တစ်မြိုလုံး ထွက်ကြိုခဲ့ကြတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ အိမ်အပြန်ခရီး

ချဲလ်ဆီးကို စရောက်တဲ့ ပထမဆုံးဘောလုံးရာသီမှာပဲ ချန်ပီယံလိ၈်ဖလား ရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ ဂိုးသမားမန်ဒီတစ်ယာက် အမိမြေ ဆီနီဂေါ အိမ်အပြန်ခရီးမှာ သူရဲကောင်းတစ်ယောက်လို ကြိုဆိုခံခဲ့ရပါတယ်။

မန်ဒီဟာ လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ဆီနီဂေါကို ပြန်လာခဲ့တာပါ။
သူပြန်ရောက်လာတဲ့ အချိန်မှာတော့ တစ်မြို့လုံးနီးပါးက လမ်းမပေါ်ထွက် ကြိုဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မန်ဒီကို ပြင်သစ်လီဂူးကလပ် ရန်းနက်စ်ကနေ ပေါင် ၂၂ သန်းနဲ့ ချဲလ်ဆီးက ခေါ်ယူခဲ့တာဖြစ်ပြီး
ချဲလ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ကြီးမားတဲ့အောင်မြင်မှုကို ရယူနိုင်ခဲ့ကာ စပိန်ဂိုးသမား ကီပါကိုကျော်ပြီး ပထမဂိုးသမားနေရာကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိပွဲ Clean Sheet ၁၆ ပွဲအထိ ရယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်မှာလည်း ပေးဂိုးမရှိ ၉ ပွဲအထိ ပိုင်ဆိုင်ခဲ့ပြီး စံချိန်သစ်တွေ တင်နိုင်ခဲ့တာပါ။

ကလေးငယ်တွေ၊ လူငယ်တွေဟာ မန်ဒီရဲ့ ကားသွားရာနောက်ကို ပြေးလွှားလိုက်ပါကာ အော်ဟစ်အားပေးပြီး လက်ဝှေ့ယမ်းပြနှုတ်ဆက်ခဲ့ကြပါတယ်။

မန်ဒီရဲ့ နာမည်ကိုလည်း အော်ဟစ်ခေါ်ဆိုခဲ့ပြီး မန်ဒီကလည်း ကားပေါ်ကနေ လက်ပြနှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပြီး သူရဲကောင်းတစ်ဦးရဲ့ အိမ်ပြန်လမ်းဟာ ပရိသတ်တွေကြောင့်

ကြီးကျယ်ခမ်းနားခဲ့ရပြီး ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့ရပါတယ်။

ဒ့ါအပြင် ဆီနီဂေါအသင်းဖော်တွေကလည်း မန်ဒီရောက်ရှိလာချိန်မှာတော့ လက်ခုပ်တီး ဂုဏ်ပြုကြိုဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီအော့ဖ်တို့ ခေတ်ကစပြီး ကစားသမားကောင်းတွေ ထွက်ပေါ်လေ့ရှိတဲ့ ဆီနီဂေါအသင်းအတွက် လီဗာပူးက မာနေးနဲ့ ချဲလ်ဆီးက မန်ဒီက နောက်ဆုံးပေါ် သူရဲကောင်းတွေဆိုရင်လည်း မမှားပါဘူး။

Zawgyi

တစ္ၿမိဳလုံး ထြက္ႀကိဳခဲ့ၾကတဲ့ သူရဲေကာင္းတစ္ေယာက္ရဲ႕ အိမ္အျပန္ခရီး

ခ်ဲလ္ဆီးကို စေရာက္တဲ့ ပထမဆုံးေဘာလုံးရာသီမွာပဲ ခ်န္ပီယံလိ၈္ဖလား ရရွိခဲ့ၿပီး ေအာင္ျမင္မႈရရွိခဲ့တဲ့ ဂိုးသမားမန္ဒီတစ္ယာက္ အမိေျမ ဆီနီေဂါ အိမ္အျပန္ခရီးမွာ သူရဲေကာင္းတစ္ေယာက္လို ႀကိဳဆိုခံခဲ့ရပါတယ္။

မန္ဒီဟာ လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးဖို႔ ဆီနီေဂါကို ျပန္လာခဲ့တာပါ။

သူျပန္ေရာက္လာတဲ့ အခ်ိန္မွာေတာ့ တစ္ၿမိဳ႕လုံးနီးပါးက လမ္းမေပၚထြက္ ႀကိဳဆိုခဲ့ၾကတာလည္း ျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မန္ဒီကို ျပင္သစ္လီဂူးကလပ္ ရန္းနက္စ္ကေန ေပါင္ ၂၂ သန္းနဲ႔ ခ်ဲလ္ဆီးက ေခၚယူခဲ့တာျဖစ္ၿပီး
ခ်ဲလ္ဆီးကစားသမားဘဝ ပထမဆုံးရာသီမွာပဲ ႀကီးမားတဲ့ေအာင္ျမင္မႈကို ရယူႏိုင္ခဲ့ကာ စပိန္ဂိုးသမား ကီပါကိုေက်ာ္ၿပီး ပထမဂိုးသမားေနရာကိုပါ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ ေပးဂိုးမရွိပြဲ Clean Sheet ၁၆ ပြဲအထိ ရယူႏိုင္ခဲ့ကာ ခ်န္ပီယံလိဂ္မွာလည္း ေပးဂိုးမရွိ ၉ ပြဲအထိ ပိုင္ဆိုင္ခဲ့ၿပီး စံခ်ိန္သစ္ေတြ တင္ႏိုင္ခဲ့တာပါ။

ကေလးငယ္ေတြ၊ လူငယ္ေတြဟာ မန္ဒီရဲ႕ ကားသြားရာေနာက္ကို ေျပးလႊားလိုက္ပါကာ ေအာ္ဟစ္အားေပးၿပီး လက္ေဝွ႔ယမ္းျပႏႈတ္ဆက္ခဲ့ၾကပါတယ္။

မန္ဒီရဲ႕ နာမည္ကိုလည္း ေအာ္ဟစ္ေခၚဆိုခဲ့ၿပီး မန္ဒီကလည္း ကားေပၚကေန လက္ျပႏႈတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ၿပီး သူရဲေကာင္းတစ္ဦးရဲ႕ အိမ္ျပန္လမ္းဟာ ပရိသတ္ေတြေၾကာင့္ ႀကီးက်ယ္ခမ္းနားခဲ့ရၿပီး ေပ်ာ္႐ႊင္စရာေတြနဲ႔ ျပည့္ႏွက္ေနခဲ့ရပါတယ္။

ဒ့ါအျပင္ ဆီနီေဂါအသင္းေဖာ္ေတြကလည္း မန္ဒီေရာက္ရွိလာခ်ိန္မွာေတာ့ လက္ခုပ္တီး ဂုဏ္ျပဳႀကိဳဆိုမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

ဒီေအာ့ဖ္တို႔ ေခတ္ကစၿပီး ကစားသမားေကာင္းေတြ ထြက္ေပၚေလ့ရွိတဲ့ ဆီနီေဂါအသင္းအတြက္ လီဗာပူးက မာေနးနဲ႔ ခ်ဲလ္ဆီးက မန္ဒီက ေနာက္ဆုံးေပၚ သူရဲေကာင္းေတြဆိုရင္လည္း မမွားပါဘူး။