ဒဏ်ရာပြဿနာက ရပ်ရှ်ဖို့ဒ်ကို စိုးရိမ်စေမလား

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့အဓိက တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူရိုပြိုင်ပွဲအပြီး သူ့ဒဏ်ရာတွေ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်လို့ အသင်းရဲ့ ရာသီအစပိုင်းပွဲတွေမှာ ရပ်ရှ်ဖို့ဒ် မပါဝင်နိုင်မှာကို စိုးရိမ်နေပါပြီ။

ရပ်ရှ်ဖို့ဒ်ဟာ ခြေထောက်နဲ့ ပခုံးမှာဒဏ်ရာပြဿနာတွေရှိလျက်နဲ့ ၂၀၂၀-၂၁ ရာသီတစ်လျှောက်လုံးနီးပါး ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး အခုလည်း အင်္ဂလန်အသင်းနဲ့အတူ
ယူရို-၂၀၂၀ ပြိုင်ပွဲဆင်နွဲှချင်တာကြောင့် ဒဏ်ရာခွဲစိတ်ကုသမယ့် အစီအစဉ်ကို ယူရိုပြိုင်ပွဲအပြီးအထိရွှေ့ဆိုင်းခဲ့ပါတယ်။

ယူရိုပြိုင်ပွဲအပြီးကျရင်တော့ ရပ်ရှ်ဖို့ဒ်ဟာ သူ့ဒဏ်ရာတွေထဲကတစ်ခုကို မဖြစ်မနေ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပြီး ခြေထောက်ဒဏ်ရာကို ခွဲစိတ်ကုသဖို့က ရာခိုင်နှုန်းပိုများပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံမှာ ပွဲပေါင်း(၆၀)ကျော်ယှဉ်ပြိုင်ခဲ့ရပြီး ရပ်ရှ်ဖို့ဒ်က အသင်းအတွက် (၅၇)ပွဲအထိပါဝင်ကစားခဲ့သလို အခု အင်္ဂလန်အသင်းနဲ့လည်း ယူရိုပြိုင်ပွဲ ဆက်လက်ဆင်နွှဲရပါဦးမယ်။

အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် သူ့ရဲ့ပထမဆုံးနိုင်ငံတကာပြိုင်ပွဲကြီးအဖြစ် ပါဝင်ကစားခွင့်ရခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း

လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး အခု ယူရို-၂၀၂၀ပြိုင်ပွဲက ရပ်ရှ်ဖို့ဒ်အတွက် အင်္ဂလန်အသင်းကစားသမားဘ၀ (၃)ကြိမ်မြောက်ဆင်နွှဲခွင့်ရခဲ့တဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ယူရို-၂၀၁၆ မှာ ရှုံးထွက်(၁၆)သင်းအဆင့်၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် လာမယ့်ယူရို-၂၀၂၀ပြိုင်ပွဲမှာ

အင်္ဂလန်အသင်းအတွက် အောင်မြင်မှုရယူပေးဖို့ဆန္ဒရှိနေတဲ့အတွက် ဒဏ်ရာခွဲစိတ်ကုသမှုခံယူဖို့ကို ရွှေ့ဆိုင်းခဲ့တာပါ။

အင်္ဂလန်အသင်းဟာ လာမယ့်ဇွန်လ(၁၃)ရက်ကျရင် ယူရိုအုပ်စုအဖွင့်ပွဲအဖြစ် ခရိုအေးရှားနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး

တကယ်လို့ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ဇူလိုင်(၁၁)ရက်အထိ အကြိတ်အနယ်ကစားရမှာဖြစ်ပါတယ်။

လာမယ့် ၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီက သြဂုတ်လ(၁၄)ရက်မှာ စတင်မှာဖြစ်တာကြောင့် ရပ်ရှ်ဖို့ဒ်သာ ယူရိုပြိုင်ပွဲအပြီး
ဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့မယ်ဆိုရင် ကြားထဲမှာအနားယူရမယ့်ရက်က

သိပ်အများကြီးမရှိတဲ့အတွက် ရာသီအစပွဲတွေနဲ့ ရပ်ရှ်ဖို့ဒ် လွဲချော်မှာကို ယူနိုက်တက်အသင်းက စိုးရိမ်နေတာလည်းဖြစ်ပါတယ်။

Zawgyi

ဒဏ္ရာျပႆနာက ရပ္ရွ္ဖို႔ဒ္ကို စိုးရိမ္ေစမလား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕အဓိက တိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ယူ႐ိုၿပိဳင္ပြဲအၿပီး သူ႔ဒဏ္ရာေတြ ခြဲစိတ္ကုသမႈခံယူရမွာျဖစ္လို႔ အသင္းရဲ႕ ရာသီအစပိုင္းပြဲေတြမွာ ရပ္ရွ္ဖို႔ဒ္ မပါဝင္ႏိုင္မွာကို စိုးရိမ္ေနပါၿပီ။

