ရိုမေးနီးယားဂိုးသမားရဲ့ လက်နောက်ပစ်ပြီးဖမ်းပြသွားတဲ့ ဗျူဟာမှာ မျောသွားခဲ့တဲ့ ဟန်ဒါဆန်

အင်္ဂလန်အသင်းဟာ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျော့ဖ်ဟက်စ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နောက်ပိုင်းမှာ ရိုမေးနီးယားအသင်းနဲ့တွေ့ဆုံတိုင်း နိုင်ပွဲပျောက်ဆုံးနေခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် (၅၁)နှစ်ကြာပြီဖြစ်တဲ့ ဒီမှတ်တမ်းဆိုးကို ခြေဖျက်ပေးနိုင်ခဲ့သူကတော့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ရက်ဖိုဒ်ဘဲဖြစ်ပါတယ်။

မနေ့ညက အင်္ဂလန်အသင်းနှင့် ရိုမေးနီးယားအသင်းတို့ရဲ့ ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ ပထမဆုံးအကြိမ်
ပွဲထွက်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အနိုင်ဂိုးကို ပယ်နယ်တီကတဆင့် သွင်းယူးပေးခဲ့တာကြောင့် (၁-ဝ) ရလဒ်နဲ့ အင်္ဂလန်အသင်း နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် (၆၈)မိနစ်မှာ ဂရီလစ်ရှ်ရဲ့ထိုးဖောက်မှုကနေ ရရှိခဲ့တဲ့ ပယ်နယ်တီကို ရက်ရှ်ဖို့ဒ်က ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို
မြေလိမ့်ဘောကန်သွင်းပြီး ဂိုးရယူနိုင်ခဲ့ပါတယ်။
ဒီသွင်းဂိုးဟာလည်း ရက်ဖို့ဒ်အတွက် သူ့ရဲ့ စီနီယာကစားသမားဘဝ သွင်းဂိုး (၁၀၀)ပြည့်ဂိုးဖြစ်ခဲ့ပါတယ်။

ရက်ဖို့ဒ်အတွက် မနေ့ညကပွဲဟာ ပြည့်စုံတဲ့ အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။
အဲ့သည့်ပွဲမှာ အင်္ဂလန်အသင်းဟာ ပယ်နယ်တီ နှစ်ကြိမ်ရရှိခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်မှာ ဟန်ဒါဆန် ကန်သွင်းခဲ့ပါတယ်။
ဟန်ဒါဆန် သွင်းယူခဲ့ရာမှာ ရိုမေးနီးယားဂိုးသမား ဖလိုရင်နီတာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ပယ်နယ်တီကာကွယ်ခဲ့တဲ့ ဖလိုရင်နီတာရဲ့ ကာကွယ်ဟန်ကတော့ စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။
ဂိုးသမားအများစုဟာ ပင်နယ်တီကို ကာကွယ်ကြချိန်မှာ လက်တွေကို ရှေ့ထုတ်ပြီး သူတို့ကာကွယ်မယ့်ဘက်ကို ဟန်ပြလှုပ်ရှားမှုတွေ၊

ကန်သွင်းမယ့်သူတွေကို အာရုံနောက်အောင် လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိသလို လက်ကို ဘေးချပြီး တည်ငြိမ်တဲ့ပုံစံနဲ့ ကာကွယ်ကြတာကိုတွေ့ဖူးခဲ့ကြပါတယ်။

ဖလိုရင်နီတာကတော့ ပယ်နယ်တီကာကွယ်ဖို့ ကြိုးစားချိန်မှာ သူ့ရဲ့လက်နှစ်ဖက်ကို နောက်ပစ်ပြီး မလှုပ်မယှက်ရှိနေခဲ့တာကတော့အတော့်ကိုထူးခြားပါတယ်။

