အိုင်ဗရီကို့စ်အတွက် နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့်

အာမက် ဒီယာလိုဟာ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းနဲ့ ဒုတိယမြောက်ပွဲစဉ်မှာ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာသွင်းဂိုးကို ဖရီးကစ်ကနေ လှလှပပ သွင်းယူပေးခဲ့ပါတယ်။

ဒီယာလိုဟာ အတ္တလန္တာအသင်းကြီးနဲ့အတူ စီနီယာပွဲစဉ် ( ၅ ) ပွဲသာ ကစားခွင့်ရခဲ့ပေမယ့် ဇန်နဝါရီလမှ‌ာတော့ ပြောင်းရွေ့ကြေး ပေါင် ( ၃၇ ) သန်းနဲ့ မန်ချက်စတာယူနိုက်တက်ထံ ပြောင်းရွေ့နိုင်ခဲ့ပါတယ်။

အိုလေ ဂန်းနား ဆိုးရှားရဲ့ လက်အောက်မှာ ပွဲစဉ်အနည်းငယ်သာ ကစားခွင့်ရထားပေမယ့် ပရိသတ်တွေက ဆယ်ကျော်ကစားသမားရဲ့ ခြေစွမ်းအပေါ် စိတ်လှုပ်ရှားလျက်ရှိကြပြီး ယူနိုက်တက် အသင်းဖော်တွေကတောင် ချီးကျူးပြောဆိုခဲ့ကြပါတယ်။

အိုင်ဗရီကို့စ် မန်နေဂျာ Patrice Beaumelle က ပြီးခဲ့တဲ့ မတ်လမှာ ဒီယာလိုကို ပထမဆုံးအကြိမ်အဖြစ် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ညမှာတော့ ဒုတိယအကြိမ်အဖြစ် ဘူကီးနာဖာဆိုအသင်းနဲ့ ပွဲစဉ်အတွင်း လူစားဝင်ကစားသမားအနေနဲ့ ပါဝင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ ဖရီးကစ်ကနေ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဘူကီးနားဖာဆိုက ပွဲကစားချိန် ( ၁၆ ) မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အာမက်က ( ၁ – ၀ ) ရှုံးနိမ့်နေချိန် မိနစ် ( ၆၀ ) ဝန်းကျင်မှာ လူစားဝင် ကစားခွင့်ရခဲ့ပါတယ်။

ပွဲကစားချိန် ( ၇၂ ) မိနစ်မှာ ကွင်းလယ်ကစားသမား Ibrahim Sangare က ( ၁-၁ ) ဖြစ်စေမယ့် ချေပဂိုးသွင်းယူပေးခဲ့ပြီး ဒီယာလိုက နောက်ကျသွင်းဂိုးနဲ့ နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။

အိုင်ဗရီကို့စ်အသင်းဟာ နောက်ထပ်ပွဲစဉ်အဖြစ် လာမယ့်အပတ် စနေနေ့မှာ ဂါနာအသင်းနဲ့ ကစားရဖို့ရှိပါတယ်။

Zawgyi

အိုင္ဗရီကို႔စ္အတြက္ ေနာက္ဆုံးမိနစ္မွာ အႏိုင္ဂိုးသြင္းယူေပးခဲ့တဲ့ ယူႏိုက္တက္ၾကယ္ပြင့္

အာမက္ ဒီယာလိုဟာ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္အသင္းနဲ႔ ဒုတိယေျမာက္ပြဲစဥ္မွာ သူ႔ရဲ႕ ပထမဆုံး ႏိုင္ငံတကာသြင္းဂိုးကို ဖရီးကစ္ကေန လွလွပပ သြင္းယူေပးခဲ့ပါတယ္။

ဒီယာလိုဟာ အတၱလႏၲာအသင္းႀကီးနဲ႔အတူ စီနီယာပြဲစဥ္ ( ၅ ) ပြဲသာ ကစားခြင့္ရခဲ့ေပမယ့္ ဇန္နဝါရီလမွ‌ာေတာ့ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ( ၃၇ ) သန္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္ထံ ေျပာင္းေ႐ြ႕ႏိုင္ခဲ့ပါတယ္။

အိုေလ ဂန္းနား ဆိုးရွားရဲ႕ လက္ေအာက္မွာ ပြဲစဥ္အနည္းငယ္သာ ကစားခြင့္ရထားေပမယ့္ ပရိသတ္ေတြက ဆယ္ေက်ာ္ကစားသမားရဲ႕ ေျခစြမ္းအေပၚ စိတ္လႈပ္ရွားလ်က္ရွိၾကၿပီး ယူႏိုက္တက္ အသင္းေဖာ္ေတြကေတာင္ ခ်ီးက်ဴးေျပာဆိုခဲ့ၾကပါတယ္။

အိုင္ဗရီကို႔စ္ မန္ေနဂ်ာ Patrice Beaumelle က ၿပီးခဲ့တဲ့ မတ္လမွာ ဒီယာလိုကို ပထမဆုံးအႀကိမ္အျဖစ္ လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔ညမွာေတာ့ ဒုတိယအႀကိမ္အျဖစ္ ဘူကီးနာဖာဆိုအသင္းနဲ႔ ပြဲစဥ္အတြင္း လူစားဝင္ကစားသမားအေနနဲ႔ ပါဝင္ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာ ဖရီးကစ္ကေန အႏိုင္ဂိုးသြင္းယူေပးခဲ့ပါတယ္။

ဘူကီးနားဖာဆိုက ပြဲကစားခ်ိန္ ( ၁၆ ) မိနစ္မွာ ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး အာမက္က ( ၁ – ၀ ) ရႈံးနိမ့္ေနခ်ိန္ မိနစ္ ( ၆၀ ) ဝန္းက်င္မွာ လူစားဝင္ ကစားခြင့္ရခဲ့ပါတယ္။

ပြဲကစားခ်ိန္ ( ၇၂ ) မိနစ္မွာ ကြင္းလယ္ကစားသမား Ibrahim Sangare က ( ၁-၁ ) ျဖစ္ေစမယ့္ ေခ်ပဂိုးသြင္းယူေပးခဲ့ၿပီး ဒီယာလိုက ေနာက္က်သြင္းဂိုးနဲ႔ ႏိုင္ပြဲရယူေပးႏိုင္ခဲ့ပါတယ္။

အိုင္ဗရီကို႔စ္အသင္းဟာ ေနာက္ထပ္ပြဲစဥ္အျဖစ္ လာမယ့္အပတ္ စေနေန႔မွာ ဂါနာအသင္းနဲ႔ ကစားရဖို႔ရွိပါတယ္။