ယူနိုက်တက်အသင်းရဲ့ ဂိုးသမား တစ်ဦးဖြစ်တဲ့ ရိုမီယိုကတော့ ဒီဂီယာအပေါ်မှာ ပြိုင်ဘက်လို့ သတ်မှတ်သဘောမထား

ဘောလုံးလောကမှာ ပြိုင်ဘက်ဆိုတာ တဖက်အသင်းသားကိုတင် ပြောတာမဟုတ်ဘဲ အသင်းဖော် အချင်းချင်းအကြားမှာလည်း ရှိတတ်ပါတယ်။ နည်းပြရဲ့ စိတ်ကြိုက်ကစားသမားဖြစ်နေပြီး
ပွဲထွက်လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားနဲ့ အရန်ထိုင်ခုံမှာ ထိုင်နေရတဲ့ ဒုတိယဦးစားပေး ကစားသမားတို့က အသင်းဖော် တဖြစ်လဲ ပြိုင်ဘက်တွေပါပဲ။ ယူနိုက်တက်အသင်းရဲ့
ဂိုးသမား တစ်ဦးဖြစ်တဲ့ ရိုမီယိုကတော့ ဒီဂီယာအပေါ်မှာ ပြိုင်ဘက်လို့ သတ်မှတ်သဘောမထားတာ သေချာပါတယ်။

ရိုမီယိုဟာ ဒီဂီယာရဲ့ နောက်မှာ ဒုတိယဦးစားပေး ဂိုးသမားအဖြစ်ပဲ ကျေကျေနပ်နပ် နေခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လို့ ရိုမီယိုကို တိုးတက်လိုစိတ်မရှိတဲ့သူလို့ သွားပြောလို့ မရပါဘူး။
ရိုမီယိုဟာ သူ့ရဲ့ စွမ်းရည်ကို အမြဲတမ်းတိုးတက် ကောင်းမွန်နေအောင် အသင့်အမြဲပြင်ထားတာပါ။ ဒီဂီယာနေရာဝင်ဖို့ အမြဲ အဆင်သင့် Ready ရှိနေခဲ့အတယ်ဆိုတာ နည်းပြမော်ရင်ဟို
လက်ထက်တုန်းက သူ့ကို ယူရိုပါလိဂ်နဲ့ လိဂ်ဖလား ပြိုင်ပွဲ ၂ခုမှာ ပွဲထွက် ဂိုးသမားအနေနဲ့ အသုံးပြုခဲ့တဲ့အချိန်မှာ ပြိုင်ပွဲ ၂ခုစလုံးမှာ လက်စွမ်းပြပြီး ဆုဖလား ရရှိခဲ့တာပါ။

ဒါဆိုရင် သူဘာကြောင့် နံပါတ် ၁ဂိုးသမားနေရာမယူလဲ မေးစရာရှိလာပါပြီ။ အဖြေကတော့ ယူနိုက်တက်ကို သူချစ်လွန်းလို့ပါ။ သူ့ရဲ့ လက်စွမ်းအပေါ် သူကိုယ်တိုင် အပြည့်အ၀ ယုံကြည်ပေမယ့်
သူ့ကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲတွေအပါအဝင် ပထမဦးစားပေးနေရာအတွက် နည်းပြတွေရဲ့ မယုံကြည်တဲ့ စိတ်ကြောင့် သူသာ အတိုက်အခံသွားလုပ်လိုက်ရင် အသင်းက ရောင်းထုတ်ခံရမှာစိုးပြီး အခွင့်အရေးရတဲ့ ပွဲတိုင်းမှာ လက်စွမ်းပြနိုင်ဖို့သာ အမြဲအသင့်ပြင်ထားခဲ့တာပါ။

ရိုမီယိုအနေနဲ့ ယူနိုက်တက်ကို ဘယ်လောက်ချစ်သလဲဆိုရင် ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက အရန်ခုံမှာ ထိုင်နေမယ့်အစား ဒီမှာ ဂိုးလာဖမ်းပါဆိုပြီး ဗီလာအသင်းက လစာပိုပေးသလို ပွဲထွက်ခွင့် အာမခံချက်နဲ့ ကမ်းလှမ်းခဲ့တာကို မသွားခဲ့ပါဘူး။ ဗီလာက သူ့ကို ခေါ်မရလို့ အာဆင်နယ်နဲ့ မနှစ်က အက်ဖ်အေဖလားရခဲ့တဲ့ မာတီနက်ဇ်ကို ခေါ်ယူခဲ့လိုက်တာပါ။ ဒီလိုမျိုး အသင်းအပေါ် ခင်တွယ်ပြီး
လက်စွမ်းလည်း မနိမ့်တဲ့ ရိုမီယိုကို ယူနိုက်တက်အသင်းဖက်က ပြန်ဆက်ဆံတဲ့ ပုံစံကတော့ လုံးဝလေးစားမှုမရှိပါဘူး။