သူ့ရဲ့လက်နှစ်ဖက်ကိုနောက်ပစ်ကာ ဘယ်လိုလှုပ်ရှားမှုမျိုးမှမလုပ်ပဲ နေခဲ့တဲ့ နည်းဗျူဟာက ရက်ရှ်ဖို့ဒ်ရဲ့ ပယ်နယ်တီကို ကာကွယ်ချိန်မှာ အလုပ်မဖြစ်ခဲ့ပေမယ့် ဟန်ဒါဆန်ကန်သွင်းချိန်မှာတော့ အသုံးဝင်ခဲ့ပါတယ်။
ဟန်ဒါဆန်က ဘောလုံးကို ညာဘက်ထောင့်ထဲကန်သွင်းလိုက်ချိန်မှာ ဖလိုရင်နီတာက လျှင်မြန်တဲ့အရှိန်နဲ့ ဒိုက်ဗင်ထိုးပြီး ကာကွယ်သွားနိုင်ခဲ့သလို သူ့ရဲ့ ပယ်နယ်တီ ကာကွယ်ဟန်က ပရိသတ်တွေအပေါ် ဆွဲဆောင်မှုအပြည့်ရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့ ဒုတိယ ပယ်နယ်တီ ကို ကန်သွင်းတဲ့ ဟန်ဒါဆန် အတွက်တော့ လက်နောက်ပစ်ပြီး ဂိုးပေါက်စောင့်နေတဲ့သူရဲ့ ဂိုးပေါက်ထဲကို မသွင်းယူနိုင်ခဲ့တာက သူ့ကို စိတ်ပျက်စရာဖြစ်နေတော့မှာ အသေအချာပါပဲ။

Zawgyi

႐ိုေမးနီးယားဂိုးသမားရဲ႕ လက္ေနာက္ပစ္ၿပီးဖမ္းျပသြားတဲ့ ဗ်ဴဟာမွာ ေမ်ာသြားခဲ့တဲ့ ဟန္ဒါဆန္

အဂၤလန္အသင္းဟာ ၁၉၇၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေဂ်ာ့ဖ္ဟက္စ္ရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ေနာက္ပိုင္းမွာ ႐ိုေမးနီးယားအသင္းနဲ႔ေတြ႕ဆုံတိုင္း ႏိုင္ပြဲေပ်ာက္ဆုံးေနခဲ့တာကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။
အဂၤလန္အသင္းအတြက္ (၅၁)ႏွစ္ၾကာၿပီျဖစ္တဲ့ ဒီမွတ္တမ္းဆိုးကို ေျခဖ်က္ေပးႏိုင္ခဲ့သူကေတာ့ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ကစားသမား ရက္ဖိုဒ္ဘဲျဖစ္ပါတယ္။

မေန႔ညက အဂၤလန္အသင္းႏွင့္ ႐ိုေမးနီးယားအသင္းတို႔ရဲ႕ ေျခစမ္းပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္နဲ႔ ပထမဆုံးအႀကိမ္
ပြဲထြက္ခြင့္ရခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ အႏိုင္ဂိုးကို ပယ္နယ္တီကတဆင့္ သြင္းယူးေပးခဲ့တာေၾကာင့္ (၁-ဝ) ရလဒ္နဲ႔ အဂၤလန္အသင္း ႏိုင္ပြဲရရွိခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ (၆၈)မိနစ္မွာ ဂရီလစ္ရွ္ရဲ႕ထိုးေဖာက္မႈကေန ရရွိခဲ့တဲ့ ပယ္နယ္တီကို ရက္ရွ္ဖို႔ဒ္က ဂိုးသမားရဲ႕ ဘယ္ဘက္ေထာင့္ထဲကို

ေျမလိမ့္ေဘာကန္သြင္းၿပီး ဂိုးရယူႏိုင္ခဲ့ပါတယ္။

ဒီသြင္းဂိုးဟာလည္း ရက္ဖို႔ဒ္အတြက္ သူ႔ရဲ႕ စီနီယာကစားသမားဘဝ သြင္းဂိုး (၁၀၀)ျပည့္ဂိုးျဖစ္ခဲ့ပါတယ္။

