Ballon d’Or ဆု အတွက် ကန်တီကို ပေါ့ဂ်ဘာထောက်ခံ

ကမဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ပြီးခဲ့တဲ့ ၁၄နှစ် အတွင်းမှာ မိုဒရစ် တစ်ကြိမ် ဖောက်ထွက်ရခဲ့တာကလွဲရင် စီရော်နယ်ဒိုနဲ့ မက်ဆီပဲ အကောင်းဆုံးပုံစံတွေပြသရင်း သိမ်းပိုက်ထားတာပါ။
အခုအချိန်မှာတော့ သူတို့ ၂ယောက်ဟာ အသက်အရွယ်အရ ဒီဆုကို အများဆုံးထပ်ယူပြနိုင်ရင် ၂ကြိမ်ထက် မပိုတော့ပါဘူး။
နောက်ပေါက်လူငယ်ခြေတက်တွေထဲမှာ အမ်ဘက်ပီနဲ့ ဟာလန်းတို့ကလည်း GOAT ၂ယောက်ရဲ့ နေရာကို ဝင်ယူဖို့ တာစူနေပါပြီ။

၂၀၂၀-၂၁ ဘောလုံးရာသီမှာ မက်ဆီနဲ့စီရော်နယ်ဒိုတို့ ၂ယောက်စလုံးဟာ ပြည်တွင်းဖလား တစ်လုံးစီနဲ့ လိဂ်ပြိုင်ပွဲ ဂိုးသွင်းဘုရင်တွေ ဖြစ်ခဲ့ပြီး သူတို့ရဲ့ ခြေစွမ်းကောင်းကို ဆက်ထိန်းထားနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ် အေင်မြင်မှုရယူထားပြီး မီဒီယာတွေမှာ ထင်ထင်ပေါ်ပေါ် မရှိတဲ့ ကွင်းလယ်ကစားသမား ကန်တီကို ပြင်သစ်လက်ရွေးစင်အသင်းဖော် ပေါ့ဂ်ဘာက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ထောက်ခံအားပေး ခဲ့ပါတယ်။

ပေါ့ဂ်ဘာက ” ကျွန်တော့်အနေနဲ့ တစ်ကမ္ဘာလုံးကို ပြောချင်တာက ကန်တီအခု ပြသနေတဲ့ ခြေစွမ်းဟာ သူအမြဲထိန်းထားနိုင်တဲ့ ခြေစွမ်းပါ။
ချန်ပီယံလိ၈်မှာ ကွာတားဖိုင်နယ်ကစပြီး စီရော်နယ်ဒိုနဲ့ မက်ဆီမပ်နိုင်တော့တဲ့အချိန်မှာ ကန်တီက ကွင်းလယ်ကစားသမားတစ်ယောက်လိုရော နောက်ခံလူတစ်ယောက်လိုရော ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။
အရင်ကတည်းက ပြောခဲ့သလိုပါပဲ။


ချန်ပီယံလိဂ် ချဲလ်ဆီးရသွားရင် ကန်တီအတွက် ဝမ်းသာသလို Ballon d’Or ရသွားရင်လည်း ထိုက်ထိုက်တန်တန် ရတယ်ဆိုတာ သိစေချင်ပါတယ်။
သူကစားပြနိုင်တာတွေကို မအံ့သြပါဘူး။
အံ့သြတာက ဘာလို့ သူအမြဲ အကောင်းဆုံး ကစားပြနိုင်တာလဲ ဆိုတာပါပဲ” လို့ ပြောကြားသွားပါတယ်။

ကန်တီဟာ ယူရိုပြိုင်ပွဲဝင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရပြီး အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို နောက်ကျမှ ရောက်လာခဲ့တဲ့အကြောင်းအရင်းကို

နည်းပြ ဒက်ချမ့်ကို ရှင်းပြခဲ့ရာမှာ အားလုံး မင်သက်သွားပါတယ်။


နာမည်ကြီးဘောလုံးသမားတွေ ကားအကောင်းစားတွေ အပြိုင်အဆိုင်စီးကြတဲ့အချိန်မှာ ကန်တီဟာဈေးမကြီးတဲ့ မီနီကူပါး ကားငယ်လေးသာ စီးနင်းလေ့ရှိသလို အခုလည်း ပြင်သစ်အသင်းလေ့ကျင့်ရေးကွင်းကို ရထားစီးပြီး လာတာမှာ ရထားချိန် နည်းနည်းနောက်ကျသွားခဲ့တာပါ။


နည်းပြ ဒက်ချမ့်က ကန်တီကို နောက်တစ်ခါ ရထားနောက်ကျရင် စောင့်မနေဘဲ ပြေးလာဖို့နဲ့ မင်းက ရထားထက် မြန်တယ်ဆိုပြီး ပြန်ဖောက်လိုက်တာ အားလုံး ပွဲကျသွားခဲ့ပါတယ်။

Zawgyi