ရာသီအစမှာ ဟန်ဒါဆန်ကို ပြန်ခေါ်ပြီး ရိုမီယိုကို တတိယဂိုးသမားနေရာတောင် မဟုတ်ဘဲ လီဂရန့်ရဲ့အနောက် နံပါတ် ၄ ဂိုးသမားနေရာအထိ ပို့လိုက်ပါတယ်။ ဆိုးလ်ရှား ပစားပေးလို့ အသင်းကို
ပြန်ရောက်လာကတည်းက ဒီဂီယာကို ပခုံးချင်းယှဉ်တဲ့ ဟန်ဒါဆန်နဲ့ ရိုမီယိုရဲ့ အနေအထားနဲ့ စိတ်ဓါတ်က ကွားခြားပါတယ်။ ဆိုးလ်ရှားကိုယ်တိုင်က အသင်းမှာ အကောင်းဆုံးဂိုးသမား ၂ဦးရှိပါတယ်ဆိုပြီး

ပြောကြားခဲ့တာကို ကြည့်ရင် ဟန်ဒါဆန်ကို ဒီဂီယာနဲ့ တတန်းတည်း ထားလိုက်တယ်ဆိုတာ ပေါ်လွင်ပါတယ်။

ဒီဂီယာလို နည်းပြကြီးဖာဂူဆန် လက်ထက်ကတည်းက ရောက်ရှိနေပြီး ဆုဖလားတွေရော လက်စွမ်းပါ ကမ္ဘာ့အဆင့် ပြသထားတဲ့ ဂိုးသမားနဲ့ ရှက်ဖီးလ်ယူနိုက်တက်လို တန်းဆင်းသွားရတဲ့ အသင်းမှာ

အငှားသွားကစားပြီး ပြန်လာတဲ့ ဟန်ဒါဆန်ကို တန်းညှိလိုက်တာကိုကြည့်ရင် ရိုမီယိုလို အနေအေး စကားနည်းပြီး အလုပ်နဲ့ပဲ သက်သေပြတတ်တဲ့လူမျိုးကို ချောင်ထိုးလိုက်တာ သိပ်တော့ မဆန်းပါဘူး။
အခုတော့ ရိုမီယိုဟာ သူ့ရဲ့ ဇနီးဖြစ်သူပြောသလို လေးစားမှုမရှိတဲ့ အသင်းကို နှလုံးသားထဲက ချစ်တဲ့စိတ်တွေ လွှတ်ချပြီး စွန့်ခွာသွားတော့မှာပါ။ ယူနိုက်တက်အသင်းသားတွေ အကြားမှာလည်း အသင်းဖက်က
ရိုမီယိုအပေါ် ထိုက်သင့်တဲ့ လေးစားမှှု Respect မပေးဘူးဆိုတာ အားလုံးက သိနေကြပြီး စိတ်မကောင်းဖြစ်နေကြတာပါ။

ဂိုးသမားချင်း ရင်ဘတ်ချင်းတူတဲ့ ဒီဂီယာက ရိုမီယိုအတွက် နှုတ်ဆက်စကားမှာ “ကံကောင်းပါစေ ရိုမီယို။ မင်းအောင်မြင်ဖို့ ဆုတောင်းပေးပါတယ် သူငယ်ချင်း။ စိန်ခေါ်မှုအသစ်တွေမှာ မင်းနဲ့ ထိုက်တန်တဲ့
အကောင်းဆုံး ဆက်ဆံမှုတွေ ရပါစေ” လို့ပြောကြားခဲ့တာပါ။

zawgyi

ယူႏိုက္တက္အသင္းရဲ႕ ဂိုးသမား တစ္ဦးျဖစ္တဲ႔ ရိုမီယိုကေတာ႔ ဒီဂီယာအေပၚမွာ ျပိုင္ဘက္လို႔ သတ္မွတ္သေဘာမထား