ရက္ဖို႔ဒ္အတြက္ မေန႔ညကပြဲဟာ ျပည့္စုံတဲ့ ေအာင္ပြဲတစ္ခုျဖစ္ခဲ့ပါတယ္။

အဲ့သည့္ပြဲမွာ အဂၤလန္အသင္းဟာ ပယ္နယ္တီ ႏွစ္ႀကိမ္ရရွိခဲ့တာျဖစ္ၿပီး ေနာက္တစ္ႀကိမ္မွာ ဟန္ဒါဆန္ ကန္သြင္းခဲ့ပါတယ္။
ဟန္ဒါဆန္ သြင္းယူခဲ့ရာမွာ ႐ိုေမးနီးယားဂိုးသမား ဖလိုရင္နီတာက ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ပယ္နယ္တီကာကြယ္ခဲ့တဲ့ ဖလိုရင္နီတာရဲ႕ ကာကြယ္ဟန္ကေတာ့ စိတ္ဝင္စားဖို႔ေကာင္းခဲ့ပါတယ္။
ဂိုးသမားအမ်ားစုဟာ ပင္နယ္တီကို ကာကြယ္ၾကခ်ိန္မွာ လက္ေတြကို ေရွ႕ထုတ္ၿပီး သူတို႔ကာကြယ္မယ့္ဘက္ကို ဟန္ျပလႈပ္ရွားမႈေတြ၊

ကန္သြင္းမယ့္သူေတြကို အာ႐ုံေနာက္ေအာင္ လႈပ္ရွားမႈေတြ ျပဳလုပ္ေလ့ရွိသလို လက္ကို ေဘးခ်ၿပီး တည္ၿငိမ္တဲ့ပုံစံနဲ႔ ကာကြယ္ၾကတာကိုေတြ႕ဖူးခဲ့ၾကပါတယ္။

ဖလိုရင္နီတာကေတာ့ ပယ္နယ္တီကာကြယ္ဖို႔ ႀကိဳးစားခ်ိန္မွာ သူ႔ရဲ႕လက္ႏွစ္ဖက္ကို ေနာက္ပစ္ၿပီး မလႈပ္မယွက္ရွိေနခဲ့တာကေတာ့အေတာ့္ကိုထူးျခားပါတယ္။

သူ႔ရဲ႕လက္ႏွစ္ဖက္ကိုေနာက္ပစ္ကာ ဘယ္လိုလႈပ္ရွားမႈမ်ိဳးမွမလုပ္ပဲ ေနခဲ့တဲ့ နည္းဗ်ဴဟာက ရက္ရွ္ဖို႔ဒ္ရဲ႕ ပယ္နယ္တီကို ကာကြယ္ခ်ိန္မွာ အလုပ္မျဖစ္ခဲ့ေပမယ့္ ဟန္ဒါဆန္ကန္သြင္းခ်ိန္မွာေတာ့ အသုံးဝင္ခဲ့ပါတယ္။

ဟန္ဒါဆန္က ေဘာလုံးကို ညာဘက္ေထာင့္ထဲကန္သြင္းလိုက္ခ်ိန္မွာ ဖလိုရင္နီတာက လွ်င္ျမန္တဲ့အရွိန္နဲ႔ ဒိုက္ဗင္ထိုးၿပီး ကာကြယ္သြားႏိုင္ခဲ့သလို သူ႔ရဲ႕ ပယ္နယ္တီ ကာကြယ္ဟန္က ပရိသတ္ေတြအေပၚ ဆြဲေဆာင္မႈအျပည့္ရွိခဲ့ပါတယ္။

အဂၤလန္အသင္းရဲ႕ ဒုတိယ ပယ္နယ္တီ ကို ကန္သြင္းတဲ့ ဟန္ဒါဆန္ အတြက္ေတာ့ လက္ေနာက္ပစ္ၿပီး ဂိုးေပါက္ေစာင့္ေနတဲ့သူရဲ႕ ဂိုးေပါက္ထဲကို မသြင္းယူႏိုင္ခဲ့တာက သူ႔ကို စိတ္ပ်က္စရာျဖစ္ေနေတာ့မွာ အေသအခ်ာပါပဲ။