ဝိန်းရွန်းနီလည်း ကန်တီရဲ့ fan ဖြစ်လာပြီ…

ဝိန်းရွန်းနီဟာ အင်္ဂလန်အသင်းရဲ့တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်ပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် သူ့ရဲ့ ခန့်မှန်းမှုကို ချပြသွားခဲ့ရာမှာ
သူ့ရဲ့နိုင်ငံအသင်းထက် ပြင်သစ်အသင်းကသာ ကစားသမားတစ်ယောက်ကြောင့် ချန်ပီယံ ဖြစ်ဖို့အခွင့်အရေးပိုသာတယ်ဆိုပြီး ပြောဆိုခန့်မှန်း သွားခဲ့ပါတယ်။

အင်္ဂလန်က အခု ယူရို ၂၀၂၀ မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ၄ သင်းထဲက တစ်သင်း အဖြစ်ရှိနေပေမယ့် ကျွန်တော်အခု သဘောကျမိနေတဲ့အသင်းကတော့ ပြင်သစ်အသင်းပါပဲ။

အမ်ဘက်ပေ ၊ အန်ဂိုလိုကန်တီ ၊ ဘန်ဇီးမား ၊ ဂရစ်မန်း ၊ ပေါ့ဘာ ၊ ဗာရန်း ၊ လောရန့် တို့လို အရည်အသွေးနဲ့ အတွေ့အကြုံ ရှိတဲ့ သူတွေ ပိုင်ဆိုင်ထားပြီး အရမ်းကို ကောင်းတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်း ဖြစ်ပါတယ်။

ဒါကို ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားမှာလည်း မြင်တွေ့ ခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလား ရရှိထားတဲ့ ချန်ပီယံအသင်းတစ်သင်းဖြစ်ပြီး ညီညွှတ်တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။

ဆုဖလား ရထားတဲ့ အခါ စည်းလုံးမှုဟာ ပိုပြီး ခိုင်မာလာတက်ပါတယ်။

အသင်းတစ်သင်းအောင်မြင်ဖို့ဆိုတာ ညီညွှတ်မှု က အောင်မြင်မှု အတွက် သော့ချက် ဖြစ်သလို ကန်တီလို ထူးချွန်တဲ့ ကစားသမားတစ်ယောက် ရှိနေတာ ကလည်း ပြင်သစ်အသင်းအတွက် ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ။

” ဒီနေ့ခေတ်ဘောလုံးသမားတွေထဲမှာ အသင်းရဲ့ကစားကွက်နဲ့ တစ်သားထဲကစားနိုင်တဲ့ ကစားသမားလို့ဆိုရင် ကျွန်တော်တော့ ကန်တီကိုပဲမြင်တယ်။

ဘောလုံးသမိုင်းတစ်လျှောက် အသင်းရဲ့ကစားကွက်ထဲမှာ အဆုံးစွန်ကစားနိုင်သူလို့ ပြောလို့ရတယ်။

သူကစားတဲ့ပုံစံက ဘယ်လို ပုံစံမျိုးလဲဆိုတော့ဗျာ ပြိုင်ဘက်ကစားကွက်ကို ဖျက်တယ် နေရာစုံလိုက်ပြီး ပြိုင်ဘက်တစ်ဦးချင်း လှုပ်မရဘဲ မြဲမြံနေအောင် ကစားတယ် ပြီးတော့ တိုက်စစ်အတွက်လည်း သူကပဲ စတင်ပေးတာမျိုးပေါ့။
သူ့လိုကစားပုံမျိုးကို ကျွန်တော်က ယာယာတိုရေး ကစားတာပဲ မြင်ဖူးတယ်။

ဘောလုံးရတာနဲ့ တိုက်စစ်ကို ခွဲထုတ်လိုက်တာမျိုး အဲ့ဒါက ပြိုင်ဘက်ကစားသမားတွေအနေနဲ့ ခုခံရ သိပ်ခက်တယ်။
ကန်တီက အဲ့ဒါတွေအားလုံးကို လုပ်နိုင်တဲ့အပြင် အဖျက်နေရာမှာလည်း အပိုဆုလို့တောင် ပြောလို့မရပါဘူး အဆုံးစွန် တာဝန်ယူပေးနိုင်ပါတယ်။ သူ့ရဲ့ ခံစစ်ကစားပုံကြ တော့လည်း မက်ခီလီလီလိုပဲ။

ယာယာတိုရေးနဲ့ မက်ခီလီလီ ပေါင်းစပ်ထားတဲ့ ကွင်းလယ်လူဆိုတော့မှ အသင်းဖော်တွေကို ဘယ်လောက်အဆင်ပြေစေမလဲဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို သူ အဲ့ဒီလို ကစားသွားတာ။

သူ့ကြောင့် ယူရိုမှာလည်း ပြင်သစ် ဗိုလ်စွဲသွားနိုင်ပါလိမ့်မယ် ” လို့ရွန်းနီက ပြောကြားခဲ့ပါတယ်။

Zawgyi

ဝိန္း႐ြန္းနီလည္း ကန္တီရဲ႕ fan ျဖစ္လာၿပီ…

ဝိန္း႐ြန္းနီဟာ အဂၤလန္အသင္းရဲ႕တိုက္စစ္မႉးေဟာင္းတစ္ေယာက္ျဖစ္ေပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲအတြက္ သူ႔ရဲ႕ ခန႔္မွန္းမႈကို ခ်ျပသြားခဲ့ရာမွာ
သူ႔ရဲ႕ႏိုင္ငံအသင္းထက္ ျပင္သစ္အသင္းကသာ ကစားသမားတစ္ေယာက္ေၾကာင့္ ခ်န္ပီယံ ျဖစ္ဖို႔အခြင့္အေရးပိုသာတယ္ဆိုၿပီး ေျပာဆိုခန႔္မွန္း သြားခဲ့ပါတယ္။

