္ပါက ေအာက္ဆုံးကို ေရာက္ရွိသြားမွာျဖစ္ၿပီး မြန္ဂိုလီးယားအသင္းက အုပ္စုစတုတၳေနရာကိုေရာက္ရွိလာမွာ ျဖစ္ပါတယ္။

ကာဂ်စၥတန္အသင္းဟာ အဓိကဂိုးသမားေတြအပါအဝင္ကစားသမားအခ်ိဳ႕
ကိုဗစ္ေရာဂါေၾကာင့္မပါဝင္ႏိုင္ျဖစ္ေနတာေၾကာင့္ ျမန္မာအသင္း ေမွ်ာ္လင့္ခ်က္ရွိမလားဆိုတာ ၾကည့္ရပါမယ္။