ေဘာလံုးေလာကမွာ ျပိဳင္ဘက္ဆိုတာ တဖက္အသင္းသားကိုတင္ ေျပာတာမဟုတ္ဘဲ အသင္းေဖာ္ အခ်င္းခ်င္းအၾကားမွာလည္း ရွိတတ္ပါတယ္။ နည္းျပရဲ႔ စိတ္ၾကိဳက္ကစားသမားျဖစ္ေနျပီး
ပြဲထြက္လူစာရင္းမွာ ပံုမွန္ပြဲထြက္ခြင္႔ရတဲ႔ ကစားသမားနဲ႔ အရန္ထိုင္ခံုမွာ ထိုင္ေနရတဲ႔ ဒုတိယဦးစားေပး ကစားသမားတို႔က အသင္းေဖာ္ တျဖစ္လဲ ျပိဳင္ဘက္ေတြပါပဲ။ ယူႏိုက္တက္အသင္းရဲ႕

ဂိုးသမား တစ္ဦးျဖစ္တဲ႔ ရိုမီယိုကေတာ႔ ဒီဂီယာအေပၚမွာ ျပိုင္ဘက္လို႔ သတ္မွတ္သေဘာမထားတာ ေသခ်ာပါတယ္။

ရိုမီယိုဟာ ဒီဂီယာရဲ႔ ေနာက္မွာ ဒုတိယဦးစားေပး ဂိုးသမားအျဖစ္ပဲ ေက်ေက်နပ္နပ္ ေနခဲ႔တာလည္း ျဖစ္ပါတယ္။ ဒီလိုျဖစ္လို႔ ရိုမီယိုကို တိုးတက္လိုစိတ္မရွိတဲ႔သူလို႔ သြားေျပာလို႔ မရပါဘူး။

ရိုမီယိုဟာ သူ႔ရဲ႔ စြမ္းရည္ကို အျမဲတမ္းတိုးတက္ ေကာင္းမြန္ေနေအာင္ အသင္႔အျမဲျပင္ထားတာပါ။ ဒီဂီယာေနရာ၀င္ဖို႔ အျမဲ အဆင္သင္႔ Ready ရွိေနခဲ႔အတယ္ဆိုတာ နည္းျပေမာ္ရင္ဟို

လက္ထက္တုန္းက သူ႔ကို ယူရိုပါလိဂ္နဲ႔ လိဂ္ဖလား ျပိဳင္ပြဲ ၂ခုမွာ ပြဲထြက္ ဂိုးသမားအေနနဲ႔ အသံုးျပဳခဲ႔တဲ႔အခ်ိန္မွာ ျပိဳင္ပြဲ ၂ခုစလံုးမွာ လက္စြမ္းျပျပီး ဆုဖလား ရရွိခဲ႔တာပါ။

ဒါဆိုရင္ သူဘာေၾကာင္႔ နံပါတ္ ၁ဂိုးသမားေနရာမယူလဲ ေမးစရာရွိလာပါျပီ။ အေျဖကေတာ႔ ယူႏိုက္တက္ကို သူခ်စ္လြန္းလို႔ပါ။ သူ႔ရဲ႕ လက္စြမ္းအေပၚ သူကိုယ္တိုင္ အျပည္႔အ၀ ယံုၾကည္ေပမယ္႔
သူ႔ကို ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္လို ျပိဳင္ပြဲေတြအပါအ၀င္ ပထမဦးစားေပးေနရာအတြက္ နည္းျပေတြရဲ႔ မယံုၾကည္တဲ႔ စိတ္ေၾကာင္႔ သူသာ အတိုက္အခံသြားလုပ္လိုက္ရင္ အသင္းက ေရာင္းထုတ္ခံရမွာစိုးျပီး အခြင္႔အေရးရတဲ႔ ပြဲတိုင္းမွာ လက္စြမ္းျပႏိုင္ဖို႔သာ အျမဲအသင္႔ျပင္ထားခဲ႔တာပါ။

