ကွန်တီကို ခန့်ချင်ပေမဲ့ ပြောင်းရွှေ့ကြေးမပေးနိုင်လို့ လက်လျှော့ခဲ့ရတဲ့ စပါး

စပါးအသင်းဟာ နည်းပြသစ်ရာထူးအတွက် ကွန်တီနဲ့တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြောင်းရွှေ့ကြေးအသုံးစရိတ်နဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်ညှိနှိုင်းလို့ မရတဲ့အတွက် ကွန်တီကို နည်းပြသစ်ခန့်ဖို့ လက်လျှော့လိုက်ပြီဖြစ်ပါတယ်။

စပါးအသင်းဥက္ကဌလီဗိုင်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ကွန်တီနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်ဆွေးနွေးချိန်မှာ ကွန်တီရဲ့မြင့်မားတဲ့လစာငွေ၊ သူတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏတို့က လက်တွေ့မကျဘဲ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို ဆိုးရွားသွားစေနိုင်မယ်လို့ လီဗိုင်က ယူဆခဲ့ပါတယ်။

ကွန်တီဟာ သူ့ကိုနည်းပြသစ်ခန့်မယ်ဆိုရင် (၁)နှစ်လစာအဖြစ် ပေါင်(၁၅)သန်းပေးချေရမယ်လို့ တောင်းဆိုခဲ့သလို ဆုဖလားတွေရယူချင်တယ်ဆိုရင် ထိပ်တန်းအဆင့်ကစားသမားတွေ ထပ်ခေါ်ဖို့လိုအပ်တာကြောင့် အပြောင်းအရွှေ့အသုံးစရိတ်အဖြစ် ပေါင်သန်း(၁၀၀)ကျော်သုံးစွဲခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

လီဗိုင်အနေနဲ့ တစ်ချိန်က စပါးအသင်းနည်းပြတွေဖြစ်တဲ့ ရက်နက်ပ်၊ ပိုချက်တီနိုတို့တုန်းကလိုပဲ အခု နည်းပြသစ်ဟာလည်း အကယ်ဒမီက လူငယ်ခြေတက်ကစားသမားတွေကို အရောင်တင်ပေးပြီး အသင်းမှာနေရာပေးသွားဖို့ မျှော်လင့်ထားပေမယ့် ကွန်တီကတော့ စပါးအသင်းအကယ်ဒမီက လူငယ်တွေကို အသုံးပြုဖို့ ဆန္ဒမရှိပါဘူး။

ဒါပေမဲ့ ကွန်တီကို နည်းပြသစ်ခန့်ဖို့ စပါးအသင်း ညှိနှိုင်းမရတဲ့အဓိကအချက်တွေကတော့ ကွန်တီရဲ့လစာငွေပမာဏနဲ့ သူတောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေးဘတ်ဂျက်က အဓိကကျခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Sun က သုံးသပ်ခဲ့ပါတယ်။

စပါးအသင်းဟာ ကိုဗစ်ရောဂါဆိုးကြောင့် အသင်းဘဏ္ဍာရေးအပေါ် ထိခိုက်ဆုံးရှုံးမှုတွေရှိနေပြီး ပေါင်(၁)ဘီလီယံအထိ အကုန်အကျခံတည်ဆောက်ထားတဲ့ ကွင်းသစ်အတွက် ပေးစရာအကြွေးတွေရှိနေတဲ့အပြင် Lockdown ကာလတုန်းကလည်း အသင်းဘဏ္ဍာရေးတည်ငြိမ်အောင်လို့ ပေါင်သန်း(၁၅၀) ချေးငှားခဲ့ရပါသေးတယ်။

အဲဒါကြောင့် စပါးအသင်းအနေနဲ့ လက်ရှိဘဏ္ဍာရေးအခြေအနေအရ ကွန်တီတောင်းဆိုထားတဲ့အချက်တွေကို လိုက်လျောဖို့မဖြစ်နိုင်တာကြောင့် သူ့ကို နည်းပြသစ်ခန့်ဖို့ လက်လျှော့ခဲ့တာလည်းဖြစ်ပါတယ်။

ကွန်တီဟာ နည်းပြဘဝတစ်လျှောက်မှာ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ အင်တာမီလန်အသင်းတို့နဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့၂၀၂၀-၂၁ ရာသီမှာ အင်တာမီလန်နဲ့အတူ စီးရီးအေချန်ပီယံဖြစ်ခဲ့ပေမယ့်

ကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့အတွက် ဘတ်ဂျက်ငွေ တောင်းခံတဲ့ကိစ္စနဲ့ပတ်သက်လို့ အသင်းပိုင်ရှင်တွေနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် နည်းပြရာထူးက ရုတ်တရက်နုတ်ထွက်ခဲ့တာပဲဖြစ်ပါတယ်။

Zawgyi

ကြန္တီကို ခန္႔ခ်င္ေပမဲ့ ေျပာင္းေရႊ႕ေၾကးမေပးႏုိင္လို႔ လက္ေလွ်ာ့ခဲ့ရတဲ့ စပါး

စပါးအသင္းဟာ နည္းျပသစ္ရာထူးအတြက္ ကြန္တီနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးအသုံးစရိတ္နဲ႔ပတ္သက္ၿပီး ႏွစ္ဦးႏွစ္ဖက္ညႇိႏႈိင္းလို႔ မရတဲ့အတြက္ ကြန္တီကို နည္းျပသစ္ခန႔္ဖို႔ လက္ေလွ်ာ့လိုက္ၿပီျဖစ္ပါတယ္။

