ဟာလန်းအတွက် ဒေါ့မွန်က ပြောင်းရွှေ့ကြေးသတ်မှတ်

သတင်းတွေရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ တိုက်စစ်မှူးဟာလန်းအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၂၀၀ အထိ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ဟာလန်းဟာ ဒေါ့မွန်မှာလည်း ဆက်လက်ခြေစွမ်းပြနေလို့ အလိုချင်ဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

ယခုအခါ AS သတင်းစာရဲ့ဖော်ပြချက်အရ ဒေါ့မွန်ဟာ မန်စီးတီး၊ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ ရီးရဲလ်တို့ရဲ့ရန်ကနေ ကာကွယ်နိုင်ရေးအတွက် ဟာလန်းရဲ့တန်ဖိုးကို မြင့်မားစွာသတ်မှတ်လိုက်ကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့ထုတ် သတင်းစာရဲ့မျက်နှာဖုံးမှာ ဟာလန်း ယူရိုသန်း၂၀၀ ဆိုတဲ့ စာကြောင်းနဲ့အတူ ဟာလန်းရဲ့ပုံကို အပြည့်တင်ထားတာဖြစ်ပါတယ်။

မန်ချက်စတာကလပ်တွေနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့တိုက်စစ်မှူးလိုအပ်ချက်ကတော့ ပရိသတ်တွေတောင် သိနေတဲ့အချက်ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်ဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၅၃ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဂျာမနီတစ်နိုင်ငံတည်းသား တိုက်စစ်မှူး ဝါနာဆီကနေ အကောင်းဆုံးပုံစံထုတ်ယူနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ပေမယ့်

တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖွယ်ရှိနေပါတယ်။

စပိန်မှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ ရီးရဲလ်ဟာ တကယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကိုသာ မခေါ်ယူနိုင်ခဲ့ရင် ဟာလန်းလုပွဲလည်း အင်ပြည့်အားပြည့်ပါဝင်လာလိမ့်မယ်လို့ သိရပါတယ်။

ဘာပေက ရီးရဲလ်ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်နေပြီး ရီးရဲလ်ဟာ ကိုဗစ်ရိုက်ခတ်မှုကြောင့် ကစားသမား ၂ဦးစလုံးတစ်ပြိုင်တည်းခေါ်ယူနိုင်ဖို့ မစွမ်းဆောင်နိုင်ဖြစ်နေပါတယ်။

တကယ်လို့ ဟာလန်းသာ ရာသီသစ်မှာ ဒေါ့မွန်နဲ့အတူရှိနေရင် ၂၀၂၂ နွေရာသီမှာ စာချုပ်ထဲမှာပါဝင်တဲ့အချက်အရ စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း ၇၀ တည်းနဲ့ အသင်းကနေ ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ နော်ဝေတစ်နိုင်ငံတည်းသား ဟာလန်းနဲ့ ပြန်လည်လက်တွဲဖို့ စိတ်ဝင်စားနေပြီး နွေဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦး ရှာပုံတေ်ဖွင့်နေတယ်လို့လည်း ပြောထားပါတယ်။

Zawgyi

ဟာလန္းအတြက္ ေဒါ့မြန္က ေျပာင္းေ႐ႊ႕ေၾကးသတ္မွတ္

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေဒါ့မြန္အသင္းဟာ အသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္ေနတဲ့ တိုက္စစ္မႉးဟာလန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ိုသန္း ၂၀၀ အထိ သတ္မွတ္လိုက္ေၾကာင္း သိရပါတယ္။

ဟာလန္းဟာ ေဒါ့မြန္မွာလည္း ဆက္လက္ေျခစြမ္းျပေနလို႔ အလိုခ်င္ဆုံးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနပါတယ္။
ယခုအခါ AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ေဒါ့မြန္ဟာ မန္စီးတီး၊ ယူႏိုက္တက္၊ ခ်ဲလ္ဆီးနဲ႔ ရီးရဲလ္တို႔ရဲ႕ရန္ကေန ကာကြယ္ႏိုင္ေရးအတြက္ ဟာလန္းရဲ႕တန္ဖိုးကို ျမင့္မားစြာသတ္မွတ္လိုက္ေၾကာင္း သိရပါတယ္။

တနဂၤေႏြေန႔ထုတ္ သတင္းစာရဲ႕မ်က္ႏွာဖုံးမွာ ဟာလန္း ယူ႐ိုသန္း၂၀၀ ဆိုတဲ့ စာေၾကာင္းနဲ႔အတူ ဟာလန္းရဲ႕ပုံကို အျပည့္တင္ထားတာျဖစ္ပါတယ္။

မန္ခ်က္စတာကလပ္ေတြနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕တိုက္စစ္မႉးလိုအပ္ခ်က္ကေတာ့ ပရိသတ္ေတြေတာင္ သိေနတဲ့အခ်က္ျဖစ္ပါတယ္။
ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေပါင္ ၅၃ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဂ်ာမနီတစ္ႏိုင္ငံတည္းသား တိုက္စစ္မႉး ဝါနာဆီကေန အေကာင္းဆုံးပုံစံထုတ္ယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနဆဲျဖစ္ေပမယ့္ တိုက္စစ္မႉးတစ္ဦး ေခၚယူဖြယ္ရွိေနပါတယ္။

စပိန္မွာ ထြက္ေပၚေနတဲ့သတင္းေတြအရ ရီးရဲလ္ဟာ တကယ္လို႔ ပီအက္စ္ဂ်ီတိုက္စစ္မႉး ဘာေပကိုသာ မေခၚယူႏိုင္ခဲ့ရင္ ဟာလန္းလုပြဲလည္း အင္ျပည့္အားျပည့္ပါဝင္လာလိမ့္မယ္လို႔ သိရပါတယ္။

ဘာေပက ရီးရဲလ္ရဲ႕ထိပ္တန္းပစ္မွတ္ျဖစ္ေနၿပီး ရီးရဲလ္ဟာ ကိုဗစ္႐ိုက္ခတ္မႈေၾကာင့္ ကစားသမား ၂ဦးစလုံးတစ္ၿပိဳင္တည္းေခၚယူႏိုင္ဖို႔ မစြမ္းေဆာင္ႏိုင္ျဖစ္ေနပါတယ္။

တကယ္လို႔ ဟာလန္းသာ ရာသီသစ္မွာ ေဒါ့မြန္နဲ႔အတူရွိေနရင္ ၂၀၂၂ ေႏြရာသီမွာ စာခ်ဳပ္ထဲမွာပါဝင္တဲ့အခ်က္အရ စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္သန္း ၇၀ တည္းနဲ႔ အသင္းကေန ထြက္ခြာခြင့္ရရွိမွာျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ေနာ္ေဝတစ္ႏိုင္ငံတည္းသား ဟာလန္းနဲ႔ ျပန္လည္လက္တြဲဖို႔ စိတ္ဝင္စားေနၿပီး ေႏြေဈးကြက္အတြင္း တိုက္စစ္မႉးတစ္ဦး ရွာပုံေတ္ဖြင့္ေနတယ္လို႔လည္း ေျပာထားပါတယ္။