ဖရက်ဒ် ပြောတဲ့ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်အကြောင်း

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဖရက်ဒ်က ပြီးခဲ့တဲ့ရာသီက သူတို့အသင်းဖလားလက်မဲ့ဖြစ်ခဲ့ရပေမယ့်
၂၀၂၀-၂၁ ရာသီဟာ အသင်းအတွက်အောင်မြင်တဲ့ရာသီအဖြစ် သတ်မှတ်ရမှာဖြစ်တယ်လို့ လူသိရှင်ကြားပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းနဲ့ (၁၂)မှတ်အကွာ အဆင့်(၂)နေရာမှာရပ်တည်ခဲ့ပြီး၊
ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဗီလာရီးယဲလ်ကို ရှုံးခဲ့လို့ ဒုတိယသာရခဲ့တာကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းကတည်းက ဖလားလက်မဲ့ဖြစ်နေဆဲပါပဲ။

နည်းပြဆိုးလ်ရှားလက်ထက် ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံမှာ ဆီမီးဖိုင်နယ်(၄)ကြိမ်ကနေ ထွက်ခဲ့ရတဲ့အပြင် ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်အုပ်စုအဆင့်က ထွက်ခဲ့ရပေမယ့်
ယူရိုပါလိဂ်မှာ ကံကောင်းထောက်မလို့ ယူနိုက်တက်နည်းပြဘဝပထမဆုံးအကြိမ်ဗိုလ်လုပွဲရောက်ခဲ့တော့လည်း အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဆိုတာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုအများဆုံးအသင်းအဖြစ် ရပ်တည်နေပြီး
ဥရောပအဆင့်မှာလည်း လီဗာပူးလ်ပြီးရင် ချန်ပီယံလိဂ်ဖလားအများဆုံးရခဲ့တဲ့အသင်း၊ အင်္ဂလိပ်ကလပ်တွေထဲမှာ တစ်ရာသီအတွင်း

ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်တို့ကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအသင်းစတဲ့ ကြီးမားတဲ့အောင်မြင်မှုမှတ်တမ်းတွေ

ပိုင်ဆိုင်ထားတာကြောင့် ဖလားလက်မဲ့ရာသီနဲ့ရင်ဆိုင်ခဲ့ရရင် ဒါဟာ အသင်းအတွက် ကျရှုံးမှုလို့ သတ်မှတ်ရမှာပါပဲ။

ဒါပေမဲ့ ဖရက်ဒ်ကတော့ “ပြီးခဲ့တဲ့ရာသီက အသင်းရဲ့စွမ်းဆောင်ရည်က အကောင်းဆုံးရှိခဲ့တယ်လို့ ကျွန်တော် ယူဆပြီး ရာသီတစ်လျှောက်လုံးမှာလည်း တိုးတက်မှုရှိခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီမှာ ရာသီကြိုခြေစမ်းပွဲတွေမကစားခဲ့ရပေမယ့် ရာသီတစ်လျှောက်မှာတော့ အသင်းရဲ့ခြေစွမ်းက တဖြည်းဖြည်းပိုကောင်းလာပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပါတယ်။

တစ်ရာသီလုံးအနေအထားအရ ခြုံငုံကြည့်ရင်တော့ ၂၀၂၀-၂၁ ရာသီဟာ ကျွန်တော်တို့အတွက် အောင်မြင်တဲ့ရာသီလို့ သတ်မှတ်ရမှာဖြစ်ပြီး အခုထက်ပိုအောင်မြင်ဖို့ ဆုဖလားတွေရယူဖို့ ကြိုးစားသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတုန်းက ယူနိုက်တက်ဂန္ထဝင်ကစားသမား ပေါလ်စခိုးလ်ဟာ နည်းပြဆိုးလ်ရှားအပြင်
ယူနိုက်တက်ကစားသမားတွေက ရှုံးပွဲအတွက်သိပ်ပြီးခံစားရတဲ့ပုံမပေါ်လို့ အရှုံးဆိုတဲ့ရလဒ်နဲ့ကျင့်သားရနေပြီဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဖလားလက်မဲ့(၄)ရာသီဆက်တိုက်ရင်ဆိုင်ခဲ့ရတာက အသင်းရဲ့သမိုင်းကြောင်း၊
ဂုဏ်သိက္ခာပိုင်းအရ မဖြစ်သင့်တော့တဲ့အနေအထားလို့ဆိုရမှာဖြစ်ပြီး ဖရက်ဒ်ဟာလည်း ယူနိုက်တက်ကစားသမားဘ၀ (၃)ရာသီမှာ

ဘာဖလားမှမရသေးတာတောင် ပြီးခဲ့တဲ့ရာသီဟာ အောင်မြင်တဲ့ရာသီလို့ ဆိုခဲ့တာက ဖြစ်သင့်ရဲ့လားဆိုတာမေးခွန်းထုတ်ရမှာပါပဲ . .

