ဇီယက်ချ်ကိုပြန်ရောင်းတော့မယ့် ချဲလ်ဆီး

မနှစ်ကဘောလုံးရာသီ အစမှာတုန်းက နည်းပြ လမ်းပတ် အသုံးပြုခဲ့တဲ့ ပေါင်သန်း၂၅၀ အဝယ်စာရင်းထဲမှာ ပါဝင်ခဲ့ပြီး အေဂျက်ဇ်ကနေ ပြောင်းလာတဲ့ ဇီယက်ချ်ကို လာမယ့်နွေရာသီဈေးကွက်မှာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင် ပြန်ထုတ်ရောင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဇီယက်ချ်ဟာ ချဲလ်ဆီးကို စတင်ရောက်ရှိတုန်းက ဒဏ်ရာပြသနာကြောင့် နားနေခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာ ဝင်ရောက်ကစားခွင့်ရလာပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးမှာ ဇီယက်ချ်ခြေစွမ်းပြနေတဲ့ အချိန်မှာ အေဂျက်ဇ်ကပြောင်းလာတာချင်းတူတဲ့ ဗန်ဒီဘိခ်က ယူနိုက်တက်မှာ

နေရာမရဘဲ အရန်ခုံမှာ ထိုင်နေရတဲ့အတွက် သူတို့ ၂ယောက်ကို နှိုင်းယှဉ်ပြောကြားတာတွေတောင် မီဒီယာတွေမှာ ဖော်ပြခဲ့ကြတာပါ။

ချဲလ်ဆီး အသင်းဟာ ဇီယက်ခ်ျ အတွက် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးကို ရမယ်ဆိုရင် အခုနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက်၂၈နှစ် အရွယ်ရှိ ဇီယက်ချ်ဟာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံး ကစားတဲ့ရာသီမှာ ပွဲ ၃၉ပွဲ ပါဝင်ကစားထားပြီး အသင်းအတွက် ၆ဂိုးသွင်း ၄ဂိုး ဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဇီယက်ခ်ျဟာ ပရီးမီးယားလိဂ်၂၃ပွဲ မှာ ၂ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စီးရီးအေအသင်းတွေဖြစ်တဲ့ အေစီမီလန် နဲ့ နာပိုလီ တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းကတော့ ဇီယက်ချ်အတွက်

သင့်တော်တဲ့ ကမ်းလှမ်းမှုကို ရရှိမယ်ဆိုရင် အခု နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းချသွားဖို့ ရှိတယ်လို့ Calciomercato သတင်းက ဖော်ပြထားတာဖြစ်ပါတယ်။

နာပိုလီ နဲ့ အေစီမီလန် အသင်းတို့ဟာ ဇီယက်ခ်ျရဲ့တိုးတက်မှု အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးနဲ့ ဇီယက်ခ်ျ တို့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ဟာ ၄နှစ် ကျန်ရှိနေပါသေးတယ်။

ဇီယက်ခ်ျဟာ ချဲလ်ဆီးအသင်းက မန်စီးတီးအသင်းကို ၁-ဝနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လူစားဝင်ကစားသမား အဖြစ်တောင် ပါဝင်ခွင့်မရခဲ့ပါဘူး။

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အတွက် ကစားသမားသစ်တွေ ဖြည့်တင်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး အသင်းမှာ ရှိတဲ့ကစားသမား အချို့ကို ရောင်းချဖွယ်ရှိနေတာပါ။

ချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို အဓိကကထား ဖြည့်တင်းဖို့ အလိုရှိနေတာဖြစ်ပြီး လက်ရှိမှာ နည်းပြတူချယ်လ်၊ တိုက်စစ်မှုး ဂီရောဒ့်နဲ့ နောက်ခံလူ သီယာဂိုဆေးလ်ဗား တို့ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားပါတယ်။

Zawgyi

ဇီယက်ခ်ျကိုပြန်ရောင်းတော့မယ့် ချဲလ်ဆီး

မနှစ်ကဘောလုံးရာသီ အစမှာတုန်းက နည်းပြ လမ်းပတ် အသုံးပြုခဲ့တဲ့ ပေါင်သန်း၂၅၀ အဝယ်စာရင်းထဲမှာ ပါဝင်ခဲ့ပြီး အေဂျက်ဇ်ကနေ ပြောင်းလာတဲ့ ဇီယက်ခ်ျကို လာမယ့်နွေရာသီဈေးကွက်မှာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင် ပြန်ထုတ်ရောင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဇီယက်ခ်ျဟာ ချဲလ်ဆီးကို စတင်ရောက်ရှိတုန်းက ဒဏ်ရာပြသနာကြောင့် နားနေခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာ ဝင်ရောက်ကစားခွင့်ရလာပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးမှာ ဇီယက်ခ်ျခြေစွမ်းပြနေတဲ့ အချိန်မှာ အေဂျက်ဇ်ကပြောင်းလာတာချင်းတူတဲ့ ဗန်ဒီဘိခ်က ယူနိုက်တက်မှာ


အသက်၂၈နှစ် အရွယ်ရှိ ဇီယက်ခ်ျဟာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံး ကစားတဲ့ရာသီမှာ ပွဲ ၃၉ပွဲ ပါဝင်ကစားထားပြီး အသင်းအတွက် ၆ဂိုးသွင်း ၄ဂိုး ဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းကတော့ ဇီယက်ခ်ျအတွက်





