ခရစ္စတီရန် ရိုမဲရိုနဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့

မက်ဂွိုင်းယား ဒဏ်ရာရရှိသွားချိန်မှာ ယူနိုက်တက်အသင်းရဲ့ ဗဟိုနောက်ခံ နေရာဟာ သိသာတဲ့အားနည်းချက်တစ်ခုဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း အသင်းမှာ ဗဟိုနောက်ခံ နေရာအတွက် အရန်ကစားသမား လိုအပ်နေတဲ့ ယူနိုက်တက်အသင်းဟာ

အတ္တလန်တာအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ နောက်ခံလူ ခရစ္စတီရန် ရိုမဲရိုးကို ပေါင်(၃၉)သန်းနဲ့ ကမ်းလှမ်းထားပြီလို့ Sport Witness သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီက ဂျူဗင်တပ်စ် အသင်းကနေ အတ္တလန်တာအသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးဟာ

အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အတ္တလန်တာအသင်းက ယူရို(၁၆)သန်းနဲ့အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီမှာ စီရီးအေ အမှတ်ပေးဇယားမှာ အဆင့် (၃) နေရာရရှိခဲ့တဲ့ အတ္တလန်တာအသင်းဟာ (၃)နှစ်ဆက်တိုက် အဆင့် (၃)နေရာကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဘဏ္ဍာရေးအခြေအနေဆိုးရွားနေတဲ့ အီတလီအသင်းတွေရဲ့ လက်ရှိအခြေအနေကြောင့် အတ္တလန်တာ အသင်းဟာ

သူတို့ရဲ့အဓိကနောက်ခံလူရိုမဲရိုးကို တစ်ရာသီအကြာမှာပဲ ပြန်ရောင်းချရမယ့်အနေအထားနဲ့ရင်ဆိုင်နေရပါပြီ။

လာလီဂါထိပ်သီး ဘာစီလိုနာအသင်း ကလည်း ရိုမဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်အသင်းနဲ့ အတ္တလန်တာ အသင်းတို့ရဲ့ ဒီယာလို အပြောင်းအရွှေ့မှာ တည်ဆောက်နိုင်ခဲ့တဲ့ ဆက်ဆံရေးကောင်းတွေရှိနေတာကြောင့် ယူနိုက်တက် အသင်းက ဒီအပြောင်းအရွှေ့မှာတော့ လက်ဦးမှုရယူနိုင်မယ့်အခြေအနေရှိပါတယ်။

ဒီနှစ်အစပိုင်းမှာ ယူနိုက်တက်အသင်း ဆီကနေ ဒီယာလို အပြောင်းအရွှေ့ကြောင့် ငွေကြေးအရအကျိုးအမြတ်ရခဲ့တဲ့ အတ္တလန်တာအသင်းအတွက်တော့ နောက်ထပ် အပြောင်းအရွှေ့တစ်ခုဟာလည်း အသင်းနှစ်သင်းကြားမှာ အချိန်ကြန့်ကြာနေစေ မှာတော့ မဟုတ်လောက်ပါဘူး။

ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုဟာလည်း အတ္တလန်တာအသင်းအတွက် ကစားသမား တစ်ဦးကို ရောင်းချတာကနေ

စံချိန်တင်ပြောင်းရွှေ့ကြေးရမယ့် အနေအထားဖြစ်နေတာကြောင့်လည်း အသင်းအနေနဲ့ ငြင်းဆန်ဖို့ခက်နိုင်ပြီး ဒီအပြောင်းအရွှေ့ဟာ

မကြာခင်မှာ အပြီးသတ်နိုင်မယ်လို့ Sport Witness က သုံးသပ်ခဲ့ပါတယ်။

ဒီနှစ် စီးရီးအေပြိုင်ပွဲရဲ့ (၁)နှစ်တာ အကောင်းဆုံးနောက်ခံလူအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ရိုမဲရိုးသာ ယူနိုက်တက်အသင်းကိုရောက်ရှိလာခဲ့မယ်ဆိုရင်တော့

အသင်းရဲ့ ဗဟိုနောက်ခံနေရာဟာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်တယ်လို့ မျှော်လင့် လို့ရပါတယ်။

ဒီအပြောင်းအရွှေ့သာဖြစ်လာခဲ့ပြီးမက်ဂွိုင်းယားနဲ့အတွဲညီခဲ့မယ်ဆိုရင် တစ်ချိန်က ယူနိုက်တက်မှာ အတွဲညီခဲ့တဲ့ ဖာဒီနန်နဲ့ ဟိန့်ဇ်တို့လို အင်္ဂလန်၊ အာဂျင်တီနား နောက်ခံအတွဲကို ပြန်လည်မြင်တွေ့ရနိုင်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ သမိုင်းကြောင်းမှာ အာဂျင်တီးနားကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေဟာ အရမ်းထင်ရှားလာခဲ့တာ မရှိခဲ့တာကိုလည်း ရိုမဲရိုးလည်းစဉ်းစားမိမှာသေချာပါတယ်။

Zawgyi

ခရစၥတီရန္ ႐ိုမဲ႐ိုနဲ႔ ယူႏိုက္တက္ရဲ႕ အေျပာင္းအေ႐ႊ႕

မက္ဂြိဳင္းယား ဒဏ္ရာရရွိသြားခ်ိန္မွာ ယူႏိုက္တက္အသင္းရဲ႕ ဗဟိုေနာက္ခံ ေနရာဟာ သိသာတဲ့အားနည္းခ်က္တစ္ခုျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း အသင္းမွာ ဗဟိုေနာက္ခံ ေနရာအတြက္ အရန္ကစားသမား လိုအပ္ေနတဲ့ ယူႏိုက္တက္အသင္းဟာ