Zawgyi

ဖရက္ဒ္ ေျပာတဲ့ ၿပီးခဲ့တဲ့ရာသီက ယူႏုိက္တက္ရဲ႕ စြမ္းေဆာင္ရည္အေၾကာင္း

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဖရက္ဒ္က ၿပီးခဲ့တဲ့ရာသီက သူတို႔အသင္းဖလားလက္မဲ့ျဖစ္ခဲ့ရေပမယ့္
၂၀၂၀-၂၁ ရာသီဟာ အသင္းအတြက္ေအာင္ျမင္တဲ့ရာသီအျဖစ္ သတ္မွတ္ရမွာျဖစ္တယ္လို႔ လူသိရွင္ၾကားေျပာလိုက္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းနဲ႔ (၁၂)မွတ္အကြာ အဆင့္(၂)ေနရာမွာရပ္တည္ခဲ့ၿပီး၊

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ဗီလာရီးယဲလ္ကို ရႈံးခဲ့လို႔ ဒုတိယသာရခဲ့တာေၾကာင့္ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္းကတည္းက ဖလားလက္မဲ့ျဖစ္ေနဆဲပါပဲ။

နည္းျပဆိုးလ္ရွားလက္ထက္ ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံမွာ ဆီမီးဖိုင္နယ္(၄)ႀကိမ္ကေန ထြက္ခဲ့ရတဲ့အျပင္ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္အုပ္စုအဆင့္က ထြက္ခဲ့ရေပမယ့္
ယူ႐ိုပါလိဂ္မွာ ကံေကာင္းေထာက္မလို႔ ယူႏိုက္တက္နည္းျပဘဝပထမဆုံးအႀကိမ္ဗိုလ္လုပြဲေရာက္ခဲ့ေတာ့လည္း အရႈံးနဲ႔ရင္ဆိုင္ခဲ့ရျပန္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဆိုတာက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနၿပီး

ဥေရာပအဆင့္မွာလည္း လီဗာပူးလ္ၿပီးရင္ ခ်န္ပီယံလိဂ္ဖလားအမ်ားဆုံးရခဲ့တဲ့အသင္း၊ အဂၤလိပ္ကလပ္ေတြထဲမွာ တစ္ရာသီအတြင္
း ပရီးမီးယားလိဂ္၊ FA ဖလား၊ ခ်န္ပီယံလိဂ္တို႔ကို ဆြတ္ခူးခဲ့တဲ့ ပထမဆုံးအသင္းစတဲ့ ႀကီးမားတဲ့ေအာင္ျမင္မႈမွတ္တမ္းေတြ
ပိုင္ဆိုင္ထားတာေၾကာင့္ ဖလားလက္မဲ့ရာသီနဲ႔ရင္ဆိုင္ခဲ့ရရင္ ဒါဟာ အသင္းအတြက္ က်ရႈံးမႈလို႔ သတ္မွတ္ရမွာပါပဲ။

ဒါေပမဲ့ ဖရက္ဒ္ကေတာ့ “ၿပီးခဲ့တဲ့ရာသီက အသင္းရဲ႕စြမ္းေဆာင္ရည္က အေကာင္းဆုံးရွိခဲ့တယ္လို႔ ကြၽန္ေတာ္ ယူဆၿပီး ရာသီတစ္ေလွ်ာက္လုံးမွာလည္း တိုးတက္မႈရွိခဲ့ပါတယ္။

၂၀၂၀-၂၁ ရာသီမွာ ရာသီႀကိဳေျခစမ္းပြဲေတြမကစားခဲ့ရေပမယ့္ ရာသီတစ္ေလွ်ာက္မွာေတာ့ အသင္းရဲ႕ေျခစြမ္းက တျဖည္းျဖည္းပိုေကာင္းလာၿပီး ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအထိ တက္ႏိုင္ခဲ့ပါတယ္။

တစ္ရာသီလုံးအေနအထားအရ ၿခဳံငုံၾကည့္ရင္ေတာ့ ၂၀၂၀-၂၁ ရာသီဟာ ကြၽန္ေတာ္တို႔အတြက္ ေအာင္ျမင္တဲ့ရာသီလို႔ သတ္မွတ္ရမွာျဖစ္ၿပီး အခုထက္ပိုေအာင္ျမင္ဖို႔ ဆုဖလားေတြရယူဖို႔ ႀကိဳးစားသြားမွာပါ”လို႔ ဆိုခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအၿပီးတုန္းက ယူႏိုက္တက္ဂႏၴဝင္ကစားသမား ေပါလ္စခိုးလ္ဟာ နည္းျပဆိုးလ္ရွားအျပင္
ယူႏိုက္တက္ကစားသမားေတြက ရႈံးပြဲအတြက္သိပ္ၿပီးခံစားရတဲ့ပုံမေပၚလို႔ အရႈံးဆိုတဲ့ရလဒ္နဲ႔က်င့္သားရေနၿပီဆိုၿပီး ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ဖူးပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ ဖလားလက္မဲ့(၄)ရာသီဆက္တိုက္ရင္ဆိုင္ခဲ့ရတာက အသင္းရဲ႕သမိုင္းေၾကာင္း၊
ဂုဏ္သိကၡာပိုင္းအရ မျဖစ္သင့္ေတာ့တဲ့အေနအထားလို႔ဆိုရမွာျဖစ္ၿပီး ဖရက္ဒ္ဟာလည္း ယူႏိုက္တက္ကစားသမားဘ၀ (၃)ရာသီမွာ

ဘာဖလားမွမရေသးတာေတာင္ ၿပီးခဲ့တဲ့ရာသီဟာ ေအာင္ျမင္တဲ့ရာသီလို႔ ဆိုခဲ့တာက ျဖစ္သင့္ရဲ႕လားဆိုတာေမးခြန္းထုတ္ရမွာပါပဲ . .