စပါးအသင္းဥကၠဌလီဗိုင္ဟာ ၿပီးခဲ့တဲ့တစ္ပတ္က ကြန္တီနဲ႔ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၿပီး ေနာက္ဆုံးအဆင့္ေဆြးေႏြးခ်ိန္မွာ ကြန္တီရဲ႕ျမင့္မားတဲ့လစာေငြ၊ သူေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးပမာဏတို႔က လက္ေတြ႕မက်ဘဲ အသင္းရဲ႕ဘ႑ာေရးအေျခအေနကို ဆိုး႐ြားသြားေစႏိုင္မယ္လို႔ လီဗိုင္က ယူဆခဲ့ပါတယ္။

ကြန္တီဟာ သူ႔ကိုနည္းျပသစ္ခန႔္မယ္ဆိုရင္ (၁)ႏွစ္လစာအျဖစ္ ေပါင္(၁၅)သန္းေပးေခ်ရမယ္လို႔ ေတာင္းဆိုခဲ့သလို ဆုဖလားေတြရယူခ်င္တယ္ဆိုရင္ ထိပ္တန္းအဆင့္ကစားသမားေတြ ထပ္ေခၚဖို႔လိုအပ္တာေၾကာင့္ အေျပာင္းအေ႐ႊ႕အသုံးစရိတ္အျဖစ္ ေပါင္သန္း(၁၀၀)ေက်ာ္သုံးစြဲခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။

လီဗိုင္အေနနဲ႔ တစ္ခ်ိန္က စပါးအသင္းနည္းျပေတြျဖစ္တဲ့ ရက္နက္ပ္၊ ပိုခ်က္တီႏိုတို႔တုန္းကလိုပဲ အခု နည္းျပသစ္ဟာလည္း အကယ္ဒမီက လူငယ္ေျခတက္ကစားသမားေတြကို အေရာင္တင္ေပးၿပီး အသင္းမွာေနရာေပးသြားဖို႔ ေမွ်ာ္လင့္ထားေပမယ့္ ကြန္တီကေတာ့ စပါးအသင္းအကယ္ဒမီက လူငယ္ေတြကို အသုံးျပဳဖို႔ ဆႏၵမရွိပါဘူး။

ဒါေပမဲ့ ကြန္တီကို နည္းျပသစ္ခန႔္ဖို႔ စပါးအသင္း ညႇိႏႈိင္းမရတဲ့အဓိကအခ်က္ေတြကေတာ့ ကြန္တီရဲ႕လစာေငြပမာဏနဲ႔ သူေတာင္းဆိုခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးဘတ္ဂ်က္က အဓိကက်ခဲ့တယ္လို႔ ၿဗိတိန္သတင္းစာ The Sun က သုံးသပ္ခဲ့ပါတယ္။

စပါးအသင္းဟာ ကိုဗစ္ေရာဂါဆိုးေၾကာင့္ အသင္းဘ႑ာေရးအေပၚ ထိခိုက္ဆုံးရႈံးမႈေတြရွိေနၿပီး ေပါင္(၁)ဘီလီယံအထိ အကုန္အက်ခံတည္ေဆာက္ထားတဲ့ ကြင္းသစ္အတြက္ ေပးစရာအေႂကြးေတြရွိေနတဲ့အျပင္ Lockdown ကာလတုန္းကလည္း အသင္းဘ႑ာေရးတည္ၿငိမ္ေအာင္လို႔ ေပါင္သန္း(၁၅၀) ေခ်းငွားခဲ့ရပါေသးတယ္။

အဲဒါေၾကာင့္ စပါးအသင္းအေနနဲ႔ လက္ရွိဘ႑ာေရးအေျခအေနအရ ကြန္တီေတာင္းဆိုထားတဲ့အခ်က္ေတြကို လိုက္ေလ်ာဖို႔မျဖစ္ႏိုင္တာေၾကာင့္ သူ႔ကို နည္းျပသစ္ခန႔္ဖို႔ လက္ေလွ်ာ့ခဲ့တာလည္းျဖစ္ပါတယ္။

ကြန္တီဟာ နည္းျပဘဝတစ္ေလွ်ာက္မွာ ဂ်ဴဗင္တပ္စ္၊ ခ်ယ္လ္ဆီး၊ အင္တာမီလန္အသင္းတို႔နဲ႔အတူ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့၂၀၂၀-၂၁ ရာသီမွာ အင္တာမီလန္နဲ႔အတူ စီးရီးေအခ်န္ပီယံျဖစ္ခဲ့ေပမယ့္

ကစားသမားသစ္ေခၚယူအားျဖည့္ဖို႔အတြက္ ဘတ္ဂ်က္ေငြ ေတာင္းခံတဲ့ကိစၥနဲ႔ပတ္သက္လို႔ အသင္းပိုင္ရွင္ေတြနဲ႔ အဆင္မေျပျဖစ္ခဲ့တာေၾကာင့္ နည္းျပရာထူးက ႐ုတ္တရက္ႏုတ္ထြက္ခဲ့တာပဲျဖစ္ပါတယ္။