အတၱလန္တာအသင္းမွာ ေျခစြမ္းျပကစားေနတဲ့ ေနာက္ခံလူ ခရစၥတီရန္ ႐ိုမဲ႐ိုးကို ေပါင္(၃၉)သန္းနဲ႔ ကမ္းလွမ္းထားၿပီလို႔ Sport Witness သတင္းဌာနက ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီက ဂ်ဴဗင္တပ္စ္ အသင္းကေန အတၱလန္တာအသင္းကို အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့တဲ့ အာဂ်င္တီးနားေနာက္ခံလူ ႐ိုမဲ႐ိုးဟာ အသင္းမွာ ေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္

အတၱလန္တာအသင္းက ယူ႐ို(၁၆)သန္းနဲ႔အၿပီးသတ္ေခၚယူခဲ့ပါတယ္။

၂၀၂၀-၂၁ ရာသီမွာ စီရီးေအ အမွတ္ေပးဇယားမွာ အဆင့္ (၃) ေနရာရရွိခဲ့တဲ့ အတၱလန္တာအသင္းဟာ (၃)ႏွစ္ဆက္တိုက္ အဆင့္ (၃)ေနရာကေန ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိတဲ့အသင္းတစ္သင္းလည္းျဖစ္ပါတယ္။

ဒါေပမဲ့ ဘ႑ာေရးအေျခအေနဆိုး႐ြားေနတဲ့ အီတလီအသင္းေတြရဲ႕ လက္ရွိအေျခအေနေၾကာင့္ အတၱလန္တာ အသင္းဟာ သူတို႔ရဲ႕အဓိကေနာက္ခံလူ႐ိုမဲ႐ိုးကို တစ္ရာသီအၾကာမွာပဲ ျပန္ေရာင္းခ်ရမယ့္အေနအထားနဲ႔ရင္ဆိုင္ေနရပါၿပီ။

လာလီဂါထိပ္သီး ဘာစီလိုနာအသင္း ကလည္း ႐ိုမဲ႐ိုးကို ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ ယူႏိုက္တက္အသင္းနဲ႔ အတၱလန္တာ အသင္းတို႔ရဲ႕ ဒီယာလို အေျပာင္းအေ႐ႊ႕မွာ တည္ေဆာက္ႏိုင္ခဲ့တဲ့ ဆက္ဆံေရးေကာင္းေတြရွိေနတာေၾကာင့္ ယူႏိုက္တက္ အသင္းက ဒီအေျပာင္းအေ႐ႊ႕မွာေတာ့ လက္ဦးမႈရယူႏိုင္မယ့္အေျခအေနရွိပါတယ္။

ဒီႏွစ္အစပိုင္းမွာ ယူႏိုက္တက္အသင္း ဆီကေန ဒီယာလို အေျပာင္းအေ႐ႊ႕ေၾကာင့္ ေငြေၾကးအရအက်ိဳးအျမတ္ရခဲ့တဲ့ အတၱလန္တာအသင္းအတြက္ေတာ့ ေနာက္ထပ္ အေျပာင္းအေ႐ႊ႕တစ္ခုဟာလည္း အသင္းႏွစ္သင္းၾကားမွာ အခ်ိန္ၾကန႔္ၾကာေနေစ မွာေတာ့ မဟုတ္ေလာက္ပါဘူး။

ယူႏိုက္တက္အသင္းရဲ႕ ကမ္းလွမ္းမႈဟာလည္း အတၱလန္တာအသင္းအတြက္ ကစားသမား တစ္ဦးကို ေရာင္းခ်တာကေန

စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရမယ့္ အေနအထားျဖစ္ေနတာေၾကာင့္လည္း အသင္းအေနနဲ႔ ျငင္းဆန္ဖို႔ခက္ႏိုင္ၿပီး ဒီအေျပာင္းအေ႐ႊ႕ဟာ
မၾကာခင္မွာ အၿပီးသတ္ႏိုင္မယ္လို႔ Sport Witness က သုံးသပ္ခဲ့ပါတယ္။

ဒီႏွစ္ စီးရီးေအၿပိဳင္ပြဲရဲ႕ (၁)ႏွစ္တာ အေကာင္းဆုံးေနာက္ခံလူအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ႐ိုမဲ႐ိုးသာ ယူႏိုက္တက္အသင္းကိုေရာက္ရွိလာခဲ့မယ္ဆိုရင္ေတာ့ အသင္းရဲ႕ ဗဟိုေနာက္ခံေနရာဟာ ၿပိဳင္ဆိုင္မႈ ပိုမိုျပင္းထန္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ လို႔ရပါတယ္။

ဒီအေျပာင္းအေ႐ႊ႕သာျဖစ္လာခဲ့ၿပီးမက္ဂြိဳင္းယားနဲ႔အတြဲညီခဲ့မယ္ဆိုရင္ တစ္ခ်ိန္က ယူႏိုက္တက္မွာ အတြဲညီခဲ့တဲ့ ဖာဒီနန္နဲ႔ ဟိန႔္ဇ္တို႔လို အဂၤလန္၊ အာဂ်င္တီနား ေနာက္ခံအတြဲကို ျပန္လည္ျမင္ေတြ႕ရႏိုင္ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္အသင္းရဲ႕ သမိုင္းေၾကာင္းမွာ အာဂ်င္တီးနားကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ေတြဟာ အရမ္းထင္ရွားလာခဲ့တာ မရွိခဲ့တာကိုလည္း ႐ိုမဲ႐ိုးလည္းစဥ္းစားမိမွာေသခ်ာပါတယ္။