ရိုမီယိုအေနနဲ႔ ယူႏိုက္တက္ကို ဘယ္ေလာက္ခ်စ္သလဲဆိုရင္ ၂၀၁၉-၂၀ ေဘာလံုးရာသီတုန္းက အရန္ခံုမွာ ထိုင္ေနမယ္႔အစား ဒီမွာ ဂိုးလာဖမ္းပါဆိုျပီး ဗီလာအသင္းက လစာပိုေပးသလို ပြဲထြက္ခြင္႔
အာမခံခ်က္နဲ႔ ကမ္းလွမ္းခဲ႔တာကို မသြားခဲ႔ပါဘူး။ ဗီလာက သူ႔ကို ေခၚမရလို႔ အာဆင္နယ္နဲ႔ မႏွစ္က အက္ဖ္ေအဖလားရခဲ႔တဲ႔ မာတီနက္ဇ္ကို ေခၚယူခဲ႔လိုက္တာပါ။ ဒီလိုမ်ိဳး အသင္းအေပၚ ခင္တြယ္ျပီး
လက္စြမ္းလည္း မနိမ္႔တဲ႔ ရိုမီယိုကို ယူႏိုက္တက္အသင္းဖက္က ျပန္ဆက္ဆံတဲ႔ ပံုစံကေတာ႔ လံုး၀ေလးစားမႈမရွိပါဘူး။

ရာသီအစမွာ ဟန္ဒါဆန္ကို ျပန္ေခၚျပီး ရိုမီယိုကို တတိယဂိုးသမားေနရာေတာင္ မဟုတ္ဘဲ လီဂရန္႔ရဲ႔အေနာက္ နံပါတ္ ၄ ဂိုးသမားေနရာအထိ ပို႔လိုက္ပါတယ္။ ဆိုးလ္ရွား ပစားေပးလို႔ အသင္းကို

ျပန္ေရာက္လာကတည္းက ဒီဂီယာကို ပခံုးခ်င္းယွဥ္တဲ႔ ဟန္ဒါဆန္နဲ႔ ရိုမီယိုရဲ႕ အေနအထားနဲ႔ စိတ္ဓါတ္က ကြားျခားပါတယ္။ ဆိုးလ္ရွားကိုယ္တိုင္က အသင္းမွာ အေကာင္းဆံုးဂိုးသမား ၂ဦးရွိပါတယ္ဆိုျပီး
ေျပာၾကားခဲ႔တာကို ၾကည္႔ရင္ ဟန္ဒါဆန္ကို ဒီဂီယာနဲ႔ တတန္းတည္း ထားလိုက္တယ္ဆိုတာ ေပၚလြင္ပါတယ္။

ဒီဂီယာလို နည္းျပၾကီးဖာဂူဆန္ လက္ထက္ကတည္းက ေရာက္ရွိေနျပီး ဆုဖလားေတြေရာ လက္စြမ္းပါ ကမၻာ႔အဆင္႔ ျပသထားတဲ႔ ဂိုးသမားနဲ႔ ရွက္ဖီးလ္ယူႏိုက္တက္လို တန္းဆင္းသြားရတဲ႔ အသင္းမွာ
အငွားသြားကစားျပီး ျပန္လာတဲ႔ ဟန္ဒါဆန္ကို တန္းညွိလိုက္တာကိုၾကည္႔ရင္ ရိုမီယိုလို အေနေအး စကားနည္းျပီး အလုပ္နဲ႔ပဲ သက္ေသျပတတ္တဲ႔လူမ်ိဳးကို ေခ်ာင္ထိုးလိုက္တာ သိပ္ေတာ႔ မဆန္းပါဘူး။

အခုေတာ႔ ရိုမီယိုဟာ သူ႔ရဲ႔ ဇနီးျဖစ္သူေျပာသလို ေလးစားမႈမရွိတဲ႔ အသင္းကို ႏွလံုးသားထဲက ခ်စ္တဲ႔စိတ္ေတြ လႊတ္ခ်ျပီး စြန္႔ခြာသြားေတာ႔မွာပါ။ ယူႏိုက္တက္အသင္းသားေတြ အၾကားမွာလည္း အသင္းဖက္က
ရိုမီယိုအေပၚ ထိုက္သင္႔တဲ႔ ေလးစားမွႈ Respect မေပးဘူးဆိုတာ အားလံုးက သိေနၾကျပီး စိတ္မေကာင္းျဖစ္ေနၾကတာပါ။

ဂိုးသမားခ်င္း ရင္ဘတ္ခ်င္းတူတဲ႔ ဒီဂီယာက ရိုမီယိုအတြက္ ႏႈတ္ဆက္စကားမွာ “ကံေကာင္းပါေစ ရိုမီယို။ မင္းေအာင္ျမင္ဖို႔ ဆုေတာင္းေပးပါတယ္ သူငယ္ခ်င္း။ စိန္ေခၚမႈအသစ္ေတြမွာ မင္းနဲ႔ ထိုက္တန္တဲ႔
အေကာင္းဆံုး ဆက္ဆံမႈေတြ ရပါေစ” လို႔ေျပာၾကားခဲ႔တာပါ။