10 စက္ကန့် စီရော်နယ်ဒို

ယမန်နေ့က စပိန်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ စပိန်ပရိသတ်တွေရဲ့ လှောင်ပြောင်တာကို ခံခဲ့ရပါတယ်။

ပရိသတ်တွေဟာ ဒိုလေးကို လှောင်ပြောင်ကြပေမယ့် ဒိုလေးကတော့ သူ့စွမ်းရည်ကောင်းတွေကို အတတ်နိုင်ဆုံး ထုတ်ပြခဲ့ပါတယ်။ ရော်နယ်ဒို ဟာအဲ ဒီပွဲစဉ်ရဲ့ပွဲချိန်(၈၇)မိနစ်အရောက်မှာ ပေါ်တူဂီ အသင်းရဲ့ဂိုးပေါက်ကနေ စပိန်ဂိုးပေါက်ကို (၁၀)စက္ကန့်အတွင်း ပြေးပြသွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီးမှာ ရော်နယ်ဒို ဟာ ပေါ်တူဂီ အသင်း လျင်လျင်မြန်မြန်တိုက်စစ်စတင်ဖို့ ကြိုးစားတဲ့အချိန် အသင်းရဲ့ဂိုးပေါက်ကနေ စပိန်အသင်းဂိုးပေါက်ထဲကို (၁၀)စက္ကန့်တည်း နဲ့ အလျင်အမြန်ပြေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပေါ်တူဂီ အသင်းဖော် ရဲ့ပေးပို့မှုဟာ စပိန်ကစားသမားဆီ ရောက်ရှိသွားခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် မနှေးကွေးဘဲ လျင်မြန်သန်မာဆဲဆိုတာ ပရိသတ်တွေကို လက်တွေ့ ပြသခဲ့တာပါ။ရော်နယ်ဒိုရဲ့ အပြေးစွမ်းရည်ကို ပရိသတ်တွေက လူမှုကွန်ရက်မှာ မျိုးစုံ ချီးကျူးထားကြပါတယ်။

ရော်နယ်ဒိုဟာ စက်ရုပ်ဖြစ်တယ်လို့ ရေးသားသူရှိသလို၊ ပရိသတ်တစ်ဦးကလည်း ရော်နယ်ဒို အဲဒီလိုမျိုးပြေးတာကို ဘယ်တုန်းကမှ မမြင်ဖူးဘူးလို့ရေးသားပါတယ်။

ရော်နယ်ဒို ကို အူစိန်ဘော့နဲ့ နှိုင်းယှဉ်တဲ့ ပရိသတ်လည်း ရှိပါတယ်။ရော်နယ်ဒို အပြေးကောင်းခဲ့ပေမယ့်လည်း မက်ဒရစ်မှာကစားခဲ့တဲ့ အဆိုပါပွဲက ဂိုးမရှိသရေဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒို ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့်လည်း ပေါ်တူဂီအသင်းဟာ ဂိုးပေါက်တည့်မှုတစ်ကြိမ်တည်းသာရှိခဲ့ပါတယ်။

ရော်နယ်‌ဒို ရဲ့ပေါ်တူဂီ အသင်းဟာ ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် အစ္စရေးလ် အသင်းနဲ့ အခုလ(၁၀)ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ယူရိုဖလားယူရေးအိပ်မက် မက်ထားပါတယ်။

Zawgyi10

စကၠန့္ စီေရာ္နယ္ဒို

ယမန္ေန႔က စပိန္နဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုဟာ စပိန္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္တာကို ခံခဲ့ရပါတယ္။ပရိသတ္ေတြဟာ ဒိုေလးကို ေလွာင္ေျပာင္ၾကေပမယ့္ ဒိုေလးကေတာ့ သူ႔စြမ္းရည္ေကာင္းေတြကို အတတ္ႏိုင္ဆုံး ထုတ္ျပခဲ့ပါတယ္။ေရာ္နယ္ဒို ဟာအဲ ဒီပြဲစဥ္ရဲ႕ပြဲခ်ိန္(၈၇)မိနစ္အေရာက္မွာ ေပၚတူဂီ အသင္းရဲ႕ဂိုးေပါက္ကေန စပိန္ဂိုးေပါက္ကို (၁၀)စကၠန႔္အတြင္း ေျပးျပသြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီးမွာ ေရာ္နယ္ဒို ဟာ ေပၚတူဂီ အသင္း လ်င္လ်င္ျမန္ျမန္တိုက္စစ္စတင္ဖို႔ ႀကိဳးစားတဲ့အခ်ိန္ အသင္းရဲ႕ဂိုးေပါက္ကေန စပိန္အသင္းဂိုးေပါက္ထဲကို (၁၀)စကၠန႔္တည္း နဲ႔ အလ်င္အျမန္ေျပးခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ေပၚတူဂီ အသင္းေဖာ္ ရဲ႕ေပးပို႔မႈဟာ စပိန္ကစားသမားဆီ ေရာက္ရွိသြားခဲ့တာေၾကာင့္ နစ္နာခဲ့ရပါတယ္။

ေရာ္နယ္ဒိုဟာ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ မေႏွးေကြးဘဲ လ်င္ျမန္သန္မာဆဲဆိုတာ ပရိသတ္ေတြကို လက္ေတြ႕ ျပသခဲ့တာပါ။ေရာ္နယ္ဒိုရဲ႕ အေျပးစြမ္းရည္ကို ပရိသတ္ေတြက လူမႈကြန္ရက္မွာ မ်ိဳးစုံ ခ်ီးက်ဴးထားၾကပါတယ္။ေရာ္နယ္ဒိုဟာ စက္႐ုပ္ျဖစ္တယ္လို႔ ေရးသားသူရွိသလို၊ ပရိသတ္တစ္ဦးကလည္း ေရာ္နယ္ဒို အဲဒီလိုမ်ိဳးေျပးတာကို ဘယ္တုန္းကမွ မျမင္ဖူးဘူးလို႔ေရးသားပါတယ္။

ေရာ္နယ္ဒို ကို အူစိန္ေဘာ့နဲ႔ ႏႈိင္းယွဥ္တဲ့ ပရိသတ္လည္း ရွိပါတယ္။ေရာ္နယ္ဒို အေျပးေကာင္းခဲ့ေပမယ့္လည္း မက္ဒရစ္မွာကစားခဲ့တဲ့ အဆိုပါပြဲက ဂိုးမရွိသေရျဖစ္ခဲ့ပါတယ္။ေရာ္နယ္ဒို ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ေပမယ့္လည္း ေပၚတူဂီအသင္းဟာ ဂိုးေပါက္တည့္မႈတစ္ႀကိမ္တည္းသာရွိခဲ့ပါတယ္။

ေရာ္နယ္‌ဒို ရဲ႕ေပၚတူဂီ အသင္းဟာ ယူ႐ိုၿပိဳင္ပြဲမတိုင္ခင္ ေနာက္ဆုံးေျခစမ္းပြဲအျဖစ္ အစၥေရးလ္ အသင္းနဲ႔ အခုလ(၁၀)ရက္ေန႔မွာ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ေရာ္နယ္ဒိုကေတာ့ ယူ႐ိုဖလားယူေရးအိပ္မက္ မက္ထားပါတယ္။