အဂၤလန္က အခု ယူ႐ို ၂၀၂၀ မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္း ၄ သင္းထဲက တစ္သင္း အျဖစ္ရွိေနေပမယ့္ ကြၽန္ေတာ္အခု သေဘာက်မိေနတဲ့အသင္းကေတာ့ ျပင္သစ္အသင္းပါပဲ။

အမ္ဘက္ေပ ၊ အန္ဂိုလိုကန္တီ ၊ ဘန္ဇီးမား ၊ ဂရစ္မန္း ၊ ေပါ့ဘာ ၊ ဗာရန္း ၊ ေလာရန႔္ တို႔လို အရည္အေသြးနဲ႔ အေတြ႕အႀကဳံ ရွိတဲ့ သူေတြ ပိုင္ဆိုင္ထားၿပီး အရမ္းကို ေကာင္းတဲ့ ကစားသမားေတြနဲ႔ စုဖြဲ႕ထားတဲ့ အသင္း ျဖစ္ပါတယ္။

ဒါကို ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႐ုရွားကမာၻ႔ဖလားမွာလည္း ျမင္ေတြ႕ ခဲ့ပါတယ္။
ျပင္သစ္အသင္းဟာ လက္ရွိ ကမာၻ႔ဖလား ရရွိထားတဲ့ ခ်န္ပီယံအသင္းတစ္သင္းျဖစ္ၿပီး ညီၫႊတ္တဲ့ အသင္း တစ္သင္း ျဖစ္ပါတယ္။

ဆုဖလား ရထားတဲ့ အခါ စည္းလုံးမႈဟာ ပိုၿပီး ခိုင္မာလာတက္ပါတယ္။

အသင္းတစ္သင္းေအာင္ျမင္ဖို႔ဆိုတာ ညီၫႊတ္မႈ က ေအာင္ျမင္မႈ အတြက္ ေသာ့ခ်က္ ျဖစ္သလို ကန္တီလို ထူးခြၽန္တဲ့ ကစားသမားတစ္ေယာက္ ရွိေနတာ ကလည္း ျပင္သစ္အသင္းအတြက္ ႀကီးမားတဲ့ ဆုလာဘ္တစ္ခုပါပဲ။

” ဒီေန႔ေခတ္ေဘာလုံးသမားေတြထဲမွာ အသင္းရဲ႕ကစားကြက္နဲ႔ တစ္သားထဲကစားႏိုင္တဲ့ ကစားသမားလို႔ဆိုရင္ ကြၽန္ေတာ္ေတာ့ ကန္တီကိုပဲျမင္တယ္။

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အသင္းရဲ႕ကစားကြက္ထဲမွာ အဆုံးစြန္ကစားႏိုင္သူလို႔ ေျပာလို႔ရတယ္။

သူကစားတဲ့ပုံစံက ဘယ္လို ပုံစံမ်ိဳးလဲဆိုေတာ့ဗ်ာ ၿပိဳင္ဘက္ကစားကြက္ကို ဖ်က္တယ္ ေနရာစုံလိုက္ၿပီး ၿပိဳင္ဘက္တစ္ဦးခ်င္း လႈပ္မရဘဲ ၿမဲၿမံေနေအာင္ ကစားတယ္ ၿပီးေတာ့ တိုက္စစ္အတြက္လည္း သူကပဲ စတင္ေပးတာမ်ိဳးေပါ့။

သူ႔လိုကစားပုံမ်ိဳးကို ကြၽန္ေတာ္က ယာယာတိုေရး ကစားတာပဲ ျမင္ဖူးတယ္။

ေဘာလုံးရတာနဲ႔ တိုက္စစ္ကို ခြဲထုတ္လိုက္တာမ်ိဳး အဲ့ဒါက ၿပိဳင္ဘက္ကစားသမားေတြအေနနဲ႔ ခုခံရ သိပ္ခက္တယ္။
ကန္တီက အဲ့ဒါေတြအားလုံးကို လုပ္ႏိုင္တဲ့အျပင္ အဖ်က္ေနရာမွာလည္း အပိုဆုလို႔ေတာင္ ေျပာလို႔မရပါဘူး အဆုံးစြန္ တာဝန္ယူေပးႏိုင္ပါတယ္။ သူ႔ရဲ႕ ခံစစ္ကစားပုံၾက ေတာ့လည္း မက္ခီလီလီလိုပဲ။

ယာယာတိုေရးနဲ႔ မက္ခီလီလီ ေပါင္းစပ္ထားတဲ့ ကြင္းလယ္လူဆိုေတာ့မွ အသင္းေဖာ္ေတြကို ဘယ္ေလာက္အဆင္ေျပေစမလဲဆိုတာ စဥ္းစားၾကည့္ေပါ့ဗ်ာ။
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မန္စီးတီးအသင္းကို သူ အဲ့ဒီလို ကစားသြားတာ။

သူ႔ေၾကာင့္ ယူ႐ိုမွာလည္း ျပင္သစ္ ဗိုလ္စြဲသြားႏိုင္ပါလိမ့္မယ္ ” လို႔႐ြန္းနီက ေျပာၾကားခဲ့ပါတယ္။