ရပ္ရွ္ဖို႔ဒ္ဟာ ေျခေထာက္နဲ႔ ပခုံးမွာဒဏ္ရာျပႆနာေတြရွိလ်က္နဲ႔ ၂၀၂၀-၂၁ ရာသီတစ္ေလွ်ာက္လုံးနီးပါး ယူႏိုက္တက္အသင္းအတြက္ ပါဝင္ကစားခဲ့ၿပီး အခုလည္း အဂၤလန္အသင္းနဲ႔အတူ
ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဆင္ႏြဲွခ်င္တာေၾကာင့္ ဒဏ္ရာခြဲစိတ္ကုသမယ့္ အစီအစဥ္ကို ယူ႐ိုၿပိဳင္ပြဲအၿပီးအထိေ႐ႊ႕ဆိုင္းခဲ့ပါတယ္။

ယူ႐ိုၿပိဳင္ပြဲအၿပီးက်ရင္ေတာ့ ရပ္ရွ္ဖို႔ဒ္ဟာ သူ႔ဒဏ္ရာေတြထဲကတစ္ခုကို မျဖစ္မေန ခြဲစိတ္ကုသမႈခံယူရမွာျဖစ္ၿပီး ေျခေထာက္ဒဏ္ရာကို ခြဲစိတ္ကုသဖို႔က ရာခိုင္ႏႈန္းပိုမ်ားပါတယ္။

ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံမွာ ပြဲေပါင္း(၆၀)ေက်ာ္ယွဥ္ၿပိဳင္ခဲ့ရၿပီး ရပ္ရွ္ဖို႔ဒ္က အသင္းအတြက္ (၅၇)ပြဲအထိပါဝင္ကစားခဲ့သလို အခု အဂၤလန္အသင္းနဲ႔လည္း ယူ႐ိုၿပိဳင္ပြဲ ဆက္လက္ဆင္ႏႊဲရပါဦးမယ္။

အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ သူ႔ရဲ႕ပထမဆုံးႏိုင္ငံတကာၿပိဳင္ပြဲႀကီးအျဖစ္ ပါဝင္ကစားခြင့္ရခဲ့သလို ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း
လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရၿပီး အခု ယူ႐ို-၂၀၂၀ၿပိဳင္ပြဲက ရပ္ရွ္ဖို႔ဒ္အတြက္ အဂၤလန္အသင္းကစားသမားဘ၀ (၃)ႀကိမ္ေျမာက္ဆင္ႏႊဲခြင့္ရခဲ့တဲ့ အဓိကႏိုင္ငံတကာၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာ ယူ႐ို-၂၀၁၆ မွာ ရႈံးထြက္(၁၆)သင္းအဆင့္၊ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ဆီမီးဖိုင္နယ္အဆင့္ေတြနဲ႔သာ ေက်နပ္ခဲ့ရတာေၾကာင့္ လာမယ့္ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ
အဂၤလန္အသင္းအတြက္ ေအာင္ျမင္မႈရယူေပးဖို႔ဆႏၵရွိေနတဲ့အတြက္ ဒဏ္ရာခြဲစိတ္ကုသမႈခံယူဖို႔ကို ေ႐ႊ႕ဆိုင္းခဲ့တာပါ။

အဂၤလန္အသင္းဟာ လာမယ့္ဇြန္လ(၁၃)ရက္က်ရင္ ယူ႐ိုအုပ္စုအဖြင့္ပြဲအျဖစ္ ခ႐ိုေအးရွားနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး တကယ္လို႔ အုပ္စုအဆင့္ကေန ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ ဇူလိုင္(၁၁)ရက္အထိ အႀကိတ္အနယ္ကစားရမွာျဖစ္ပါတယ္။

လာမယ့္ ၂၀၂၁-၂၂ ပရီးမီးယားလိဂ္ရာသီက ၾသဂုတ္လ(၁၄)ရက္မွာ စတင္မွာျဖစ္တာေၾကာင့္ ရပ္ရွ္ဖို႔ဒ္သာ ယူ႐ိုၿပိဳင္ပြဲအၿပီး
ဒဏ္ရာခြဲစိတ္ကုသမႈခံယူခဲ့မယ္ဆိုရင္ ၾကားထဲမွာအနားယူရမယ့္ရက္က သိပ္အမ်ားႀကီးမရွိတဲ့အတြက္ ရာသီအစပြဲေတြနဲ႔ ရပ္ရွ္ဖို႔ဒ္ လြဲေခ်ာ္မွာကို ယူႏိုက္တက္အသင္းက စိုးရိမ္ေနတာလည္းျဖစ္ပါတယ္။